၂၀၁၀ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်များကို ကြိုတင် ခန့်မှန်းခြင်း

အုပ်စု (က) တောင်အာဖရိက - မက္ကဆီကို

အိမ်ရှင် အသင်း အတွက်တော့ ဒီပွဲကို မျက်နှာပန်း လှအောင် ကြိုးစားမှာ သေချာတယ်။ ဒါပေမယ့် မက္ကဆီကို အသင်းကလည်း အတွေ့ အကြုံရင့်တဲ့ အသင်း တသင်းပီပီ တောင်အာဖရိကကို အကောင်းဆုံး ရင်ဆိုင်နိုင်လိမ့်မယ်။ နောက်ဆုံးခြေစမ်းပွဲမှာ အီတလီကို အနိုင်ယူထားတဲ့ မက္ကဆီကိုရဲ့ ကစားပုံမျိုး ဆိုရင်တော့ တောင်အာဖရိက သတိထားရမယ်။ ဒီနှစ်သင်း နောက်ဆုံး နှစ်ကြိမ်တွေ့ဆုံမှုမှာ တလှည့်စီနိုင်ထားကြလို့ ခြေစွမ်းအားဖြင့်တော့ သိပ်မကွာလှပါဘူး။ တောင်အာဖရိက အသင်းဟာ နည်းပြ အယ်လ်ဘာတို ပရဲရား လက်ထဲမှာ ခြေစမ်းပွဲတွေ ကစားရင်း တည်ငြိမ်လာနေတာ တွေ့ရတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲ ဆက်တိုက် အရှုံးမရှိခဲ့ဘူး။ အိမ်ရှင်အားလည်း ရှိနေလို့ မက္ကဆီကို ကို ဖိအားပေးနိုင်မှာတော့ သေချာတယ်။

ဒါပေမယ့် ကစားပုံမာကျောပြီး အုပ်စုပွဲတွေဆိုရင် အစဉ်အလာအရ ခြေမှန်လေ့ရှိတဲ့ မက္ကဆီကိုရဲ့ ကစားပုံကိုတော့ ကျော်ဖြတ်နိုင်ဖို့ ခက်မယ်ထင်တယ်။ အဖွင့်ပွဲတွေရဲ့ အစဉ်အလာတွေ အရတော့ အသင်းတွေဟာ အများအားဖြင့် ထိန်းကစားလေ့ရှိကြလို့ သွင်းဂိုးတွေလည်း နည်းလေ့ရှိတယ်။ ဒါကြောင့် အခုပွဲဟာလည်း နှစ်သင်းစလုံး အဖွင့်လှအောင် ထိန်းကစားရင်း ဂိုးနည်းနည်းနဲ့ သရေကျ သွားလိမ့်မယ် ထင်တယ်။

တောင်အာဖရိက အသင်း နောက်ဆုံးရလဒ်များ

တောင်အာဖရိက ၅ - ၀ ဂွါတီမာလာ
တောင်အာဖရိက ၂ – ၁ ကိုလံဘီယာ
တောင်အာဖရိက ၁ - ၁ဘူဂေးရီးယား

မက္ကဆီကို အသင်း နောက်ဆုံးရလဒ်များ

အီတလီ ၁- ၂ မက္ကဆီကို
ဂမ္ဘီယာ ၂  – ၅ မကၠဆီကို
နယ်သာလန် ၂ – ၁ မက္ကဆီကို
အင်္ဂလန် ၃ – ၁ မက္ကဆီကို
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်