စောနေစိုးမြ စစ်အစိုးရဘက်ကူးပြောင်းမှု KNU ကိုမထိခိုက်

E-mail Print
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားငယ် ဗိုလ်ကြီး စောနေစိုးမြ အနေနှင့် မြန်မာ စစ်အစိုးရဘက်သို့ ကူးပြောင်းသွား ခြင်းသည် KNU ကို ကြီးမားသည့်ထိခိုက်မှု မရှိကြောင်း ဗဟိုကော်မတီဝင် စောဒေးဗစ်ထောက ပြောသည်။

“သူသွားတဲ့အချိန်မှာ နေစိုးမြက အရပ်သား ဖြစ်နေပါပြီး တဘက်ကတော့ စစ်အစိုးရအနေနဲ့ ဗိုလ်ချုပ်မြရဲ့ မိသားစုဝင်တယောက်ကို ရတယ်ဆိုပြီးတော့၊ ဒါကတော့ သတင်းစာမှာ ပုံကြီးချဲ့ပြီးတော့ ပြလို့ရသွားတဲ့  အခွင့်အရေး တခုသာဖြစ်တယ်”ဟု စောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဗိုလ်ကြီးစောနေစိုးမြနှင့်ပတ်သက်ပြီး စစ်အစိုးရ သတင်းစာများတွင် သောင်းကျန်းသူအဖွဲ့မှကွယ်လွန် သူ KNU/KNLA ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီးအဆင့်ရှိ စောနေစိုးမြ ဦးစီးသော အင်အား ၇၁ဦး၊ မှီခိုသူမိသားစုဝင် ၈၈ ဦး စုစုပေါင်းအင်အား ၁၅၉ဦးတို့သည် လက်နက်မျိုးစုံ ၂၄ လက်နှင့်အတူ မတ် ၃၀ ရက် တွင် KNU/KNLA ငြိမ်း ချမ်းရေးကောင်စီအဖွဲ့ရှိရာ ထို့ကော်ကိုးကျေးရွာသို့ လာရောက် ပူးပေါင်းခဲ့ကြကြောင်း ဧပြီလ ၄ ရက်နေ့က ဖော်ပြထားသည်။  

စောဒေးဗစ်ထောကမူ ဗိုလ်ကြီး နေစိုးမြသည် တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်ခဲ့စဉ်က တပ်နှင့်နီးနီးကပ်ကပ် မနေခဲ့ရသလို စစ်အစိုးရနှင့် သွားရောက်ပူးပေါင်းသော လူအင်အားမှာ ခန့်မှန်းခြေ ၁၀ ဦးခန့်သာ ရှိကြောင်း ပြောဆိုသည် ။

ဆက်လက်၍ အစိုးရ သတင်းစာတွင် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသော ဗိုလ်ကြီးစောနေစိုးမြ နှင့်အဖွဲ့အား တာဝန်ရှိသူများနှင့် ဒေသခံများက လှိုက်လှိုက်လှဲလှဲဝမ်းပန်းတသာ ကြိုဆိုခဲ့ကြကြောင်းနှင့်  စောနေစိုးမြနှင့် အဖွဲ့ဝင်မိသားစုများအတွက် နိုင်ငံတော် အစိုးရမှ အိမ်ရာများဆောက်လုပ် နေရာချထားပေး ပြီး လိုအပ်သည့် အခြားထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပါရှိသည်။

ဗိုလ်ကြီး စောနေစိုးမြသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် နေပြည် တော်သို့သွားရောက်ခဲ့ပြီး စစ်ဖက်ဆိုင်ရာလုံခြုံရေး အကြီးကဲ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

စောဒေးဗစ်ထောက“ အမှန်တကယ်က၊ တော်လှန်ရေး နှစ်ရှည်ကြာလာတော့ မခံနိုင်တဲ့ လူတွေ၊ နောက်ပြီး တော့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့လူတွေကို နအဖက ပေးတဲ့အခွင့်အရေးတွေကို သာယာချင်တဲ့ လူတွေကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆက်ပြီးတော့ သွားမယ်လို့ထင်တယ်”ဟု ပြောဆိုသည်။

လွန်ခဲ့သည့် လအတွင်းကလည်း မြ၀တီ မြို့နှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ ကေအန်ယူ အဖွဲ့နှင့် ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/ KNLA)တို့နှင့် ပတ်သက်သည့် ရုံးများ၊ နေအိမ်များကို ပိတ်ပစ်ရန် ထိုင်းအာဏာပိုင်များက ဖိအားပေးခဲ့သည်။  

ယင်း ဖိအားပေးမှုသည် KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင်းမှ ထွက်ခွာ၍ ၎င်းတို့ ပိုင်နက်နယ်မြေသို့ ပြန်သွားရန် ဖြစ်ကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်