ယက်တောတဦးသာ အရူးမဟုတ်

ကမ္ဘာကြီးက ရန်ကုန်မြို့ရှိ ဖြစ်ရပ်များကို အာရုံစိုက်နေကြပြီး၊ မြန်မာ့ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ခုံရုံးတင် တရားစွဲဆိုနေသော အမှုနှင့် ဤသို့ ဒေါ်စုကိုယ်တိုင် တရားခွင်ရောက်ရလေအောင် အရှုပ်ရှာခဲ့သူ၊ ဒေါ်စုအိမ်သို့ ကျူးကျော်ဝင်ရောက်ခဲ့သူ ဂျွန် ၀ီလီယံ ယက်တောအပေါ်တွင် အာရုံရောက်နေကြသည်။

ပြည်ပရောက် မြန်မာလူမျိုးများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက်များက မစ္စတာယက်တော၏ ဆင်ခြင်တုံမဲ့ အပြုအမူနှင့် မိုက်မဲမှုကို အပြစ်ပုံချ ပြောဆိုကြပါသည်။ ဒေါ်စု၏ ရှေ့နေဖြစ်သူက ၎င်းအမေရိကန်လူမျိုးကို အရူးဟုပင် ခေါ် ဝေါ်သုံးနှုန်းခဲ့ပါသည်။

ယခု ထူးဆန်းထွေလာအရှုပ်တော်ပုံကြီးတွင် မစ္စတာယက်တော တဦးတည်းသာ အရူးမဟုတ်ဟု ဆိုချင်ပါသည်။ ယခု မေးခွန်းကိုလည်း ခဏအချိန်ယူ၍ ပြန်မေးကြည့်စေချင်ပါသေးသည်။ "ယခုကိစ္စနောက်ကွယ်တွင် မည်သူ ရှိနေသနည်း။ အဘယ့်ကြောင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဤမျှအလွန်အကျွံ ဆောင်ရွက်လိုရပါသနည်း" ဟု လည်း မေးရန်သင့်ပါသည်။

ပြန်၍ အမှတ်ရသင့်သည်မှာ ၂၀၀၃ ခုနှစ်၊ ဒီပဲရင်းလုပ်ကြံမှုကြီးကို စီစဉ်ခဲ့သူမှာလည်း ဗိုလ်ချုပ်သန်းရွှေပင်ဖြစ်ပြီး၊ ဒေါ်စု၏ မော်တော်ယာဉ်တန်းကို စစ်အစိုးရလိုလားသည့် လူရမ်းကားများက တိုက်ခိုက်ခဲ့ကြဖူးသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ တွင်လည်း လမ်းပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် ရဟန်းနှင့် ဆန္ဒပြသူများကို သတ်ဖြတ်ရန်ပင် သူကပင် စီစဉ်ညွှန် ကြားခဲ့ပြန်သည်။

စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုကို ချေမှုန်းဖြိုခွင်းမှုများနှင့် ၎င်းကိစ္စအပြီး ဖမ်းဆီးအရေးယူခဲ့မှုများသည် ဗိုလ်ချုပ် သန်းရွှေ၏ သဘောတူညီချက်၊ အမိန့်မပါဘဲနှင့် ဖြစ်နိုင်ခြေ မရှိပါ။

ဗိုလ်ချုပ်သန်းရွှေ၏ အမိန့်ညွှန်ကြားမှုအောက်တွင် မြန်မာစစ်တပ်ဖွဲ့များက တိုင်းရင်းသား လူနည်းစုများအပေါ် မရေမတွက် နိုင်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ပြီး ဖြစ်ပါသည်။ အဓမ္မလုပ်အား ခိုင်းစေမှု၊ အဓမ္မ အခွန်ငွေကောက်ခံမှု၊ နှိပ်စက်ညှဉ်း ပမ်းမှုနှင့် အခြားသော  လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာများ အတောမသတ် ထွက်ပေါ်နေ ခဲ့ပါသည်။

ဤမှတ်တမ်းများအရဆိုလျှင် အမှန်တကယ် တရားခွင်တွင် စွဲဆိုရင်ဆိုင်စေရမည့်သူမှာ ဗိုလ်ချုပ်သန်းရွှေပင် ဖြစ်သည်။    

