ရိုဟင်ဂျာပြဿနာ ဖြေရှင်းနိုင်ခြင်း မရှိသေး

E-mail Print
အင်ဒိုနီးရှားတွင် ပြုလုပ်နေသော ဒေသတွင်း နိုင်ငံများ အစည်းအဝေးတွင် မြန်မာအစိုးရ ကိုယ်စားလှယ်များက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သောကြောင့် ရိုဟင်ဂျာ ပြဿနာကို ထိထိရောက်ရောက် ဆွေးနွေးကြခြင်း မရှိကြောင်း ရိုဟင်ဂျာ အရေး ကျွမ်းကျင်သူများ၊ အကဲခတ်များက ပြောသည်။

“အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းနိုင်မယ့် ဟာတွေကိုတော့ ဆွေးနွေးတာ မတွေ့ရဘူး” ဟု ရိုဟင်ဂျာ အရေး ကျွမ်းကျင်သူတဦးဖြစ်သည့် Chris Lewa  က ရှင်းပြသည်။

အစည်းအဝေးအတွင်း လှေစီး ရိုဟင်ဂျာများ အရေး ဝိုင်းဝန်း ဖြေရှင်းနိုင်မည့် ဒေသတွင်း နိုင်ငံများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ တခုကို ဖွဲ့စည်းလိုက်သည်ဟု Chris Lewa  ကပြောသည်။

“အခု ဖွဲ့လိုက်တဲ့ လုပ်ငန်းအဖွဲ့ က ဘာတွေလုပ်မယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ” ဟု Chris Lewa  က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ပြုလုပ်နေသော လူကုန်ကူးမှု၊ နိုင်ငံမှ တရားမဝင်ထွက်ခွာမှု၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှု  စသည့် အကြောင်းအရာ သုံးခု ပါဝင်သည့် ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ကာလအတွင်း ထိုသို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းအဖွဲ့တွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ ပါဝင်သည်ဟု သိရသည်။

“မြန်မာအစိုးရ ကိုယ်စားလှယ်တွေက လုပ်ငန်းအဖွဲ့မှာ ပါဝင် ဆောင်ရွက်ဖို့ သဘောတူတယ်။ ထိုင်းနိုင်ငံကလည်း ရိုဟင်ဂျာတွေကို ပင်လယ်ထဲ တွန်းထုတ်တာမျိုး မလုပ်တော့ဘူးလို့ ကတိပေးတယ်” ဟု ရိုဟင်ဂျာ အရေး ကျွမ်းကျင်သူ Chris Lewa  က ပြောသည်။

မြန်မာကိုယ်စားလှယ်များက ရိုဟင်ဂျာ အရေးကို ဆွေးနွေးရန် သဘောတူခြင်းမှာ ဤအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လေ့လာသူများက ပြောသည်။

အစည်း အဝေးတွင် အာရှ ပစိဖိတ် ဒေသတွင်း ၄၁ နိုင်ငံ၊ လေ့လာသူ ၁၉ နိုင်ငံ၊ နိုင်ငံတကာ အဆင့် အဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

ရိုဟင်ဂျာများသည် မြန်မာ အာဏာပိုင် တို့၏ ဖိနှိပ်မှုကြောင့် ထွက်ပြေးကြခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း အစည်းအဝေးတွင် ရှိနေသော ကိုယ်စားလှယ် တဦး ဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောသည်။

“ဗိုလ်မှူးချုပ် ခင်ရီရဲ့ တုန့်ပြန်ချက်ဟာ မြန်မာအစိုးရဆီက လာတတ်တဲ့ တုန့်ပြန်ချက်တွေအတိုင်းပါပဲ” ဟု အစည်းအဝေးတွင် တက်ရောက်နေသူ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း The Sydney Morning Herald သတင်းစာတွင် ရေးသားထားသည်။

သို့သော်လည်း သြစတေးလျ နိုင်ငံက လှေစီး ရိုဟင်ဂျာတို့၏ ဘဝ အခြေအနေ တိုးတက် ကောင်းမွန် လာရေး အတွက် လူသားချင်း စာနာကူညီမှု ထောက်ပံ့ငွေ ဒေါ်လာ ၃.၂ သန်း ပေးမည်ဟု ကြေညာလိုက်သည်။

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာတို့၏ နေထိုင်ရေး အတွက် စိုးရိမ် ပူပန်မိကြောင်းကိုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ယခု နှစ်ဆန်းပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရိုဟင်ဂျာများသည် ပင်လယ်ခရီးဖြင့် ပြည်ပသို့ ထွက်ခွာ ခဲ့ကြသည်။ အဆိုပါ လှေစီး ရိုဟင်ဂျာများသည် ထိုင်း နှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိ သောင်တင်လျက် ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်