ဂျပန်သတင်းဌာန၏ဆု မြန်မာသတင်းထောက်ရရှိ

E-mail Print
သတင်းရယူစဉ် ဖမ်းဆီးခံသည့် မြန်မာ လူငယ် သတင်းထောက် မအိမ့်ခိုင်ဦးအား ဂျပန်နိုင်ငံအခြေစိုက် APF သတင်းဌာနက ဆု ချီးမြှင့်မည်ဟု သိရသည်။
APF သတင်းဌာနက၂၀၀၇ခုနှစ် ရန်ကုန်မြို့ ရဟန်းသံဃာများ၏ ဆန္ဒပြပွဲတွင် ဓာတ်ပုံရိုက်နေစဉ် သေနတ်ကျည်ဆံ ထိပြီး သေဆုံးခဲ့သည့် ၎င်းတို့၏ သတင်းထောက် မစ္စတာ ကန်ဂျီးနာဂအိ (Kanji Nagai)ကို ဂုဏ်ပြုသော အားဖြင့် အဆိုပါဆုကို စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆုရရှိသူ မအိမ့်ခိုင်ဦးသည် ရန်ကုန်မြို့တွင် အပတ်စဉ် ထုတ်ဝေသော အီကိုဗွီးရှင်း (Eco Vision) ဂျာနယ်၏ သတင်းထောက်တဦး ဖြစ်ပြီး နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများနှင့် ပတ်သက်သည့် သတင်းလိုက်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် APF သတင်းဌာနက နှစ်စဉ် ချီးမြှင့်မည့် အဆိုပါ ခန်းဂျိနာဂအိ ဆုကို ပထမဦးဆုံး ရရှိသူဖြစ်သည်။

အဆိုပါဆုကို ယခုလအတွင်း ပြုလုပ်မည့် မြန်မာသတင်းသမဂ္ဂ (BMA)၏ ညီလာခံတွင် ချီးမြှင့်မည်ဟု BMAအဖွဲ့၏ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မြန်မာနိုင်ငံမှာ သေဆုံးသွားရှာတဲ့ ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက်ကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုပေးဖို့ စီစဉ်တာဖြစ်ပါတယ်။ သူ့(မအိမ့်ခိုင်ဦး) ကိုယ်စား တစုံတယောက်က လက်ခံရယူမှာဖြစ်တယ်။ ငွေသားဆု အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀၀ ပေးမှာ ဖြစ်ပါတယ်” ဟု ဦးစံမိုးဝေက ဧရာဝတီ ကို ပြောပြသည်။

 

မအိမ့်ခိုင်ဦးအား ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလက ပြုလုပ်သည့် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲ တခုတွင် Eco Vision ဂျာနယ် အယ်ဒီတာက မအိမ့်ခိုင်ဦး ထိန်းသိမ်းခံရသည်မှာ ၃လခန့်ရှိပြီ ဖြစ်သောကြောင့် အခြေအနေ သိလိုကြောင်း မေးခွန်း ထုတ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက စစ်ဆေးဆဲဖြစ်သည် ဟုသာ ဖြေကြားခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အာဏာပိုင်တို့က မအိမ့်ခိုင်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ ယခုအခါ အင်းစိန်အကျဉ်းထောင်တွင် ရောက်ရှိနေသည်ဟု သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်