ဗိုလ်ချုပ်သန်းရွှေက ဤရာဇ၀တ်မှုများကို အပြစ်ပေး အရေးယူခြင်း မခံရဘဲ၊ ကင်းလွတ်ခွင့် ရနေခဲ့သည်။ ယခင်က ဝေဖန် ပြောဆိုထားမှုများသည်လည်း များမကြာမီ တိတ်ဆိတ်သွားမည်ဟု မျှော်လင့်ထားရင်း ပြစ်မှုများကို ဆက်လက်ကျူးလွန်နေ နိုင်ခဲ့သည်။ ယခင်က စိတ်ဓါတ်စစ်ဆင်ရေး အရာရှိအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံတကာအမြင်ကို မည်သို့ လှည့်ဖျား အသုံးချရမည်ကို နပ်နေပြီး၊ ကမ္ဘာကြီး၏ ပြောတမျိုး-လုပ်တမျိုး ကိစ္စများကိုလည်း နောကျေနေသူ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ဗိုလ်ချုပ်သန်းရွှေက ဒေါ်စုကို ယခုကဲ့သို့ အရေးယူလိုက်မှုအတွက် လူအများက တခဏတာ ဆူပူကြမည်၊ ဒေါသထွက်ကြမည်ကို မျှော်လင့်ထားပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ ကရော်ကမယ်အမှုဖြင့် စွဲချက်တင် အပြစ်ပေးပြီး၊ သူကတော့ အေးအေးချမ်းချမ်း ဆက်နေနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့် ရှိနေသည်။ ထိုသို့ယုံကြည်နေ သည့် အကြောင်းမှာလည်း လူမိုက်များနှင့် အရူးတစုအပေါ် တွက်ချက် အခြေခံကာ သူက အေးအေးသက်သာနေနိုင်ခြင်း ဖြစ်သည်။

ဤသို့သောသူများတွင် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများမှ ပြောတမျိုး-လုပ်တမျိုး ခေါင်းဆောင်များနှင့် နယူးယောက် ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အေးအေးလူလူ ထိုင်နေနိုင်သော အရာရှိများ ပါဝင်သည်။ ထိုသူများက ဤဖြစ်ရပ်အပေါ် ချက် ချင်း အလျှင်အမြန် တုံ့ပြန်လိုက်ကြမည်။ ပြုရိုးပြုစဉ် ပြစ်တင်ရှုံ့ချသည့် စကားလုံးများ သုံးနှုန်းပြောဆိုမည်။ ဤစကားလုံး များကိုလည်း စစ်အစိုးရက အတိတ်ကာလက ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်သည်။ မမှုတော့။

ဤသို့သော လူမိုက်များနှင့် အရူးများစာရင်းတွင် ယက်တောတဦးတည်းကိုသာ ကွက်၍ ထည့်မထားသင့်ပေ။ ကုလသမဂ္ဂ ၏ "အထူးသံကိုယ်စားလှယ်" အီဗရာဟင် ဂမ်ဘာရီလည်း အပါအ၀င်ဖြစ်ပြီး၊ ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန် ကီမွန်းပင် ထည့်သွင်းလျှင် ဖြစ်နိုင်သေးသည်။ ထိုသူများက မြန်မာနိုင်ငံ၏ "တိုးတက်မှု ဆိုသည်များ" ကို ချီးမြှောက်ပြော ဆိုခဲ့ကြပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ "စာမျက်နှာသစ်" ဖွင့်လှစ်လိုက်ပြီဟု ပြောဆိုခဲ့ကြသူများလည်း ဖြစ် သည်။

မည်သည့်အချိန်က ဤသို့ ဟာသမြောက်သည့် ရူးကြောင်ကြောင် စကားလုံးများ စင်ပေါ်ရောက်ခဲ့ပါသနည်း။ သူတို့ ပြော ဆိုခဲ့သမျှကိစ္စများအတွက် မည်သည့်နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟုလည်း ထိုသူတို့က ဆင်ခြင်ခဲ့ကြ ပါသလော။

ထိုမျှမက "ရာဇ၀တ်မှုတွင် အပေါင်းပါဖြစ်သူ" များကို ဆက်လက်၍ ထုနှက်ရလိမ့်ဦးမည်။ ကျန်သူများက မြန်မာစစ်ဗိုလ်ချုပ် များကို အထင်အမြင်လွဲနေကြသည်၊ ထိုသူများမှာ နိုင်ငံတကာ မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ချင်သူများ ဖြစ်ပါသည်ဟု စောဒကတက် ထောက်ခံပေးခဲ့ကြသူများပင် ဖြစ်ပါသည်။ ထိုသူများတွင် တလွဲတွေးသူ ကျွမ်းကျင်သူ ဆိုသည်များ၊ ပညာ ရှင်များ၊ သံအရာရှိများ၊ ကိုယ်ကျိုးကြည့်၍ ထောက်ခံခဲ့သူများ ပါဝင်ပါသည်။ ထိုသူများက ယခုတော့ ဘယ်ပျောက်နေကြပါ သနည်း။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းရှိ ခုံရုံး၌ တရားစွဲဆိုမှု မတိုင်မီ၊ သူတို့၏ စကားများက ကျယ်လောင်စွာ ကြားခဲ့ကြရ ပြီး ဖြစ်သည်။ စစ်အစိုးရ၏ လူ့အခွင့်အရေးကိစ္စများကို ကာကွယ်ပြောဆိုပေးခဲ့ကြပြီး၊ ဒေါ်စုနှင့် လှုပ်ရှားမှုကို သေးသိမ် အောင် ပြောဆိုခဲ့ကြသည်။

