ဘုရားဖူးကားတစီး တိမ်းမှောက်

E-mail Print
ရန်ကုန်မြို့မှ ဘုရားဖူးသွားသော ကားတစီး ရခိုင်ပြည်နယ် အန်းမြို့အနီးတွင် ပြီးခဲ့သည့် သောကြာနေ့က မတော် တဆ တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် ဘုရားဖူး လူ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားဖူးကားသည် အန်းမြို့အနီး မဲတောင် တွင် တိမ်းမှောက်ခြင်း ဖြစ်သည်ဟု အန်းမြို့ ဒေသခံတဦးက ပြောသည်။

“မဲတောင်ဘက်မှာ မှောက်တာ၊ ၃ - ၄ ရက်လောက်ပဲ ရှိ ဦးမယ်၊ မှောက်တာက ဘုရားဖူးကား၊ ကားက ဗမာပြည် ဘက်ကလို့ ပြောတယ်” ဟု ၎င်းဒေသခံက ဧရာဝတီ သို့ ပြောပြသည်။

ဘုရားဖူးအဖွဲ့နှင့် နီးစပ်သည့် ဦးပဉ္ဖင်းတပါးကလည်း ယင်း လူ ၅၀ ခန့်ပါသောဘုရားဖူးကားသည် ရန်ကုန်မြို့မှ ကြာသပတေးနေ့က ထွက်ခွာသွားခြင်းဖြစ်ပြီး သောကြာနေ့ နံနက်ပိုင်း၌ မဲတောင် အဆင်းတွင် တိမ်းမှောက်၍ တောင်အောက် ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ကား မှောက်တာ က သောကြာ နေ့ ၊ ရန်ကုန်က ကြာသပတေးနေ့က ထွက်တာ၊ ညီညီကိုကို ဘုရားဖူး အဖွဲ့၊ မရမ်းကုန်း ကျိုက်ဝိုင်း ဘုရား နားကနေ စထွက်တာ၊ လူ ၄၀ ကျော် ၅၀ လောက် ပါ တယ်တဲ့၊ ကားက ဟီးနိုး ဘီအမ် ၊ ကားစက်ချို့ယွင်းမှုရှိလို့ သွားကတည်းက ဒရိုင်ဘာက မမောင်းရဲဘူးတဲ့၊ စက် ဆရာက မောင်းတာလို့ သိရတယ်၊ သွားတော့ အန်းမှာရှိတဲ့ အမြင့်ဆုံးတောင် မဲတောင် အဆင်းမှာ မှောက်တာ၊ ကားက ပေ ၂၀၀ - ၃၀၀ လောက်ရှိတဲ့ ချောက်ထဲကို ဆင်းသွားတာတဲ့”ဟု အထက်ပါ ဦးပဉ္ဖင်းက ပြောဆိုသည်။

ကားမှောက်သည့်နေရာသည် အန်းမြို့သို့မရောက်မီ ၅ မိုင်ခန့် အလိုတွင်ဖြစ်ပြီး ဘုရားဖူးအဖွဲ့သည်ထိုမှတဆင့် မင်းဗြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏားကျွန်း၊ စစ်တွေ စသဖြင့် ရခိုင်ပြည်နယ် အနှံ့ ဘုရားဖူးသွား ရန် ဖြစ် ကြောင်း၊ တိမ်းမှောက်သည့် ကားကို ယမန်နေ့က ချောက်အတွင်းမှ ပြန်တင်ယူရာတွင် လူသေအလောင်း ၃ လောင်း ထပ်မံတွေ့ရှိသည်ဟု သိရကြောင်းလည်း ၎င်းက ဆိုသည်။

“ကျောင်းက ဦးပဉ္ဖင်းတွေလည်း သွားကြတာ၊ အဲဒါ ကား က ရှေ့ဆင့် နောက်ဆင့်သွားတာ၊ တနေ့တည်းပဲ၊ သူတို့ ကားက နောက် တစီး၊ သူတို့က အကုန်လုံးတွေ့ရတယ်၊ အခုထိ ၂၇ ယောက်လောက် သေသွားပြီလို့ ကြားတယ်၊ မနေ့က ကားကို ချောက်ထဲကနေပြန်တင်တဲ့ အချိန်မှာ ၃ လောင်း ထပ်ရသေးတယ်တဲ့၊ ဒဏ်ရာရတဲ့ လူတွေက အန်း ဆေးရုံမှာ”ဟု ဘုရားဖူးအဖွဲ့နှင့်နီးစပ်သည့် ဦးပဉ္ဖင်းက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်