ဝန်ထမ်းပင်စင်နှင့် နိုင်ငံရေး ပင်စင် လစာများ တိုးမည်

E-mail Print
အစိုးရက အငြိမ်းစား ၀န်ထမ်းများ စားဝတ်နေရေး သက်သာမှုရှိစေရန် လက်ရှိ ခံစားနေရသည့် ပင်စင်လစာကို လာမည့် ဇူလိုင် လမှ စတင်ပြီး တိုးမြှင့်ပေးမည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ပင်စင်လစာ တိုးမြှင့်ရန် ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ ခဲ့ခြင်း ဖြစ်ပြီး၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ရက်နေ့မတိုင်မီ အငြိမ်းစားယူခဲ့သည့် ပင်စင်စားများအားလုံး အကျူံးဝင်ကြောင်း၊ တိုးမြှင့် မှုနှုန်းထားမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင်ခံစားခွင့်အတိုင်း ဖြစ်ကြောင်း  ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

thein_seinpressrelese400ပညာရေး၊ ကျန်းမာရေးစသည့် မြို့ပြ၀န်ထမ်းများ၏ ပင်စင်လစာများကိုသာမက၂၀၀၆ ခုနှစ် ဧပြီလ ၁ရက်နေ့မတိုင်မီက နိုင်ငံရေး တာဝန်များကို ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သည့် နိုင်ငံရေးပင်စင်စားများကိုလည်း၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ပြဋ္ဌာန်းခဲ့သည့် ၁၈၄/၂၀၀၉ အရ မြို့ပြ၀န်ထမ်းများ၏ ပင်စင်လစာအတိုင်း ညှိနှိုင်းကာ ခံစားခွင့်ရရှိမည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်။ လက်ရှိ ရရှိနေသော နိုင်ငံရေး ပင်စင်လစာသည် ကျပ် ၁၁၀၀၀၀ ထက်ပိုများနေပါက လက်ရှိအတိုင်းသာ ခံစားသွား ရန် ဖြစ်သည်ဟုလည်း ပါရှိသည်။

နိုင်ငံရေးပင်စင်ဆိုသည်မှာ သမ္မတဟောင်း ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် အုပ်ချုပ်ရေးပိုင်းတွင် ပါဝင် သည့် ၀န်ကြီး၊ ဒုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များမှအစ ခရိုင်၊ မြို့နယ်များ ပါတီ၊ ကောင်စီဝင်များ အငြိမ်းစားယူသည့် အခါ ရရှိသည့် ပင်စာလစာဖြစ်ပြီး ဖဆပလ အစိုးရ လက်ထက်က အုပ်ချုပ်ရေးပိုင်းတွင်ပါဝင်သည့် နိုင်ငံရေး သမားဟောင်းကြီးများကိုပါ ထည့်သွင်း ခံစားခွင့်ပြုသည်။

အငြိမ်းစား သံအမတ်ကြီး သခင်ချန်ထွန်းက “ကုန်ဈေးနှုန်းတွေ ကြီးလာ၊ သားထောက်သမီးခံကမရှိ ပင်စင်လစာတခုနဲ့ ဆင်းဆင်းရဲ ရဲ ဖြစ်နေတဲ့ ပင်စင်စား လူအိုကြီးတွေ အတွက် ကောင်းတယ်”ဟု သုံးသပ်ပြောဆိုသည်။ သခင်ချန်ထွန်း၏ အငြိမ်းစား လစာငွေမှာ တလ ကျပ် ၅၄၀ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်ပြီးနောက် အငြိမ်းစားဝန်ထမ်းများ အတွက် ပထမဦးဆုံး စတင်ပြီး ပင်စင်လစာများကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။

လွန်ခဲ့သော မတ်လ ၃၁ ရက်က ကျင်းပသည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ ပြောကြားသော မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က“နိုင်ငံ့ ၀န်ထမ်းများရဲ့လစာနဲ့ ပင်စင်လစာတို့ကိုလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ နိုင်ငံတော် အတွင်း လှည့်လည် သုံးစွဲနေသော ငွေကြေး အခြေအနေ၊ ငွေကြေး ဖောင်းပွမှုနှုန်း နှင့် ကုန်ဈေးနှုန်း အခြေအနေ၊ တမျိုးသားလုံး၏ အသားတင် ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးတို့ကို ထည့်သွင်းစဉ်းစားပြီး သင့်လျော်သော အချိန်ကာလတွင် တိုးမြှင့်ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း”ဟု ထည့်သွင်း ပြောကြားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်