အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (၄)

အုပ်စု (ဆ)

အုပ်စု (ဆ) မှာတော့ ဘရာဇီး၊ ပေါ်တူဂီ၊ အိုင်ဗရီကို့စ်၊ မြောက်ကိုရီးယားတို့ ပါဝင်ပါတယ်။

ဘရာဇီး အသင်းကတော့ ကမ္ဘာ့အဆင့် ၁ နေရာမှာ အမြဲရှိတဲ့ အသင်းကြီး တခုဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲပြိုင်ပွဲ ၁၉ ကြိမ်မှာ အကြိမ်တိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့၊ အစဉ်အလာကြီးတဲ့ ဘောလုံးအသင်းဖြစ်ပါတယ်။

အစဉ်အဆက် ပီလီ၊ ဇစ်ကို၊ ဘီဘက်တို၊ အက်ဒ်မန်ဒို၊ ရိုမာရီယို၊ ရော်နယ်ဒို၊ ရီဗယ်ဒို၊ ရော်ဘတ်တို ကားလို့စ် တို့လို ကမ္ဘာကျော် ကစားသမားတွေက အစ ယခုလက်ရှိ ကာကာ၊ ရော်နယ်ဒင်ဟို တို့လို ကစားသမား တွေမွေးထုတ်ခဲ့ပါတယ်။

ဘောလုံသမားကို ပို့ကုန်တမျိုးလို လုပ်ပြီး ဥရောပတင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘောလုံးအရင်းအမြစ် ဘယ်လောက်ပေါကြွယ်ဝ သလဲ ဆိုတော့ အခုကမ္ဘာ့ဖလား ပြိုင်ပွဲကို အေစီမီလန်မှာ ခြေစွမ်းပြနေတဲ့ ရော်နယ်ဒင်ဟို၊ ပါတို စတဲ့ ဘောလုံးသမားတွေကို တောင် မရွေးချယ်ခဲ့ပါဘူး။

တောင်အမေရိကဇုန် ရဲ့ ခြေစစ်ပွဲကို ပထမနေရာက အောင်မြင်လာခဲ့တာဖြစ်ပြီး ရော်နယ်ဒင်ဟို၊ အက်ဒရီယာနို၊ ပါတိုတို့ မပါဝင် သော်လည်း ကာကာ၊ ဖေဘီယာနို၊ ရော်ဘင်ဟို၊ ဘာတစ္စတာ၊ ဂီဘာတိုဆေးလ်ဗားနဲ့ အင်တာမီလန်မှာ အစွမ်း ပြနေတဲ့ ဂိုးသမား ဂျူလီယိုဆီဇာတို့နဲ့ လူငယ်ခြေစွမ်းထက်တဲ့ကစား သမားတွေပါဝင်ပါတယ်။

မကြာသေးမီက ခြေစမ်းခဲ့တဲ့ ဇင်ဘာဘွေ၊ တူနီးရှား တို့ကို ဂိုးပြတ်နိုင်ခဲ့တာကို ကြည့်ရင် ဘရာဇီး တိုက်စစ်ကို သိမှာပါ။
၂၀၀၂ ခုနှစ် ကိုရီးယားကမ္ဘာ့ဖလား မှာ ဘရာဇီးအသင်း ဖလားရခဲ့ သလို ဒီတကြိမ်မှာလည်း ဘရာဇီးအလှည့်ပဲလို့ ဆိုချင်ဆိုနိုင် ပါတယ်။

ပေါ်တူဂီအသင်းကတော့ ဥရောပရဲ့ဘရာဇီးလို့ တင်စားရလောက်အောင် ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ ဖွဲ့စည်းထားပြီး
၂၀၀၆ ခုနှစ် ဂျာမနီကမ္ဘာ့ဖလားမှာ စတုတ္ထရရှိခဲ့ဖူးပါတယ်။

အသင်းကို မန်ယူလက်ထောက်နည်းပြ ကားလော့စ်ကွီယာရော့စ်က ကိုင်တွယ်နေပြီး ခြေစစ်ပွဲများမှာ ရုန်းကန်ခဲ့ရပါတယ်၊ Play – off ပွဲစဉ်မှသာ ဘော့စနီးယားအသင်းကို အသာရရှိပြီး တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါ တယ်။

