NLD သတင်းစာသင်တန်းဖွင့်

E-mail Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကို သတင်းစာပညာနှင့် ပတ်သတ်သော သင်တန်းတရပ်ကို မေ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

suu_IMG_3377

အဆိုပါ သင်တန်းတွင် NLD အဖွဲ့ဝင် သင်တန်းသား ၄၀ ကို ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် သတင်းစာဆရာ ဦးအုန်းကြိုင်တို့က ဦးစီးသင်ကြားမည်  ဖြစ်ပြီး ဖျာပုံ နီလုံဦး၊ မုံရွာအောင်ရှင် စသည့် စာရေးဆရာများလည်း လာရောက် သင်ကြားပေးမည်ဟု သိရသည်။

သတင်းစာပညာသည် အရေးပါပြီး သတင်းစာပညာ လေ့လာခြင်းသည် လူ့အခွင့်အရေးရရှိရန် ကြိုးစားနေခြင်းပင် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာသင်တန်း ဖွင့်ပွဲတွင် ပြောသည်။

“ကျမတို့ရဲ့ မူတွေဟာ လူအခွင့်အရေးအတွက် မူတည်တယ်။ ဒီမိုကရေစီကို တန်ဖိုးထားတယ်၊ လူ့အခွင့်အရေးအတွက် လုပ်တာကို အမှန်တရားအတွက် လုပ်တယ်လို့ ကျမယုံကြည်တယ်။ ဒါကြောင့် ကျမက လူ့အခွင့်အရေးအတွက် လုပ်တဲ့ စာနယ်ဇင်း လောကက ပုဂ္ဂိုလ်တွေကို အရမ်းကျေးဇူးတင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းစာ သင်တန်း တက်ရောက်ရန်အတွက် ပြည်နယ်နှင့် တိုင်းတခုစီမှ NLD အဖွဲ့ဝင် ၃ ဦးစီအား ဖိတ်ကြားခဲ့ကြောင်း သိရသည်။

“လူငယ်အားလုံး သတင်းစာ ဆရာတွေဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ မီဒီယာလောကကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ သိဖို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဝေးလံသော ဒေသများမှ NLD အဖွဲ့ဝင်များလည်း သတင်း အချက်အလက်ကို သိရန်၊ နားလည်စေရန်အတွက် ယင်း သတင်းစာသင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကျမတို့က ချောင်ပိတ်မိနေတဲ့ကြွက်လိုပဲ။ ဘာမှကို မသိ နားမလည်၊ ဖွံ့ဖြိုးမှုလည်းမရှိဘူး။ ပြီးတော့ ကိုယ့်နေရာမှာ ဘယ်လိုဆက်သွယ်ပြီး ပြန်ကြားရမလဲ ဆိုတာမသိဘူး” ဟု မန္တလေးတိုင်း မှ NLD လူငယ်တာဝန်ခံ ၂ မသန္တာစိုးက
ပြောသည်။

NLD သတင်းစာသင်တန်းတွင် သတင်းရေးသားနည်း၊ သတင်းစာကျင့်ဝတ်၊ နိုင်ငံရေးသမား ကျင့်ဝတ်၊ စာပေလွတ်လပ်ခွင့်၊ အယ်ဒီတာနှင့် မဂ္ဂဇင်းများအကြောင်း၊ citizen journalist များ အကြောင်းနှင့် တခြားသော သတင်းစာ ပညာနှင့် ပတ်သက်သည့် အကြောင်းအရာများကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

NLD အဖွဲ့ချုပ်ရုံးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း၌ အင်္ဂလိပ်စာ သင်တန်းနှင့် ကွန်ပျူတာ သင်တန်းများ ဖွင့်လှစ်ပေးထားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်