ကျောက်ဖြူမြေကွက် ဗိုလ်ချုပ်များ အပိုင်စီး

E-mail Print
တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မြေနေရာတချို့ကို စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ဒေ၀ူးကုမ္ပဏီသို့ ရောင်းချနေကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ ဂုံးချိန်ကျေးရွာ သမ၀ါယမပိုင် မြေကွက်လည်း ထိုသို့ ရောင်းချခံရသဖြင့် ဒေသခံများက တရားစွဲရန် ပြင်ဆင်နေကြောင်း ပြည်ပ အခြေစိုက် နိရဉ္စရာ သတင်းဌာန၏ သတင်းတပုဒ်တွင်လည်း  သောကြာနေ့က ရေးသားထားသည်။

ကျောက်ဖြူမြို့ခံတဦးက “ဒေ၀ူးကုမ္ပဏီကို ကျပ် သိန်းတထောင်နဲ့ ရောင်းစားလိုက်ပါတယ်၊ နောက် ထပ်မြေဧက ရာချီပြီးတော့ သိမ်းယူထားတာ ရှိပါသေးတယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးမောင်ဦးသည် ထိုဒေသတွင် စစ်တိုင်းမှူးအဖြစ် ၂၀၀၂ ခုနှစ်က ၃ နှစ်ကြာ တာဝန် ထမ်းဆောင်စဉ်က  ဂုံးချိန်ကျေးရွာ သမ၀ါယမ မြေကွက်ကို ၎င်း၏ဇနီး ဖြစ်သူ ဒေါက်တာဒေါ်ညွန့်ညွန့်ဦး ပိုင်ဆိုင်သည့် အနေအထားရောက်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်  ဒေ၀ူးသို့ ရောင်းလိုက်ကြောင်း ကျောက်ဖြူမြို့ခံ တဦးက ဆိုသည်။

ဦးမောင်ဦးသည် ယခင် နအဖအစိုးရ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်သည်။

ရခိုင်ဒေသတွင် တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်သောင်းအေး၊  ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့လည်း စီမံကိန်းတွင် ပါဝင်နေသည့် လယ်မြေ၊ နွားစားကျက် ဧက ရာပေါင်းများစွာကို ဦးမောင်ဦး နည်းတူ သိမ်းယူ ရောင်းချခဲ့ကြောင်း သိရသည်။

ဤအတောအတွင်း စစ်တပ်အာဏာပိုင်တို့သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဒေသ၊ ဂက်စ်ပိုက်လိုင်းလမ်းကြောင်းတလျှောက် နှင့်  ကျောက်ဖြူမြို့မင်းပြင်ရွာ အနီး လယ်မြေများကို သိမ်းယူနေဆဲဖြစ်သည်ဟု သတင်းရကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“မင်းပြင်ရွာ အနီးမှာ တည်ဆောက်မယ့် ဟိုတယ်စီမံကိန်းနဲ့ စက်မှုဇုံတွေ တည်ဆောက်မယ့် နေရာ တ၀ိုက်မှာလည်းပဲ စစ်တပ်က သိမ်းယူနေတယ်လို့ သိရပါတယ်၊ ကျနော်တို့ဆီကို ဒေသခံတွေက တိုင်ထားတဲ့ အချက်အလက်တွေ ခိုင်မာရင် ဥပဒေအရ ဆောင်ရွက်ပေးနိုင်အောင် လုပ်သွားဖို့ ရှိတယ်” ဟု သူက ရှင်းပြသည်။

ကျောက်ဖြူ၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်း တို့ကို တရုတ်နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ တခု ဖြစ်သော တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြသည်။

ရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။

ဓာတ်ငွေ့ စတင် ပို့လွှတ်မည့် ကျောက်ဖြူတွင် ပိုက်လိုင်းတည်ဆောက်ရေး စတင်နေပြီ ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်