အသင်းကို စီ ရော်နယ်ဒို၊ ကာဗယ်ဟို၊ ဖာရားရား၊ တီယာဂို တို့နဲ့ ဖွဲ့စည်းထားပြီး၊ နာနီကတော့ လေ့ကျင့်ကွင်းမှာ လေ့ကျင့် ရင်း ဒဏ်ရာရခဲ့လို့ မပါဝင်နိုင်တော့ပါဘူး။ ပေါ်တူဂီ အသင်းဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဆ) အတွင်း နောက်တဆင့် တက်နိုင်ဖို့ရာမှာ ဘရာဇီး၊ အိုင်ဗရီကို့စ် စတဲ့အသင်းတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်၂၇ ရှိတဲ့ အိုင်ဗရီကို့စ် အသင်းကတော့ ဥရောပ အခြေစိုက်ကလပ်များမှာ ပါဝင်ကစားနေတဲ့ ကစား သမားတွေနဲ့ ဖွဲ့စည်းထားပြီး အသင်းလိုက် ကစားပုံမှာလည်း ထက်မြက်မာကျောမှုရှိတဲ့ အသင်းတသင်း ဖြစ်ပါတယ်။

အသင်းကို ၀ါရင့် နည်းပြဖြစ်တဲ့ ဆွီဒင်လူမျိုး ဆရန်ဂိုဗန် အဲရစ်ဆင်က ကိုင်တွယ်နေပြီး အင်္ဂလန်၊ မက္ကဆီကို စတဲ့ လက်ရွေးစင် အသင်းတွေနဲ့ လာဇီယို၊ ဘင်ဖီကာ၊ မန်စီးတီး ကလပ်အသင်းတွေကို နည်းပြခဲ့ဖူးပြီး ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ဒရော့ဘာ၊ ကာလူး၊ ဘာစီလိုနာ ရဲ့ ယာယာတိုရေး တို့နဲ့ ဖွဲ့စည်းထားပါတယ်၊၊

အိုင်ဗရီကို့စ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စုအတွင်း အာဂျင်တီးနား၊ ဟော်လန်၊ ဆားဘီးယား၊ မွန်တီနီဂရိုး အသင်းတို့နဲ့ အတူ ကျရောက်ခဲ့ပြီး အုပ်စု တတိယနေရာ အဖြစ်သာ တက်ရောက်နိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၆ ရှိတဲ့ မြောက်ကိုရီးယား အသင်းကတော့ ကမ္ဘာ့ဖလားကို ဒုတိယ အကြိမ်မြောက် အလည် ရောက်ခြင်းပါ၊ ၁၉၆၆ ခုနှစ် အင်္ဂလန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကြီး အီတလီ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင် နယ် တက်ရောက်ခဲ့ပါတယ်။

ခြေစစ်ပွဲမှာ ဆော်ဒီအာရေဗျ အသင်းကို ဂိုးမရှိ သရေပွဲကစားပြီး တက်လှမ်းခဲ့ခြင်းဖြစ်ပါတယ်၊ အုပ်စုအတွင်းမှာ အင်အားအနည်း ဆုံးအသင်းဖြစ်ပြီး အုပ်စုကနေ လှည့်ပြန်ရမယ်ဆိုလည်း မြောက်ကိုရီးယား အသင်းအတွက် ကျေနပ်လောက်ပါတယ်။

ဘရာဇီး အသင်း
နည်းပြ – ဒွန်ဂါ
ဂိုး - ဒိုနီ၊ ဆီဆာ၊ ဂိုမက်စ်
နောက်တန်း - သီယာဂို ဆေးလ်ဗား၊ ဂီလ်ဘာတို၊ လွီဇာအို၊ အဲလ်ဗက်စ်၊ ဂျူအန်၊ လူစီယို
အလယ်တန်း - ရာမီးရက်စ်၊ ဘက်စ်တို့စ်၊ ဂျိုဆူး၊ အီလာနို၊ မယ်လို၊ ကာလီဘာဆန်၊ ဂ်ီလ်ဘာတို ဆေးလ်ဗား
ရှေ့တန်း - ကာကာ၊ ဂရာဖာတီ၊ ဖေဘီယာနို၊ နီလ်မာ၊ ရော်ဘင်ဟို၊ ဘက်တစ္စတာ

