ဗီဒီယို မှတ်တမ်းသမားတဦး နယ်စပ်ဖြတ်မှုဖြင့် ထောင် ၃ နှစ်ကျ

E-mail Print
အခြေခံ ဥပဒေသစ် ၂၀၀၈ ဆန္ဒခံယူပွဲ ကာလအတွင်း ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ မဲရုံတရုံအား ဗီဒီယို မှတ်တမ်း ရိုက်ကူးသော ကိုအောင်ထွန်းမြင့်ကို စစ်အာဏာပိုင်များက ထောင် ၃ နှစ်ချ အရေးယူမှုသည် လွဲမှားသည့် တရားစီရင်မှု ဖြစ်ကြောင်း အမှုလိုက်ရှေ့နေနှင့် အာရှ လူ့အခွင့်အရေး အဖွဲ့က ပြောသည်။

အဆိုပါ အလွတ်သတင်းထောက် ကိုအောင်ထွန်းမြင့်အား အာဏာပိုင်များက ထိုင်းနိုင်ငံဘက်သို့ တရားမ၀င် သွားရောက်သည် ဟူသော နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့်တရားစွဲဆို၍ အပြစ်ပေးခြင်း ဖြစ်ကြောင်းနှင့် ယင်းတရား စီရင်မှုမှာ လုံလောက်သည့် အထောက်အထား မရှိသောကြောင့် လွဲမှားသည့် စီရင်မှု ဖြစ်ကြောင်း ကိုအောင်ထွန်းမြင့်၏ အမှုလိုက် ရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။

“ဥပဒေကြောင်းအရ တရားစီရင်မှု လွဲမှားတယ်လို့ပြောရမှာပေါ့၊ ဘာဖြစ်လို့လည်း ဆိုတော့ ဟိုဘက်ကို သွားတယ် ဆိုတဲ့ အထောက်အထား ဘာမှ မရှိဘူး၊ အဓိက ပြဿနာ က မဲရုံကို ဗီဒီယို သွားရိုက်တာ”ဟု ဦးအောင်သိန်းက ပြောသည်။

အာရှ လူ့အခွင့်အရေးကော်မရှင်(AHRC)ကလည်း ၎င်းကိုအောင်ထွန်းမြင့်သည် ၂၀၀၈ ခုနှစ် မေလ နာဂစ်ဆိုင်က လုန်း တိုက်ခတ်အပြီး တပတ်ခန့်အကြာတွင် ပြုလုပ်သော အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ၌ မှော်ဘီမြို့နယ်ရှိ မဲရုံ တရုံကို ဆဲဗင်းဒေးဂျာနယ်အတွက် ဗီဒီယိုမှတ်တမ်းရိုက်ယူခြင်းဖြစ်ကြောင်း၊ ယင်း ဗီဒီယိုရိုက်ကူးမှုကို နယ်မြေခံရဲ နှင့် အာဏာပိုင်များက ဖမ်းဆီးစစ်ဆေး၍ ၂၀၀၈ ဇန်န၀ါရီလအတွင်းက ထိုင်း နိုင်ငံဘက်သို့ တရားမ၀င် သွား ရောက်မှုဖြင့် အရေးယူအပြစ်ပေးခြင်းသည် တရားစီရင်မှု လွဲမှားနေသည့်အတွက် အမြန်ဆုံး ပြန်လည်သုံးသပ် ရန် တောင်းဆိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုထားသည်။

ထို့အပြင် တရားရုံးကစွဲဆိုသည့် ထိုင်းနိုင်ငံဘက်သို့ တရားမ၀င်သွားရောက်သည်ဟူသော ပြစ်မှုသည် အထောက် အထားမရှိကြောင်းနှင့် ကိုအောင်ထွန်းမြင့်အား ဖမ်းဆီးစဉ် နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးပြီး ထွက်ဆိုခိုင်းချက်သာ ဖြစ်ကြောင်းလည်း AHRC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။   

ရှေ့နေကြီး ဦးအောင်သိန်းကလည်း ခရိုင်ရဲဝန်က ကိုအောင်ထွန်းမြင့်ထံ၌တွေ့ရှိရသော ထိုင်းမြန်မာနယ်စပ် မြ၀တီ မြို့မှ လိပ်စာကတ်တခု အပေါ်အခြေပြုကာ ထွက်ဆိုခိုင်းချက်ဖြင့် အပြစ်ပေးခြင်းဖြစ်သည်ဟု ပြောသည်။

“သူ့ကို သတင်း သင်တန်းတက်ပြီးပြန်လာတယ်ပေါ့၊ အဲဒါမျိုး တွေ ထွက်ခိုင်းပြီး အဲဒီအတိုင်း ရဲမှာ ပြန်ထွက်ခိုင်း တယ်၊ တော်ချာ(Torture)တော့ တော်တော်လေးလုပ်တယ်၊ လုပ်ပြီးမှော်ဘီ ရဲစခန်းကိုပြန်ပို့၊ ပို့ပြီး မှော်ဘီ ရဲစခန်း ကနေ လ၀က အရာရှိတယောက်ကို ခေါ် သူ့ကို ဟိုဘက်ကမ်း သွားဖူးတယ်ဆိုပြီး ထွက်ဆိုချက် ပေးခိုင်း၊ အဲဒါနဲ့ ရုံးတင် တရားစွဲတာ၊ သူ့ထွက်ချက်တွေနဲ့ စွဲတာ၊ ဘာသက်သေ မှ မရှိဘူး၊ တရားခံရဲ့ ထွက်ဆိုချက်အရ တရားခံ ကို ပြန် အပြစ်ပေးတာပဲ၊ ဒီ ကင်မရာတို့ ဘာတို့နဲ့ အယူခံတက်စေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ၁၃/၁ နဲ့ က ဘာမှ ဆိုင်တာမှ မဟုတ်ဘဲ”ဟု ဦးအောင်သိန်းက ပြောဆိုသည်။

ကိုအောင်ထွန်းမြင့်သည် ၂၀၀၈ ခုနှစ်မေလ ၁၀ ရက်နေ့က မှော်ဘီရှိမဲရုံကို ဗီဒီယို ရိုက်ကူးသောကြောင့် ၎င်းအား ဖမ်းဆီး၍ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် မှော်ဘီမြို့နယ် တရားရုံးက တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ် ခံရခြင်းဖြစ်ကြောင်း AHRC က ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်