ရိုဟင်ဂျာအရေး အာဆီယံတွင် ဆွေးနွေးမည်

E-mail Print
လှေစီး ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ရှေ့တပတ်တွင် ပြုလုပ်မည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၏ ညီလာခံ ကာလတွင် ဆွေးနွေးမည်ဟု အာဆီယံ ထိပ်တန်း ခေါင်းဆောင်တဦးက အတည်ပြု ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အာဆီယံ၏ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်က “အစည်းအဝေး အစီအစဉ်ထဲမှာတော့ ရိုဟင်ဂျာတွေအကြောင်းက ပါမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီအကြောင်းအရာကို ကျနော်တို့က အလွတ်သဘော ဆွေးနွေးကြတဲ့နေရာမှာဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခေါင်းဆောင် နှစ်ဦးချင်းစီ တွေ့ကြတဲ့ အခါမှာပဲဖြစ်ဖြစ် ထည့်ပြီးတော့ ဆွေးနွေးရမှာ ဖြစ်တယ်”ဟု ပြောလိုက်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဟာဆန်ဝီရာမုဒ  ကလည်း ထိုင်းနှင့် အင်ဒိုနီးရှား ၂ နိုင်ငံသည် အာဆီယံ ထိပ်သီးညီလာခံတွင် ရိုဟင်ဂျာ အရေး ဆွေးနွေးရန် သဘောတူထားသည်ဟု  ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့ဖူးသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်း နှင့် တွေ့ဆုံအပြီးတွင် ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်။

အာဆီယံ ထိပ်သီး ညီလာခံသည် ဒေသတွင်း လူကုန်ကူးမှု နှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးအတွက် ဆွေးနွေး ညှိနှိုင်းရန် ရည်ရွယ်ထားသည် ဖြစ်ရာ ရိုဟင်ဂျာအရေးကိုလည်း ထည့်သွင်း ပြောကြားရန် အင်ဒိုနီးရှား၏ ကမ်းလှမ်းချက်ကို ထိုင်းနိုင်ငံက လက်ခံပြီးဖြစ်သည်ဟု ဆိုသည်။

The Nation သတင်းစာနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က အာဆီယံအနေဖြင့် လူ့အခွင့်အရေး အကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ကို ရှောင်ရှား၍ မရကြောင်း၊ သို့သော်လည်း “မည်သည့်နိုင်ငံကိုမျှ ရှုတ်ချသည့်ပုံစံဖြင့် ဆွေးနွေးမည် မဟုတ်ကြောင်း” ရှင်းပြသည်။

မစ္စတာ ဆူရင် ပစ်ဆူဝမ်က “လူ့အခွင့်အရေး ဆိုတာ ခက်ခဲတဲ့ အကြောင်းအရာပါ၊ ဒီအကြောင်းအရာကို ရှောင်လို့တော့ မရဘူးနော်” ဟု ဆိုသည်။ မစ္စတာ ဆူရင်သည် အာဆီယံအသင်းကြီး လူ့အခွင့်အရေးပဋိညာဉ် ပေါ်ထွန်းရေးအတွက် ဦးဆောင် ကြိုးပမ်းခဲ့သူတဦးဖြစ်သည်။

အဖွဲ့ဝင် ၁ဝ နိုင်ငံ ဖြင့် ဖွဲ့စည်းထားသော အာဆီယံ ဒေသတွင်း ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ပင်လယ် ဆိပ်ကမ်းမြို့တခုဖြစ်သည့် ချအမ်းတွင် တွေ့ဆုံ စည်းဝေးကြမည်ဖြစ်သည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးနှင့် ပတ်သက်ပြီး ပြောဆိုလေ့ မရှိပေ။ သို့သော်လည်း ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရဟန်းသံဃာများ ဦးဆောင်သည့ှ်ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းနည်းဖြင့် ဖြေရှင်းသည့်အခါ အာဆီယံအသင်းက  သွေးချောင်းစီးမှုများ အတွက် ဆန့်ကျင် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မောင်းပြန် သေနတ်များ အသုံးပြုပြီး ချေမှုန်းသည့်အတွက် ဆန္ဒပြသူများ ရာနှင့်ချီ၍ ထိခိုက်ခဲ့သည်ဟူသော သတင်းများကြောင့် တုန်လှုပ်မိပါကြောင်း အာဆီယံ၏ ထုတ်ပြန်ချက်တခုတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး ၉ ဦးက ရေးသားဖော်ပြထားသည်။

ဤအတောအတွင်း ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Anupong Paochinda သည် မြန်မာပြည်သို့ ၂ ရက်ကြာခရီး သွားရောက်ခဲ့သည်။ မြန်မာ စစ်ခေါင်းဆောင်များနှင့် ရိုဟင်ဂျာအရေး ဆွေးနွေးရန် သင့်မသင့် မဆုံးဖြတ်ရသေးဟု ဆိုသည်။

ဗိုလ်ချုပ် Anupong နှင့် ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက လက်ခံ ကြိုဆိုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်