ဂလပ်စဂိုမြို့က ဒေါ်စုကို ဂုဏ်ပြုဆုပေး

E-mail Print

ဗြိတိန်နိုင်ငံ ဂလပ်စဂိုမြို့အာဏာပိုင်တို့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က လွတ်လပ်မှုဆု ချီးမြှင့်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်တွင် အကျဉ်းကျနေသဖြင့် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမား တဦး ဖြစ်သည့် ဒေါက်တာသောင်းထွန်းက ယမန်နေ့က ဂလပ်စဂိုမြို့တွင် ကျင်းပသည့် ဆုပေးပွဲအခမ်းအနားသို့ ကိုယ်စား တက်ရောက်ပြီး ဆု လက်ခံရယူခဲ့သည်။

ဂလပ်စဂိုမြို့ကောင်စီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဆုပေးရန် ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့် နေထိုင်သည့် ဘ၀ကိုစွန့်လွှတ်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ဦးဆောင် လှုပ်ရှားလျက်ရှိရာ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆု အပါအ၀င် နိုင်ငံတကာဆုပေါင်း ၁၀၀ ခန့် ချီးမြှင့်ခံခဲ့ရပြီး ဖြစ်သည်။

လွတ်လပ်မှုဆုကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် ဂလပ်စဂိုမြို့ အမျိုးသမီး စာကြည့်တိုက် (Glasgow Women's Library) တို့က ပူးပေါင်းပြီး အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။

၁၈၀၀ ပြည့်နှစ်မှ စတင်ပြီး ဂလပ်စဂိုမြို့ကောင်စီက လွတ်လပ်မှုဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဂလပ်စဂိုမြို့ကောင်စီက တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၊ နာမည်ကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာ အဲလက်စ် ဖာဂူဆန် တို့ကိုလည်း လွတ်လပ်မှုဆု ချီးမြှင့်ခဲ့ဖူးသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်