သင်္ကြန်ကာလအတွင်း နိုင်ငံရေးနှင့်ဆိုင်သည့် အ၀တ်များမ၀တ်ရ

E-mail Print
၂၀၀၉ ခုနှစ် နှစ်ကူး အတာသင်္ကြန် ပွဲတော်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် သရုပ်ပျက် ဝတ်စားဆင်ယင်ခြင်းနှင့် တေးသီချင်း သီဆိုခြင်းများ မပြုလုပ်ရန်အပြင် နိုင်ငံရေး သင်္ကေတပါ အ၀တ်အစား များ မ၀တ်ရန် သတိပေးစည်းကမ်းချက်များကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဂီတသမားများကို ညွှန်ကြား ထားကြောင်း သိရသည်။

အဆိုပါ စည်းကမ်းချက်များတွင် ညစ်ညမ်းသည့် သီချင်းစာသားများ သီဆိုခြင်းမပြုရန်နှင့် သီဆိုဖျော်ဖြေရာ တွင်လည်း နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝတ်စားဆင်ယင်ခြင်းမပြုရန် သတ်မှတ်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ် အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရုံးအဖွဲ့မှူး ဦးမျိုးတင့်က“ဒီ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကောင်စီက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက် စည်းကမ်းကို မလိုက်နာရင် ကျနော်တို့အနေနဲ့ ခေါ်ယူဆုံးမတာ၊ သတိပေး အရေးယူတာတို့ လုပ်ရပါမယ်၊ ဆိုနေကျ အတိုင်း အေးအေးဆေးဆေး ဆိုရင် ပြဿနာ မရှိပါဘူး။ ကျနော်တို့က ဂီတသမားတွေကို ချုပ်နှောင်ထားတာ မရှိပါဘူး”ဟု ဧရာဝတီကို ပြော သည်။

သင်္ကြန်ကာလအတွင်း ရိုက်ကူးထားသည့် တေးစီးရီး အခွေများတွင် အထက်ပါစည်းကမ်းချက်များ ချိုး ဖောက်ခဲ့လျှင် တေးသီချင်းဆိုခွင့်နှင့် တေးသီချင်းထုတ်ဝေခွင့်များ ပိတ်ပင်သည်အထိ အရေးယူမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ ပြက္ခဒိန် အရ ၂၀၀၉ ခုနှစ် နှစ်ကူး သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေးရက် ကြာ ကျင်းပမည်ဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင်လည်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ကာလ ရန်ကုန်တိုင်းအတွင်း ယဉ်မောင်သူများ လိုက်နာရန် သတိပေးချက် ၁၁ချက်ကို ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်ထဲတွင် အပျော်လွန်ကျူး၊ စည်းကမ်းမဲ့ပြိုင်မမောင်းရ၊ မှုးယစ်သောက်စား ယာဉ်မမောင်းရ၊ နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်းမပြုရ စသည့် ယာဉ်စည်းကမ်းဆိုင်ရာ လိုက်နာ ချက်များ ပါဝင်သည်။

ရန်ကုန်တိုင်း မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း ယာဉ်စည်းကမ်းဆိုင်ရာ၊ လမ်းစည်းကမ်းဆိုင်ရာ ချိုးဖောက်မှု ရှိက လမ်းဆုံ၊ လမ်းခွ၊ မီးပွိုင့်များတွင်တပ်ဆင်ထားသည့် စီစီတီဗီ ကင်မရာ များဖြင့် ရိုက်ကူး ထားပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟုလည်း သတိပေးထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်