သင်္ကြန်ကား အငှားမသွက်

E-mail Print
ရန်ကုန်မြို့တွင် သင်္ကြန်တွင်းကာလ လည်ပတ်လိုသူများ အတွက် ရေပက်ခံကား ငှားသည့် လုပ်ငန်း စတင်လာခဲ့သော်လည်း ဧပြီလဆန်းအထိ ငှားရမ်းသူ နည်းပါးနေသေးကြောင်း သိရသည်။

မတ်လကတည်းက စတင်ခဲ့သည့် သင်္ကြန်ကား စင်းလုံးငှား လုပ်ငန်းများတွင် ယခင်နှစ်ကထက် ငှားခ နှုန်းများ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သော်လည်း ကားငှားသူဦးရေ ထက်ဝက်နီးပါး လျော့ကျနေကြောင်း ကားအငှားလုပ်ငန်း လုပ်ကိုင်သူများက ပြောပြကြသည်။

“မနှစ်ကထက်စာရင် တဝက်လောက် အငှားကျသွားတယ်၊ ဖုန်းနဲ့ လှမ်းပြီး ဈေးမေးတာလောက်ပဲ ရှိတယ်။ တကယ်လာငှားတဲ့သူကတော့ တော်တော်နည်းတယ်” ဟု ကားစီးလုံး ငှား လုပ်ငန်းရှင်တဦးက ပြောသည်။

တခြားကား အငှားလုပ်ငန်းတခုကလည်း ၎င်းတို့ထံတွင် ကားအငှားလိုက်ရန် လာအပ်သည့် ကားက များပြီး ငှားမည့်သူ နည်းပါးနေကြောင်းနှင့် ယခုနှစ် စီးပွားရေးလုပ်ငန်း အကြပ်အတည်းများကြောင်း ကားအငှား လုပ်ငန်းများကိုလည်း ထိခိုက်နိုင်ကြောင်း ပြောဆိုသည်။

ယခင်နှစ်က ဂျစ်ကားနှင့် လည်ပတ်သူများသည့်အတွက် ယခုနှစ်တွင်လည်း ဂျစ်ကား၊ လိုက်ထရပ်စ်နှင့် ဟိုင်းလက်စ် ကားများ အများဆုံး လာရောက်အပ်နှံကြကြောင်း၊ ယခုနှစ်တွင် ငှားရမ်းခအနေနှင့် တနေ့ ကျပ် ၁ သိန်းနှုန်းဖြစ်ပြီး ယခင်နှစ်က ၁ သိန်း ၂ သောင်း နှုန်း ဖြစ်ခဲ့ကြောင်း သူက ဆိုသည်။

မန္တလေးတွင်လည်း သင်္ကြန်လည်မည့် ကားငှားရမ်းခ ဈေးနှုန်းမှာ တရက်လျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဂျစ်ကား ကျပ် ၁ သိန်း၊ ဆန်နီပစ်ကပ် ကျပ် ၈ သောင်း၊ လိုက်ထရပ်စ် ကျပ် ၆ သောင်းနှင့် ဆိုင်ကယ် တစီးလျှင် ကျပ် ၃ သောင်း ငှားရမ်းခနှုန်းရှိကြောင်း သိရသည်။

ယခင်နှစ်က သင်္ကြန်တွင်း အဖွဲ့လိုက်လည်ပတ်ရန် ကားငှားခဲ့သူတဦးက “ဒီနှစ်သင်္ကြန် ထွက်ဖြစ် မဖြစ် ကတော့ ခုချိန်ထိ မပြောနိုင်သေးဘူး။ ကားငှားဖို့ထက် ကားပေါ်လိုက်မယ့်သူက နည်းနေတော့ ကားငှားဖို့ အဆင်မပြေဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ယခုကဲ့သို့ သင်္ကြန်လည်မည့်သူများအနေနှင့် စက်မှုဇုန်ဂျစ်၊ လိုက်ထရပ်စ် စသည့် ကားများနှင့် လည်မည် ဆိုပါက လိုက်ပါမည့်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် လူဦးရေကို ချိန်ဆတင်သင့်ကြောင်း ကား ပြုပြင်ရေး လုပ်ငန်းများက အကြံပြုထားသည်။

“ဒီမှာလုပ်တဲ့ ကားတွေက မော်ဒယ်လ် အစုံက ပစ္စည်းပေါင်းစုံကို စုပြီး ဆင်ထားကြတာဆိုတော့ အောက်ပိုင်းတွေ သိပ်မကောင်းဘူး နိုင်ငံခြားကလို ကွန်ပျူတာနဲ့ တွက်ပြီး စနစ်တကျ လုပ်ထားကြတာ မဟုတ်တော့ လူသိပ်များရင်၊ ကားပေါ်မှာ ကနေ၊ ခုန်နေရင် ဒဏ်မခံနိုင်ဘူး” ဟု ကားပြုပြင်ရေး လုပ်ငန်းတခု က ပြောသည်။

စက်မှုဇုန်ထုတ် ကားများသည် ကားအောက်ပိုင်းကြံ့ခိုင်မှု အားနည်းချက်များ ရှိသောကြောင့် ယင်းကားများနှင့် သင်္ကြန်လည်မည် ဆိုပါက ကားဘော်ဒီနှင့် အောက်ပိုင်း ကြံ့ခိုင်ရေးကို သေချာ စစ်ဆေးသင့်ကြောင်း၊ ယမန်နှစ်က ဂျစ်ကားများနှင့် လည်ပတ်ကြရာတွင် လူများခြင်း၊ ကားပေါ်တွင် ကခုန်ခြင်း တို့ကြောင့် ကားအောက်ပိုင်း စက်ပစ္စည်းများ ချွတ်ယွင်း၊ ပြုတ်ထွက်ခြင်းများ ဖြစ်ကာ ယာဉ်မတော်တဆမှုများ ဖြစ်ခဲ့ ကြောင်း ကားပြုပြင်ရေး လုပ်ငန်းမှ ကားပြင်ဆရာက ပြောဆိုသည်။

သင်္ကြန်လည်ရာတွင် ဟိုင်းလက်စ်၊ ပစ်ကပ်နှင့် ပက်ဘလစ်ကာကားများမှာ ဂျပန်ကားများဖြစ်သောကြောင့် အောက်ပိုင်း ချွတ်ယွင်းမှုနည်းကြောင်း၊ စက်မှုဇုန်ထုတ် ကားများမှာ စက်ကိရိယာများနှင့် အသေအချာ တိုင်တာ ထားခြင်း မရှိသည့်အတွက် ပျက်စီးလွယ်သောကြောင့် အများဆုံး လူ ၁၀ ဦးထိသာ တင်သင့်ကြောင်း ယာဉ်မောင်းတဦးက အကြံပြု ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်