ပေါ်တူဂီ အသင်း
နည်းပြ – ကားလို့စ် ကွီးယော့စ်
ဂိုး - ဘီတို၊ ဖာနန်ဒက်စ်၊ အက်ဂွာဒို
နောက်တန်း - အဲလ်ဗက်စ်၊ ပီပီ၊ ရော်နယ်ဒို၊ ကော်စတာ၊ ဖာရားရား၊ ကာဗယ်ဟို၊ မီဂွယ်
အလယ်တန်း - အာမိုရီယန်၊ မီရားလက်စ်၊ ဗယ်လော့ဆို၊ ဒေကို၊ မန်ဒက်စ်၊ ဒူဒါ၊ တီယာဂို၊ စီမာအို
ရှေ့တန်း - စီ ရော်နယ်ဒို၊ အယ်မေးဒါး၊ မန်နစ်၊ ဆန်းတို့စ်

အိုင်ဗရီကို့စ် အသင်း
နည်းပြ – အဲရစ်ဆင်
ဂိုး - ဘာရီ၊ ဇော့ဂ်ဘို၊ ယီဘို့
နောက်တန်း - အန်ဂူအာ၊ ဘိုကာ၊ ကိုလို တိုရေး၊ ဂိုဟူရီ၊ တီယန်နီ၊ ဒီမယ်၊ အီဘိုယေး၊ ဘမ်ဘာ
အလယ်တန်း - ဇိုကိုရာ၊ တီယိုတီ၊ ဂေါ့ဆို၊ ရိုမာရစ်၊ ကိုနေး၊ ကီတာ၊ ယာယာတိုရေး
ရှေ့တန်း - ဒမ်ဘီယာ၊ ကာလူး၊ ဂါဗင်ဟို၊ ဒရော့ဘာ၊ ဒင်ဒန်း

မြောက်ကိုရီးယား အသင်း
နည်းပြ - ဟမ်ကင်ဂျွန်
ဂိုး - ရီမြောင်ဂတ် (ပြုံယန်းစီးတီး)၊ ကင်မြောင်ဂီလ် (အမ်ရော့ခ်ဂန်း)၊ ကင်မြောင်ဝန် (အမ်ရော့ခ်ဂန်း)
နောက်တန်း - ချာဂျောင်ဟွတ်၊ ရီဂျန်းအီလ်၊ ရီကွမ်းချွန်၊ ဂျီယန်နန် ၊ ပတ်ချိုဂျင်၊ ပတ်နမ်ချွဲ၊ နမ်ဆောင်ချွဲ၊ ရီကွမ်ဟွတ်
အလယ်တန်း - ပတ်နမ်ချွဲ ၊ ကင်ကမ်းအီလ် ၊ မမ်အီဂွတ်၊ ကင်ယောင်ဂျင်၊ အန်းယောင်ဟွတ်၊ ရီချွဲမြောင်၊ ကင်ကျောင်အီ၊၊ ပတ်ဆောင်ဟွတ်
ရှေ့တန်း - အန်ချွဲဟွတ်၊ ဂျောင်တေးဆီ၊ ဟောင်ယွမ်ဂျို ၊ ချိုးကမ်ချွဲ

အုပ်စု (ဇ)

အုပ်စု (ဇ) မှာတော့ စပိန်၊ ချီလီ၊ ဆွစ်ဇာလန်၊ ဟွန်ဒူးရပ်စ်တို့ ပါဝင်ပြီး စပိန်အနေနဲ့ အုပ်စုချောင်တယ်လို့ ပြောရင်ရပါတယ်။ အုပ်စုဗိုလ်အဖြစ် စပိန်ကိုခန့်မှန်းထားကြပါတယ်။ အုပ်စု ဒုတိယနေရာကို ကျန်သုံးသင်း အကြိတ်အနယ် ယှဉ်လုရမယ့် သဘော ရှိပါတယ်။

စပိန် အသင်းကတော့ အဆင့်သတ်မှတ်ချက် ၂ အထိ တက်လာပြီး ၂၀၀၈ မှာ ဥရောပချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဘရာဇီး၊ အာဂျင်တီးနား၊ အင်္ဂလန် တို့နဲ့အပြိုင် ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။

