မြန်မာငွေဈေးတက် တရုတ်နယ်စပ် ကုန်သွယ်ရေးကိုထိခိုက်

E-mail Print
မြန်မာငွေတန်ဖိုး မြင့်တက်နေမှုကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကျဆင်းနေသည်မှာ တလနီးပါး ရှိနေပြီဖြစ်ကြောင်း ကုန်သည် စီးပွားရေးသမားများက ပြောသည်။

၂၀၀၈ ခု နှစ်ကုန်ပိုင်းက တရုတ်ငွေ တယွမ်လျှင် မြန်မာငွေ ၁၇၆ ကျပ် ရှိနေရာမှ ယခု ၁၄၆ ကျပ် အထိ မြင့်တက် နေပြီး အရောင်းအ၀ယ် ကျဆင်းနေကြောင်း သိရသည်။

“တရုတ်နှစ်သစ်ကူးကာလကနေစပြီး သိသိသာသာ မြန်မာငွေတက်သွားလိုက်တာ၊ အဲဒီ မြန်မာငွေတက်သွားတဲ့ အပေါ်မှာ မတည်ငြိမ်တော့ အရောင်းအ၀ယ် မလုပ်ရဲကြတာ”ဟု ရွှေလီမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တဦး ကပြော သည်။

မြန်မာကျပ်ငွေမှာ ပြီးခဲ့သည့် အပတ်အတွင်းက တရုတ်ယွမ်ငွေထက်၂၀ ရာခိုင်နှုန်း ကျော်မြင့်တက်နေကြောင်း၊ ယင်းသို့ တရုတ်ငွေ ကျသည့်အတွက် အရောင်းအ၀ယ် ဆက်လက်ပါးနေကြောင်းလည်း သိရသည်။

ရွှေလီ စီးပွားရေး လုပ်ငန်းရှင်က“နယ်စပ်ကုန်သွယ်ရေးက တ၀က်လောက်ကျသွားတယ်၊ ငွေ မတည်ငြိမ်လို့ ကုန် အရောင်းအ၀ယ်ရော၊ အလုပ်သမားခပေးဖို့အတွက်ပါ အခက်အခဲဖြစ်တယ်”ဟု ဆက်ပြောသည်။

တရုတ်-မြန်မာ ၂ ဘက်စလုံးတွင် လူသုံးကုန် ပစ္စည်းများလည်း အရောင်းအ၀ယ် ကျဆင်းနေသည်ဟု ဆိုသည်။

ထို့အပြင် တရုတ်ဘက်မှ မြန်မာဘက်သို့ ကုန်ပစ္စည်းများ တင်သွင်းရာ၌ နယ်စပ်ကုန်သွယ်ရေး အာဏာပိုင်များ ၏ တင်းကျပ်မှုကြောင့် အခက်အခဲ ပိုဖြစ်ရကြောင်း မူဆယ်မြို့ခံ ကုန်သည် အမျိုးသမီးတဦးက ပြောဆိုသည်။

“တရုတ်ဘက်က ကုန်သွင်းရတာ တော်တော်ကျပ်တယ်၊ သူတို့က များများစားစား သွင်းခွင့်မပေးဘူး”ဟု ၎င်းက ပြောပြသည်။

“တရုတ်ကုန်တွေ ရန်ကုန်ပို့ရတာလည်း ခက်တယ်၊ လမ်းမှာ ကျမတို့ ကုန်တွေကို ဖမ်းဖို့စောင့်နေတဲ့ ဂိတ်တွေ က အများကြီး”ဟုလည်း မူဆယ်ကုန်သည် အမျိုးသမီးက ဆက်လက်ပြောသည်။

နယ်စပ်ကုန်သွယ်ရေး မူဆယ်ဂိတ်မှ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁၁ သန်းရှိခဲ့ပြီး ၂၀၀၅ ခုနှစ်က ၂၅၇ သန်းရှိခဲ့ကြောင်း အစိုးရ စာရင်းများအရ သိရသည်။

ယင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ် ဂိတ်ကို မြန်မာအာဏာပိုင်များက ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်