သံအရာရှိများ ခိုလှုံခြင်းနှင့် ဂျွန်မက်ကိန်းခရီးစဉ် အဆက်အစပ် ရှိသလား

E-mail Print

မြန်မာအဆင့်မြင့် သံအရာရှိနှစ်ဦး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ရခြင်းမှာ အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ်နှင့်ပတ်သက်နေသည်ဟု နေပြည်တော်ရှိ အစိုးရအသိုင်းအ၀န်းက ပြောဆိုကြသည်။

McCain420အမေရိကန် ဝါရှင်တန်အခြေစိုက် မြန်မာသံရုံးမှ သံအရာရှိ နှစ်ဦးဖြစ်သည့် ဒုတိယ သံရုံးတာဝန်ခံ ဦးကျော်ဝင်းနှင့် သံရုံး ပထမ အတွင်းဝန် ဦးစိုးအောင်သည် အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်စေရေးအတွက် တာဝန်ယူ လုပ်ဆောင်ရသူများ ဖြစ်သည်။

ပြီးခဲ့သည့်လက နေပြည်တော်သို့ သွားရောက်ခဲ့သည့် မစ္စတာ ဂျွန်မက်ကိန်း၏ ခရီးစဉ်မတိုင်မီ နှစ်ဘက်ကြိုတင် ဆွေးနွေးပွဲများ၌လည်း သံရုံးတာဝန်ခံ ဒု ဗိုလ်မှူးကြီး စိုးပိုင်မှာ အင်္ဂလိပ်စကားပြော အားနည်းသည့်အတွက် ဦးကျော်ဝင်းက ဦးဆောင် ဆွေးနွေးရကြောင်း နေပြည်တော်ရှိ  နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“ခရီးစဉ်မှာ တချို့အချက်တွေကို မြန်မာအစိုးရက သဘောမတူဘူး။ အင်တင်တင်ဖြစ်နေတာတွေကို ဦးကျော်ဝင်းက ပြေလည်အောင်လုပ် ပေးရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောဆိုကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသော်လည်း ဂျွန်မက်ကိန်းကမူ သတင်းစာရှင်းလင်းပွဲ၌ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် လူထုအုံကြွမှုများကဲ့သို့ မြန်မာနိုင်ငံ၌ မဖြစ်ပွားစေရန် ၀ိုင်းဝန်းတားဆီးရမည်ဟု ပြောဆိုခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိကန် ကိုယ်စားလှယ်များက  မြန်မာအစိုးရနှင့် ပတ်သက်၍ ၎င်းတို့အမြင်ကို ပွင်လင်းစွာ ပြောဆိုခဲ့ပြီး သီဟသူရ ဦးတင်အောင်မြင့်ဦးကိုလည်း ဒေါသကြီးသူ တယောက်ဟု မှတ်ချက်ချပြောဆိုခဲ့သည်။ ထိုကြောင့် နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ မျှော်လင့်သကဲ့သို့ ဖြစ်မလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိက ပြောဆိုသည်။

နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူ ဦးကျော်ဝင်းမှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ထံသို့ ပေးပို့သည့်စာတွင် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်နိုင်ရန် အကြံပြုစာများကို မြန်မာအစိုးရထံ ပေးပို့ခဲ့သော်လည်း အမြဲပယ်ချခံရကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် ၎င်းတွင် အန္တရာယ်တစုံတရာ ကြုံလာနိုင်ကြောင်းလည်း ရေးသားထားသည်။

ဦးကျော်ဝင်း နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်းနှင့် ဆက်စပ်ပြီး ဦးစိုးအောင်ကို စုံစမ်းစစ်ဆေးရေးအတွက် နေပြည်တော်သို့ ၂၄ နာရီအတွင်း ပြန်လာရန် မြန်မာအစိုးရက ဆင့်ခေါ်ခဲ့သောကြောင့် ဦးစိုးအောင်လည်း နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။

အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက မြန်မာအစိုးရ၏ နိုင်ငံတကာ ဆက်ဆံရေး တိုးချဲ့မှုတွင် ယခုနိုင်ငံရေး ခိုလှုံခွင့် တောင်ခံခဲ့သည့် ဒု သံရုံးတာဝန်ခံ ဦးကျော်ဝင်းသည် အဓိက တာဝန်ရှိသူတဦးဖြစ်ကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသည့် ဒီမိုကရေစီ လှုပ်ရှားသူမျုားနှင့်လည်း ဆက်ဆံရာတွင် ပျော့ပြောင်းမှုရှိကြောင်း ပြောသည်။

မစ္စတာ ဂျွန်မက်ကိန်းသည် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအ၀င် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌ မစ္စတာ ဂျွန်မက်ကိန်းက မြန်မာဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောဆိုခဲ့ပြီး ဦးကျော်သူ ဦးဆောင်လုပ်ကိုင်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မဖြူဖြူသင်း၏ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်