မိမိပါဝင်ခဲ့ဖူးသည့် ဆွေးနွေးဝိုင်းများတွင် မြန်မာ့နိုင်ငံရေး၌ ဒေါ်စု၏ အခန်းကဏ္ဍ ရှိပါသေး၏လောဟု မေးခွန်းထုတ် စောကြောကြသည်ကိုလည်း ကြားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှု အရေးပါမှု အခန်းကဏ္ဍကို သံသယရှိနေကြသူများ အတွက် ယခုတော့ ဗိုလ်ချုပ်သန်းရွှေက သက်သေပြလိုက်ပုံရပါသည်။ ယခုတိုင် သူမက အသိအမှတ် ဆက်လက်ပြုနေရ မည့်သူဖြစ်ကြောင်း တနည်းတဖုံဖြင့် ပြခဲ့သည် မဟုတ်ပါလား။ အတော်ကမောက်ကမ နိုင်သော အဖြစ်မှာ ဗိုလ်ချုပ်သန်းရွှေ က သူတို့ကို မျက်နှာပျက်ရအောင် လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင်ဖြင့် စစ်အစိုးရနှင့် အပြုသဘော ပူးပေါင်းဆက်ဆံ ရေး ထောက်ခံပြောဆိုပေးရန်အတွက်ပင် ခက်ရခြိမ့်မည်။

မိမိတို့အတွက် အရူးက မရှားလှပါ။ တက်ကြွလှုပ်ရှားသူများ၏ နယ်ပယ်၌သာမက အချို့သော သံအရာရှိများ၊ အစိုးရ အရာ ရှိများ၊ မြန်မာပြည်အရေး မိမိကိုယ်တိုင် ခန့်ထားကြသည့် ကျွမ်းကျင်သူများ နယ်ပယ်၌လည်း ရှိနေပါသေးသည်။ သူတို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယုံတမ်းစကားလည်း ပြောကြသေးသည်။ မကြာသေးမီက သံအမတ်တဦးက မိမိကို ပြောပါ သည်။ "မင်းတို့လည်း ၂၀၁၀ ပြီးတဲ့နောက်မှာ အိမ်ပြန်ကြရတော့မှာပါ" ဟု အားပေးခဲ့သည်။ မည်မျှ မဆီလျော်လိုက်ပါ သနည်း။

ဒေါ်အောင်ဆန်းစုကြည်အတွက် အိပ်ဖွင့်ပေးစာ ရေးသားသည်ထက်စာလျှင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်း (Gordon Brown) က ပို၍ ထိရောက်သည့်ကိစ္စ တခုခုလုပ်လျှင် ပိုသင့်တော်ပါလိမ့်မည်။ အမေရိကန်နိုင်ငံ အခြေစိုက် ရေနံ ကုမ္ပဏီကြီးများ ဖြစ်ကြသည့် ချယ်ဗရွန်၊ ပြင်သစ်မှ တိုတယ်၊ မလေးရှားမှ ပီထရိုနာ့စ်၊ တောင်ကိုရီးယားမှ ဒေ၀ူး နိုင်ငံ တကာ ကော်ပိုရေးရှင်းများကို ပို၍ထိရောက်အောင် တခုခု ပြောဆိုတိုက်တွန်းသင့်ပါသည်။ ၎င်းကုမ္ပဏီများက စစ်အစိုးရ ထောင်လွှားနေစေရေးအတွက် များစွာ ပံ့ပိုးပေးထားကြပါသည်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားနှင့် ပြင်သစ်သမ္မတ နစ်ကိုလတ်စ် ဆာကိုးဇီး (Nicolas Sarkozy) က တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံ စသဖြင့်ကဲ့သို့သော စစ်အစိုးရကို အဓိကပံ့ပိုးနေကြသည့် နိုင်ငံများ၏ ခေါင်း ဆောင်များထံ စာရေးသားကာ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ပံ့ပိုးမှုလည်း ပြုနိုင်ပါသည်။

သို့သော်လည်း အမှန်တရားမှာ ဗိုလ်ချုပ်သန်းရွှေက ယခုတိုင် စက်ခေါင်းကိုင် ဖြစ်နေဆဲ ဖြစ်သည်။ အာဆီယံအဖွဲ့၊ ကုလ၊ တရုတ်နိုင်ငံနှင့် ကျန်သော ကမ္ဘာ့နိုင်ငံများက ဗိုလ်ချုပ်သန်းရွှေ၏ ညစ်စုတ်သော လှည့်ကွက်ကို လိုက်၍ ကပြ၊ တုံ့ပြန်နေ ကြရဆဲ ဖြစ်ပါသည်။ ဒေါ်စုကို ထောက်ခံသည့် ကြေညာချက်များနှင့် သူ့ကို ဒုက္ခပေးနေသည့် စစ်အစိုးရအပေါ် ပြစ်တင် ရှုံ့ချနေကြသည့် ကြေညာချက်များမှာ မကြာမီတွင်ပင် လေထဲ အငွေ့ပျံသွားကြမည်ပင် ဖြစ်သည်။ ကမ္ဘာကြီးတခုလုံးက မခံ မရပ်နိုင်ဖြစ်နေကြသည့် ဒေါသများသည်လည်း၊ ကမ္ဘာကြီး၏ "သူတော်ကောင်းဟန်ဆောင်မှု" တခု အဖြစ်သာ ကျန်ရှိခဲ့ လိမ့်မည် ဖြစ်ပေတော့သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်