စာပေအမျိုးအစား ၅ မျိုးသာ ထုတ်တင်စနစ်ဖြင့် ခွင့်ပြု

E-mail Print
လာမည် ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ အားကစား၊ နည်းပညာ၊ ကျန်းမာရေး၊ အနုပညာနှင့် ကလေးစာပေ စသော စာပေ အမျိုးအစား ၅ မျိုးကို စာပေစိစစ်ရေးသို့ တင်စရာမလိုဘဲ (ထုတ်တင်စနစ်ဖြင့်) ထုတ်ဝေခွင့် ပြုတော့မည် ဖြစ်သည်။

journalist-mmယနေ့ နေ့လယ် ၁ နာရီက မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် ကျင်းပသော စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲ အစည်းအဝေး၌ တာဝန်ရှိသူများက အထက်ပါအတိုင်း ခွင့်ပြုလိုက်ဖြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ခွင့်ပြုမယ်လို့ ပြောထားတာ ၆ မျိုး။ အခု တမျိုးလျှော့လိုက်တယ်။ ဂမ္ဘီရစာပေ မပါတော့ဘူး။ နောက်ပြီး အနုပညာထဲမှာလည်း စာပေတို့၊ ကဗျာတို့မပါဘူး။ ရုပ်ရှင်၊ ဂီတ၊ သဘင် သတင်းတွေကို ပြောတာ” ဟု အစည်းအဝေး သွားတက် ခဲ့သူ စာနယ်ဇင်း သမား တဦးက ပြောသည်

ထုတ်တင် စနစ်ဖြင့် ထုတ်ဝေခွင့် ပြုသောစာပေ အမျိုးအစားများကို အုပ်စု ၁ ဟုသတ်မှတ်ထားပြီး ၎င်းစာအုပ်များကို ပြန်လည် စိစစ်ရန်အတွက် “စိစစ်သုံးသပ်ရေး အဖွဲ့” ဟူ၍ ဖွဲ့ထားမည်ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် စာပေစိစစ်ရေးမှ တာဝန်ရှိသူများ အပြင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများလည်း ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး၊ ဂျာနယ်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ၊ Yangon Media Group ၏ စီအီးအို ကိုကို (စက်မှုတက္ကသိုလ်) က ယခု ခွင့်ပြုလိုက်သည့် စာပေအမျိုးအစား ၅ မျိုးတွင် ပြဿနာနည်းပါက မကြာမီ သတင်းဂျာနယ်များလည်း ထုတ်တင်ခွင့် ရလာလိမ့်မည်ဟု ဧရာဝတီကို ပြောသည်။

ထုတ်တင်စနစ်ဖြင့် ထုတ်ဝေခွင့်ရသော စာအုပ်ထုတ်ဝေသူများ အနေဖြင့် စာပေစိစစ်ရေး သတ်မှတ်ချက် ၁၂ ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ စာနယ်ဇင်းသမားက ပြောသည်။

“အဲဒီ ၁၂ ချက်ထဲမှာ အဓိက အချက်ကတော့ ဒို့တာဝန် အရေး ၃ ပါးကို လိုက်နာရမယ်၊ နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြား စေမှုကို ရှောင်ကျဉ်ရမယ်၊ ညစ်ညမ်း ဓာတ်ပုံ၊ စာပေတွေ မထည့်ရဘူး၊ ဆူပူလှုံ့ဆော်ရေးအတွက် နှပ်ကြောင်းပေးတဲ့ အရေးအသားမျိုးတွေ မပါရဘူး ဆိုတာတွေပါပဲ” ဟု သူက ဆိုသည်။

၎င်းအချက်များကို ပထမအကြိမ် လိုက်နာခြင်းမရှိပါက အုပ်စု ၁ အတွင်းမှ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် ထုတ်ဝေသူများသည် ကျပ် သိန်း ၅၀ စိစစ်ရေးသို့ တင်ရမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ်ဖောက်ဖျက်ပါက ထို သိန်း ၅၀ ထဲမှ ငွေပမာဏ တခုကို ဖြတ်ယူမည် ဖြစ်ကြောင်း၊ ထို ဖြတ်ယူထားသော ငွေပမာဏကို ထုတ်ဝေသူက သိန်း ၅၀ ပြည့်ရန် ပြန်ဖြည့်နိုင်မှသာ စာအုပ်ကို ဆက်လက် ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သော အရေးယူမှုကို အုပ်ချုပ်မှုအရ အရေးယူမှုဟု အမည်တပ်ထားပြီး ဥပဒေရေးရာအရ တရားစွဲဆိုမှု ခံရလျှင်လည်း ထုတ်ဝေသူက တရားရင်ဆိုင်ရမည် ဖြစ်သည်။

“သတင်းဂျာနယ် အပါအဝင် ကျန်တဲ့ မှုခင်းတို့၊ နိုင်ငံရေး၊ ဝတ္ထု အဲဒီစာပေတွေကတော့ အရင် စနစ်ဟောင်း အတိုင်းပဲ။ ဘာမှ ပြောင်းလဲမှု မရှိပါဘူး” ဟု စာပေ စိစစ်ရေးက ပြုလုပ်သည့် အစည်းအဝေးကို တက်ရောက်ခဲ့သူ စာနယ်ဇင်းသမားက ပြောသည်။

စာပေစိစစ်ရေး၏ မူဝါဒ အပြောင်းအလဲဟု အမည် တပ်ထားသော်လည်း ယခင်အတိုင်းပင်ဖြစ်ကြောင်း၊ သတင်းဂျာနယ် သမားများ အနေဖြင့် မည်သည့် တိုးတက်သည့်အပြောင်းအလဲကိုမှ မမြင်ရကြောင်း သူက ဆိုသည်။

“ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် ပေးဖို့ဆိုတာကတော့ အဝေးကြီးမှာပါ။ ဒီပုံအတိုင်းဆို ဘာ စာပေလွတ်လပ်ခွင့်မှ မရှိသေးပါဘူး။ စာပေစိစစ်ရေးရဲ့ သဘောထားက အရင်အတိုင်းပဲ။ လျှော့လိုက်တင်းလိုက်၊ နည်းနည်း လွှတ်ပေးသလို လုပ်လိုက်၊ ပြန်ချုပ်လိုက် ဘာမှ မထူးပါဘူး” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် သည် မေလ ၂ ရက်နေ့ က ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် သတင်းလွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံပါဝင်ကြောင်း ဖော်ပြထားပြီး ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာလွတ်လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုထားသည်။

အချိန် ၂ နာရီခန့်အကြာ ကျင်းပသည့် စာပေစိစစ်ရေးမူဝါဒ အပြောင်းအလဲ အစည်းအဝေးသို့ ထုတ်ဝေသူများ၊ အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးဆရာ၊ ကဗျာဆရာများ စုစုပေါင်း လူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်