မြန်မာ့ကျောက်စိမ်းကို တရုတ်ကုန်သည်များက အောက်ဈေးပေးဝယ်ယူ

E-mail Print
မြန်မာနိုင်ငံတွင်းရှိ ကျောက်ဈေးကွက်သို့ တရုတ် ကျောက်ကုန်သည်များ ချဲ့ထွင်ဝင်ရောက်လာပြီး ပုံမှန် ပေါက်ဈေးထက် လျှော့ကာ ခေါင်းပုံဖြတ် ဝယ်ယူနေကြကြောင်း မန္တလေး မြို့ခံ ကျောက်ကုန်သည်ကြီးများက ပြောကြသည်။

“တရုတ် ကုန်သည်တွေက ဈေးကွက်တခုလုံးကို ထိန်းထားတယ်။ တရုတ် ဝယ်လက်ကိုယ်စားလှယ်တွေက မန္တလေးမှာ ထိုင်ပြီးဝယ်တယ်။ ပေါက်ဈေး ထက်ဝက်လောက် ပဲ ဈေးပေးတယ်” ဟု မန္တလေးမြို့ခံ ကျောက်ကုန်သည် တဦးက ပြောသည်။

မန္တလေးမြို့ကျောက်ကုန်သည်များ၏ အဆိုအရ မြန်မာနိုင်ငံရှိ ကျောက်ဈေးကွက်များနှင့် တရုတ် - မြန်မာ နယ်စပ် ဈေးကွက်များ အရောင်းအဝယ် ပါးနေသည်မှာ လနှင့်ချီ ရှိပြီဖြစ်ကြောင်းသိရသည်။

မန္တလေး ကျောက်ဝိုင်းမှ ကျောက်ကုန်သည် ဦးမျိုးသူ၏ အဆိုအရ ကျောက်အရောင်းအဝယ် ၆၅ ရာခိုင်နှုန်းကျော် ကျဆင်းနေသည်ဟု သိရသည်။

ဦးမျိုးသူက “တရုတ်ကုန်သည်တွေ မန္တလေး ဈေးကွက်ထဲထိ ဆင်းဝယ်တာတောင်မှ ဈေးကွက်ကအေးနေ သေးတယ်။ တရုတ်ကုန်သည်တွေက ပေါက်ဈေးရဲ့ ထက်ဝက်လောက်ပဲ ပေးတယ်” ဟုပြောသည်။

ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်မှော်များ၊ မန္တလေးတိုင်းမှ မိုးကုတ်၊ ရှမ်းပြည်နယ် မိုင်းရှုး စသည့် ဒေသအရပ်ရပ်မှ ထွက်ရှိသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ နှင့်အခြား အဖိုးတန် ကျောက်မျက်ရတနာ များကို မန္တလေးကျောက်ဝိုင်း ဈေးကွက်တွင် အရောင်းအဝယ်လုပ်ကြသည်။ တရုတ်ကုန်သည်များက မန္တလေးဈေးကွက်မှ ဝယ်ယူခဲ့သည့်ုကျောက်မျက်ရတနာများကို အချေထည်အဖြစ် ထုတ်လုပ်ကြသည်။

မန္တလေးမြို့ခံ လူ ၁ သိန်းခန့်မှာ ၎င်းကျောက်မျက်ရတနာ ဈေးကွက်နှင့် အသက်မွေးဝမ်းကျောင်း နေကြ ကြောင်း မြို့ခံကျောက်ကုန်သည်များက ပြောဆိုကြသည်။

ပြီးခဲ့သည့် အပတ် သောကြာနေ့မှ စပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းမှ ကြီးမှူးသည့် ၃ ရက်ကြာ ကျောက်မျက်ရတနာပြပွဲကို ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင်ပြုလုပ်ကျင်းပခဲ့ရာ လာရောက်ကြည့်ရှုသည့် ဧည့်သည်နှင့် ဝယ်လက်များ မရှိသလောက် နည်းပါးကြောင်း မြန်မာ ကျောက်ကုန်သည် တဦးကပြောသည်။

အလားတူပင် တရုတ် - မြန်မာ နယ်စပ်ရှိ ကြယ်ခေါင် ကျောက်ဈေးကွက်သည်လည်း အရောင်းအဝယ် မဖြစ် ဘဲ ဝယ်သူမရှိဖြစ်သည်မှာ ကမ္ဘာ့ငွေကြေး အကြပ်အတည်းကြောင့် ဖြစ်နိုင်ကြောင်း ကျောက်ကုန်သည် များက ဆိုသည်။

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် ပြင်းထန်သည့် မြန်မာနိုင်ငံဆိုင်ရာ မှုဝါဒများနှင့် တွမ်လန်းတော့စ်၏ ၂၀၀၈ခုနှစ် မြန်မာ့ကျောက်မျက် ရတနာ ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များအပေါ် အရေးယူသည့် ဥပဒေ) Tom Lantos Block Burmese JADE (Junta’s Anti-Democratic Effort) Act 2008 အရ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များ နှင့် ၎င်းတို့၏ အကျိုးတူစီးပွားဖက်များကို တိုက်ရိုက်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်