သားစိုး အမေရိကန် သွားတော့မည်

E-mail Print
မြန်မာနိုင်ငံတွင် စီးရီး တခွေထွက်ရန် “ခိုးကူးခွေနှင့် စာပေစိစစ်ရေး” တို့ကြောင့် စိတ်အနှောင့် အယှက်ဖြစ်ရသည်ဟု ပြောသော အဆိုတော် သားစိုးသည် လာမည့် ၂၈ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ တနှစ်ကြာ ထွက်ခွာမည်ဟု သိရသည်။

အဆိုတော် သားစိုးက အမေရိကန်နိုင်ငံ ဗာဂျီနီယား ပြည်နယ်တွင် နေထိုင်မည်ဖြစ်ပြီး ဂီတနှင့် ဆိုင်သည့် ပညာရပ်များကို ဆက်လက်လေ့လာသင်ယူသွားမည် ဖြစ်ကာ မြူးကြွသည့်  မြန်မာ့ရိုးရာ တေးဂီတ နတ်ဒိုး အကြောင်း စာတမ်းပြုစုသွားမည်ဟု ပြောသည်။

 “အပြီးတော့ မဟုတ်ဘူး။ ၆လ တနှစ်လောက်တော့ကြာမယ်။ အသွားအပြန်တော့ လုပ်နေမှာပဲ၊ ဟိုရောက်ရင် ကျနော်ရဲ့ “Coz I am Stupid” ဆိုတဲ့ အင်္ဂလိပ်ဗားရှင်းနဲ့ ဆိုထားတဲ့ အခွေထုတ်ဖို့ ကြိုးစားမှာပါ” ဟု သားစိုးက ဧရာဝတီကို ပြောသည်။

သားစိုးသည် ၂၀၀၀ ပြည့်နှစ်တွင် သီအိုရီ ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့နှင့်အတူ ဂီတလောကထဲသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။၂၀၀၆ ခုနှစ်တွင် ဆန်းသစ်သော ဂီတဖန်တီးမှုဖြစ်သည့် “ရောသမမွှေ” တေးစီးရီးဖြင့် လူငယ် များအကြား နာမည်ကျော် ရေပန်းစားခဲ့သည်။ မတ်လတွင် ထွက်ရှိခဲ့သော “မွှေလို့ မဝလို့” စီးရီးမှာ သူ၏ နောက်ဆုံး စီးရီးဖြစ်သည်။

ထို “မွှေလို့မဝလို့”  တေးစီးရီး အမည်ကို ယခင်က“နတ်ကနားပါတီ” ဟု အမည်ပေးထား ခဲ့သော်လည်း စာပေ စိစစ်ရေးမှ ပြောင်းခိုင်းခဲ့သည်ဟု သိရသည်။

သားစိုးက “စာပေစိစစ်ရေးက သုံးလလောက်ကြာတယ်။ ဒီနှစ်က အဆိုးဆုံးပဲ၊ အရင်နှစ်တွေက ဒီလောက် မဆိုးဘူး၊ အခွေမှာ ၁၂ပုဒ်တင်တာ၊ ၆ပုဒ်အဖြုတ်ခံ ရတယ်၊ ဒါဆိုဘယ်လို အခွေ ထွက်တော့မလဲ၊ ဒီနှစ် အခွေမှာ စိတ်တိုင်းလည်း မကျဘူး၊ ကျနော်စာသားတွေက အဆန်းတွေပါတော့ ပိုဆိုးတယ်၊ စာသားတလုံး ချင်းစီကိုစစ်တာ။ ကျနော်တို့က နိုင်ငံရေးနဲ့ ပတ်သက်တာ မပါဘူး။ လူငယ်နဲ့ ပတ်သက်တာကိုပဲ ရေးတာ” ဟုပြောသည်။

စီရီး တခွေ ထွက်နိုင်ရန် တီးခတ်ဖန်တီးမှု အပိုင်းတွင်လည်း အနည်းဆုံးတနှစ်ကျော် ကြာသည်ဟု  သိရသည်။  

လက်ရှိ သားစိုး၏ နတ်ဒိုး ဂီတ ဖန်တီးမှုနှင့်ပတ်သက်ပြီး ဆိုင်းပညာရှင် တချို့က ယဉ်ကျေးမှုကို ဖျက်ဆီးသည်ဟုဆိုကာ တားဆီးခြင်းများ  ရှိကြောင်းလည်းသိရသည်။

သားစိုးက “စာပေစိစစ်ရေးရယ် ခိုးကူးရယ်ပေါ့။ ကျနော်တို့က အပင်ပန်းခံတီးတယ်။ ကျနော်တို့က ဘယ်လောက်ပဲကြိုးစား ကြိုးစား၊ ပြီးသွားရင် ခိုးကူးပဲ ရောင်းရတယ်၊ မူရင်းခွေမရောင်းရဘူး။ အဲဒါ ကျနော်တယောက်တည်း မဟုတ်ဘူး” ဟုလည်းပြောသည်။

သားစိုးသည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် မထက်ထက်ခိုင်နှင့် စေ့စပ်ကြောင်းလမ်းခဲ့ပြီးဖြစ်ရာ အမေရိကန် ခရီးစဉ်တွင် လက်ထက်မင်္ဂလာပွဲ ကျင်းပရန် အစီအစဉ်ရှိသည် ဟုလည်းဆိုသည်။

အသက်၂၉ နှစ်အရွယ် ရှိပြီဖြစ်သည့် သားစိုးသည် ရန်ကုန်ဇာတိဖြစ်ပြီး အမည်ရင်းမှာ စိုးမွန်အောင်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် အသံဖမ်း အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာခဲ့သည်။

လန်ဒန်တွင် နေထိုင်ချိန်အတောအတွင်း သူ၏ ဇနီးလောင်း မထက်ထက်ခိုင်နှင့် အင်တာနက်တွင် တွေ့ဆုံခဲ့သည် ဟုလည်း ဆိုသည်။ မထက်ထက်ခိုင် သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည်မှာ  ၁၀ နှစ်ကြာပြီဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်