ဝက်နားရွက်ပြာရောဂါ ရန်ကုန်သို့ ကူးစက်

E-mail Print
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ၀က်ခြံများတွင် ၀က်နားရွက်ပြာရောဂါ စတင်ကူးစက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုလိုက်သည်။

Blue-Pig2
“ရန်ကုန်တိုင်းထဲကို ကူးစက်ခံလိုက်ရပြီဖြစ်တဲ့အတွက် ရန်ကုန်ကို ၀က်နားရွက်ပြာရောဂါ ရောက်လာပြီလို့ ပြောလို့ရပါပြီ။ မွေး/ကု ဦးစီးဌာနအနေနဲ့ လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ရောဂါကို ထိန်းချုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ လှည်းကူးမြို့နယ်ထဲက ၀က်သားတွေကို အပြင်မြို့နယ်တွေဆီ ထွက်မလာဖို့ ညွှန်ကြားချက်ထုတ်ပြီး တားဆီးထားတယ်” ဟု ၎င်းက ပြောသည်။

လှည်းကူးမြို့နယ်ရှိ ၀က်မွေးမြူရေးခြံများတွင် နေ့စဉ်နီးပါး ၀က်သေဆုံးမှုများ ရှိနေသည်ဟု သတင်းရရှိသည့်အတွက် သက်ဆိုင်ရာက သွားရောက်စစ်ဆေးရာမှ ဤသို့ရောဂါ ဖြစ်ပွားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ အင်းစိန်မြို့နယ်ရှိ မွေး/ကု ဦးစီးဌာနမှ အရာရှိများပါဝင်သော ရောဂါကုသရေးနှင့် တားဆီးနှိမ်နင်းရေးအဖွဲ့ သွားရောက်နေပြီဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်အတွင်းတွင် နိုင်ငံအဆင့် ရောဂါတိုက်ဖျက်ရေးစီမံချက်ဖြင့် ၀က်သားတင်သွင်းခြင်း၊ တင်ပို့ခြင်းများကို လုံးဝ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တတိုင်းလုံးတွင်မူ ၀က်သားရောင်းချမှုများ ပိတ်ပင်မှု ပြုလုပ်ဦးမည်မဟုတ်ကြောင်းလည်း မွေး/ကု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ဝက်နားရွက်ပြာရောဂါသည် မန္တလေးတိုင်းတွင် ပထဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ခြောက်ရာကျော် သေဆုံးခဲ့ကြောင်း၊ ဧပြီလတွင် နေပြည်တော်နှင့် ဇွန်လတွင် ရန်ကုန်တိုင်းတို့၌ ဝက်နားရွက်ပြာ ရောဂါ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်းက ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဘက်သို့ ဝက်သယ်ယူပို့ဆောင်မှုကို ပိတ်ပင်ခဲ့သေးကြောင်း၊ မေလထဲတွင်ပင် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံတို့တွင် ဝက်များ ရုတ်တရက် ဖျားနာသေဆုံးမှု ရှိသော်လည်း ဝက်နာရွက်ပြာရောဂါဟု အမည်မတပ်နိုင်ခဲ့ကြောင်း Eleven Media Group သတင်းများတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ဈေးများတွင် ဝက်သားရောင်းချမှုများ ပိတ်ပင်မှု မပြုလုပ်သေးသော်လည်း ၀က်နားရွက်ပြာကြောင့် သေဆုံးသောဝက်များ၏ အသားများကို မရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ စိစစ်မှု အားနည်းနေကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

“လာရောင်းတဲ့ဝက်သားက ဘယ်က ဘယ်လိုရလာတဲ့ ၀က်သားမှန်း ဘယ်လိုလုပ် စိစစ်မလဲ။ တချို့ဈေးသည်တွေက မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးလောက်ကနေ လာပြီး ရန်ကုန်မှာ ဈေးရောင်းကြတာ။ သူတို့က သူတို့နည်းသူတို့ဟန်နဲ့ ပေါ်ထားတဲ့ ၀က်သားကို ရောင်းကြတာမျိုးတွေ။ စိစစ်မှုကတော့ အားနည်းပါတယ်။ အစိုးရသတင်းစာထဲမှာ ရေးထားတာက လူကိုကူးနိုင်တယ်လို့ ရေးထားတော့ လူတွေက ကြောက်နေကြတယ်” ဟု တိုက်ကြီးမြို့နယ်မှ မွေးမြူရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန်မြို့တွင် ယခင်က ဝက်သားပေါက်ဈေးမှာ တပိဿာလျှင် ၆၀၀၀ ကျပ်ဖြစ်သော်လည်း ယခုအခါ ကျပ် ၃၅၀၀ သာ ဈေးရှိတော့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ၀က်နားရွက်ပြာရောဂါသည် အပျော့စား ၀က်နားရွက်ပြာရောဂါဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝက်ကောင်ရေ ၉.၂ သန်း မွေးမြူထားပြီး မကွေးတိုင်းတွင် မွေးမြူမှု အများဆုံးဖြစ်ကြောင်း မေလ ၂၂ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်