မြန်မာတို့ ထိုင်းဗီဇာရရန် ခက်ခဲနေဆဲ

E-mail Print

ထိုင်းနိုင်ငံက ပြည်ပခရီးသည်များကို ဆွဲဆောင်သည့် အနေဖြင့် ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့် ပြုသည့် အစီအစဉ်ကို ယနေ့ စတင်လိုက်သော်လည်း မြန်မာပြည်သားများ ထိုင်းဗီဇာ ရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ထိုင်းသံရုံးတွင် မြန်မာပြည်သားများကို ဗီဇာထုတ်ပေးမှု တင်းကျပ်ထားဆဲ ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများစွာကို တင်ပြနေရဆဲဖြစ်ကြောင်း၊ ဗီဇာလျှောက်ထား သူများက ပြောသည်။ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်ဖူးခြင်း မရှိပါက  ဗီဇာရရန် ပိုမိုခက်ခဲသည်ဟု ဆိုသည်။

“ဗီဇာလျှောက်မယ်ဆိုရင် အိမ်ပိုင်ဆိုင်မှု၊ ကား၊ တယ်လီဖုန်း၊ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှု စသဖြင့် ပိုင်ဆိုင်မှု အနည်းဆုံး ၂ ခု ၃ ခု လောက်တော့ ပြနိုင်မှဖြစ်မယ်။ ဘဏ်ထဲမှာလည်း အပ်ငွေ သိန်း ၂၀ တော့ အနည်းဆုံး ရှိထားသင့်တယ်” ဟု ခရီးသွားလုပ်ငန်းဌာနမှ ၀န်ထမ်းတဦးက ပြောပြသည်။

ဘဏ်တွင် သိမ်းဆည်းအပ်နှံထားသည့် ငွေကြေးစာရင်းများကို ထိုင်းသံရုံးက ယုံကြည်မှု နည်းပါးလာသည်ဟုလည်း သိရသည်။ ငွေကြေးမတတ်နိုင်သူအချို့က ၎င်းတို့၏ ဘဏ်အပ်ငွေစာရင်းတွင် ငွေပမာဏ များပြားစေရန် ချေးငှားပြီး ထည့်သွင်းကြသည်ဟု ဆိုသည်။

အိမ်နှင့်လုပ်ငန်း စသည့် ပိုင်ဆိုင်မှုမရှိသည့် ဗီဇာလျှောက်သူများအတွက် အကျိုးဆောင်ပေးသည့် ပွဲစားများကို သံရုံးအနီးတွင်ပင် ရှာဖွေ တွေ့ရှိနိုင်သည်ဟု သိရသည်။

“ပေါက်ဈေးက၂ သိန်း အနည်းဆုံးပဲ။ ပိုင်ဆိုင်မှု စာရွက်စာတမ်းကိစ္စတွေ အကုန်လုံး အပြီးအစီး လုပ်ပေးတယ်၊ ပွဲစားက အကုန်လုပ် ပေးမယ်။ ဒါပေမယ့် စာရွက်စာတမ်း ပြည့်စုံပေမယ့် ဗီဇာ မရတာတွေလည်း ရှိတတ်တယ်၊ အထူးသဖြင့် အသက်ငယ်ရွယ်သူတွေပေါ့” ဟု ပွဲစားနှင့်ဆက်သွယ်ပြီး ဗီဇာလျှောက်ခဲ့သူတဦးက ဧရာဝတီသို့ ပြောပြသည်။

ဗီဇာလျှောက်သည့်အခါ ပြသရမည့် ဒေါ်လာ ၇၀၀ ကိုလည်း သံရုံးအနီးရှိ ပွဲစားများထံတွင် ကျပ်ငွေ တသောင်းခွဲဖြင့် ချေးငှားနိုင်သည်ဟု သိရသည်။

ယခုကဲ့သို့ မြန်မာပြည်သားများကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမှု တင်းကျပ်လိုက်ခြင်းမှာ မြန်မာပြည်သားများ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားမ၀င် အလုပ်လုပ်ကိုင်မှုများ ပိုမိုများပြားလာသောကြောင့် ဖြစ်နိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

ထိုင်းနိုင်ငံက ခရီးသည် ပြန်ရရှိရန်ကြိုးပမ်းချက် တခုအဖြစ် ဗီဇာကြေး ၃၅ ဒေါ်လာကို ကင်းလွတ်ခွင့် ပြုသည့် အစီအစဉ်မှာ ယနေ့မှစ၍ သုံးလ ကြာမြင့်မည်ဖြစ်သည်။

ခရီးသွားဗီဇာ (tourist visa) တမျိုးတည်းကိုသာ ဗီဇာကြေး ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်သည့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာတွင် စီးပွားရေး ကျဆင်းလာခြင်း၊ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဘန်ကောက်ရှိ နိုင်ငံတကာလေယာဉ်ကွင်းကို ဆန္ဒပြသူများက တပတ်ကျော်ကြာ ပိတ်ဆို့ခဲ့ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုကို ထိခိုက်ခဲ့သည်။

ယမန်နှစ်က ခရီးသည် ၁၅.၇ သန်း လာရောက်မည်ဟု ခန့်မှန်းခဲ့သော်လည်း ၁၄.၂ သန်းသာ လာရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးဌာနကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတပုဒ်တွင် ဖော်ပြထားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်