လက်ရှိ၂၀၀၈ ဥရောပ ချန်ပီယံအသင်းကို ယခင် ရီးရဲလ် မက်ဒရစ် နည်းပြဟောင်း ဒဲဘော့စ်က ကိုင်တွယ်နေပြီး၊ လီဗာပူး တိုက်စစ်မှူး တောရက်စ်၊ ရီးရဲမက်ဒရစ် အလယ်တန်းလူ ဇာဗီအလွန်ဆို၊ ဒေးဗစ်ဗီလာ၊ ဒေးဗစ်ဆေးလ်ဗား စတဲ့ ကစားသမား ဟောင်းတွေနဲ့ ဖွဲ့စည်းထားတယ်။

စပိန်လာလီဂါ ကစားသမားတွေနဲ့ ဥရောပ ထိပ်တန်းကလပ်တွေမှာ ခြေစွမ်းပြကစားနေကြတဲ့ ကစားသမားအများစု ပါဝင်တဲ့ အသင်းဖြစ်တဲ့ အတွက် ပြိုင်ဘက်အသင်းတွေကို ရဲရဲစိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အုပ်စုကိုတော့ ကျော်ဖြတ် နိုင် မှာဖြစ်ပြီး ဗိုလ်လုပွဲအဆင့် တက်လှမ်းနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

ဆွစ်ဇာလန် အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အုပ်စုကျော်လွန်ဖို့ အတွက် ချီလီနဲ့ အားပြိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စုကျော်လွန်ဖို့ ကို ခက်ခက်ခဲခဲ ကစားပြီးမှ ကျော်ဖြတ်နိုင်မှာပါ။

အသင်းကို နည်းပြ အတွေ့အကြုံရင်ကျက်တဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း အော့တမာဟစ်ဇ်ဖဲလ်က ကိုင်တွယ်နေပြီး ဆန်းဒရို့စ်၊ ဘဟာမီ တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ချီလီ အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၇ ကြိမ် ၀င်ရောက်ယှဉ်ပြိုင် ဖူးခဲ့ပါတယ်။ တောင်အမေရိကဇုန်မှာ ခြေစွမ်းထက်တဲ့ အသင်းဖြစ်လို့ အုပ်စုအဆင့် ကျော်နိုင်သည်သာမက ကွာတားအဆင့်အထိ တက်လှမ်းနိုင်ဖွယ်ရှိပါတယ်၊

တောင်အမေရိက ခြေစစ်ပွဲတွေမှာ အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးစတဲ့ အသင်းတွေထက် သာလွန်ကာ ဒုတိယ နေရာနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဇာမိုရာနို၊ မယ်ဆယ်လိုဆားလပ်စ် စတဲ့ နာမည်ကြီး ဘောလုံးသမားတွေ ထွက်ပေါ်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

အသင်းကို အာဂျင်တီးနား နည်းပြဟောင်း  မယ်ဆယ်လို ဘီယဲလ်ဆားက ကိုင်တွယ်နေပြီး အူဒီနီးစ်ရဲ့ဆန်ချက်ဇ်၊ ဇာရာဂိုဇာရဲ့ ဆွာဇို၊ လာဇီယိုရဲ့ကာမိုနာ၊ လေဗာကူဆင်ရဲ့ အာတူရိုဗီဒယ် တိုနဲ့ အသင်းကိုဖွဲ့စည်းထားပါတယ်။

လက်ရှိခြေစွမ်းမှာလည်း တည်ငြိမ်တောင့်တင်း ခိုင်မာမှုရှိနေတာကြောင့် အုပ်စုထိပ်ဆုံးနေရာအတွက် စပိန်အသင်းကို အဓိက ခြိမ်း ခြောက်နိုင်ပါတယ်။

ဟွန်းဒူးရပ်စ် အသင်းကတော့ ၁၉၈၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁ ကြိမ်သာ ၀င်ရောက်ယှဉ်ပြိုင်ဖူးပါတယ်။ ပလာစီယိုနဲ့ ကားလော့စ် ပါဗွန်တို့လို ကစားသမားများ ရှိပေမယ့် အုပ်စုအဆင့် ကျော်လွန်နိုင်ရေးအတွက် အလွန်တရာ ခက်ခဲလှပါတယ်။

စပိန် အသင်း
နည်းပြ - ဒဲလ်ဘောစ်
ဂိုး - ကာဆီးလပ်၊ ဗဲလ်ဒက်စ်၊ ရေးနား
နောက်တန်း - အယ်လ်ဘီယို ၊ ပီကေး၊ မာချီနာ၊ ပူယိုးလ်၊ ကပ်ဒီဗီလာ၊ ရာမို့စ်၊ အာဘီလိုအာ
အလယ်တန်း - အင်နီယေစတာ ၊ ဟာနန်ဒက် ၊ ဖာဘရီဂတ်စ်၊ မန်နူရယ် မာတာ၊ အလွန်ဆို ၊ ဆာဂျီယို ဘက်စ်ကွက် ၊ မာတီနက်ဇ်  ဆေးလ်ဗား၊ နာဗက်စ်
ရှေ့တန်း - ဒေးဗစ် ဗီလာ၊ တောရက်စ် ၊ ပတ်ဒရို ၊ လော်ရန်တေး

ချီလီ အသင်း
နည်းပြ – မာဆယ်လို ဘီယယ်ဆာ
ဂိုး - ဘရာဗို ၊ မီဂွယ်ပင်တို ၊ လူးဝစ္စမာရင်
နောက်တန်း - ဖြူရန်တက်စ် ၊ ၀ယ်ဒိုပေါင့်စ်၊ မာရီဆီယိုအစ္စလာ ၊ ကွန်ထရီရက်စ်၊ ဂယ်ရီမီဒယ် ၊ ဂွန်ဇာလိုဂျာရာ
အလယ်တန်း - ကာမိုနာ၊ အာတူရိုဗီဒယ်၊ ဗယ်ဒီဗီယာ၊ အက်စ်ထရာဒါ ၊ ဖာနန်ဒက်စ်၊ ဖီယာရို၊ မီလာ ၊တယ်လို
ရှေ့တန်း - ဆန်ချက်ဇ် ၊ ဆွာဇို၊ မာ့ခ် ဂွန်ဇာလက်၊ ဘောက်ဆက်ဂ်ျအော ၊ အော်ရယ်လန်နာ၊ ပါရီဒက်စ်

ဟွန်ဒူးရပ်စ် အသင်း
နည်းပြ – ရိန်နယ်ဒို ရူဒါ
ဂိုး - ကာနာလက်စ် ၊ ဗယ်လာဒရက်စ် ၊ အက်စ်ကိုဘာ
နောက်တန်း - ချားဗက်စ် ၊ ဖီဂွယ်ရိုအာ ၊ ပလာစီယို့စ် ၊ ဘာနာဒက်ဇ်၊ ဂါစီယာ၊ ဆာဘီလီယံ ၊ အူဇာဂူရီ ၊ မန်ဒိုဇာ
အလယ်တန်း - သောမတ်စ်၊ နူနက်ဇ် ၊ ပလာစီယို့စ် ၊ ဆီဇာဒီလီယွန်၊ အက်စ်ပီနိုဇာ၊ အယ်ဗာရက်ဇ်၊ တာစီယို့စ် ၊ ဂွေဗာရာ
ရှေ့တန်း - ကားလို့စ် ပါဗွန်၊ ဒေးဗစ် ဆွာဇို ၊ ၀ဲလ်ကမ်း၊ မာတီနက်ဇ်

ဆွစ်ဇာလန် အသင်း
နည်းပြ - အော့တမာဟစ်ဇ်ဖဲလ်
ဂိုး - ဘီနက်ဂ်လီယို ၊ ၀ုဖ်လီ၊ လီယွန်နီ
နောက်တန်း - လစ်ခ်ျစတိန်နာ ၊ မက်ဂ်နင် ၊ဆန်းဒရို့စ်၊ ဘာဂျန် ၊ ဂရစ်ခ်ျတင်း ၊ ဇီဂလာ၊ အက်ဂီမန်း
အလယ်တန်း - ဟက်ဂယ်၊ ဘာနက်တာ၊ အင်လာ၊ ဘီဟရာမီ၊ ပါဒါလီနို ၊ ဟာကန်ယာကင် ၊ ဖာနန်ဒက်စ်၊ ရှဝီဂလာ၊ ရှကီရီ
ရှေ့တန်း - အလက်ဇန္ဒား ဖရိုင်း ၊ အန်ကူဖိုး၊ ဘန်ဂျကု၊ ဒါဒီယော့
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်