ကန်နမ်သင်္ဘောက သတင်းတခုလည်း သယ်ဆောင်လာသည်

မြောက်ကိုရီးယား သင်္ဘောတစင်း၏ ခရီးစဉ်ကို ပဟေဠိ ဖြစ်နေကြသည်။ ၎င်းသင်္ဘောတွင် မြန်မာနိုင်ငံသို့ လက်နက်များ သယ်ဆောင် လာသည်ဟု ယူဆနေကြပြီး ကမ္ဘာ့ကုလသမဂ္ဂက နောက်ဆုံး ချမှတ်ခဲ့သည့် မြောက်ကိုရီးယားအပေါ် ဒဏ် ခတ်ပိတ်ဆို့မှုက အမေရိကန်အပါအ၀င် အနောက် မဟာမိတ်နိုင်ငံများ ဤသင်္ဘောကို မည်သို့ တားဆီး ရှာဖွေ ကြမည်ကို ဆက်လက်စောင့်ကြည့်ရန် ရှိနေသည်။

ကန်နမ်သင်္ဘော၏ ခရီးစဉ်က မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး စစ်အာဏာပိုင်ဟု ယူဆနိုင်သည့် တပ်မတော် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ခရီးစဉ်အပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ် သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခံထားရသည့် အခြေအနေတွင် လက်နက် ခဲယမ်းများနှင့် အဆင့်မြင့်နည်းပညာများကို မြန်မာစစ်အစိုးရက အငမ်းမရရှာဖွေနေကြသည့် အချိန်နှင့်လည်း ကြုံကြိုက် နေသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားအဆင့်မြင့် စစ်ခေါင်းဆောင်များက စစ်စခန်းနှင့် ဌာန အများအပြားသို့ လိုက်လံ ပြသခဲ့ကြသည်ဟု ဧရာဝတီမဂ္ဂဇင်းက ရရှိလာခဲ့သည့်လျှို့ဝှက် မှတ်တမ်းတခုတွင် ဖော်ပြထားသည်။

စစ်ရေး လေ့လာသုံးသပ်နေကြသူများက မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရထံမှ မြန်မာစစ်အစိုးရက လက်နက်များ၊ စစ် ရေးနည်းပညာများနှင့် စစ်ရေးဆိုင်ရာ ဌာနများအတွက် အသုံးပြုမည့် မြေအောက်ဥမင် တည်ဆောက်ရေး ကျွမ်းကျင်မှု အတတ်ပညာများလည်း အကူအညီ ရရှိနေကြသည်ဟု ဆိုပါသည်။ အပြန်အလှန်အားဖြင့် မြန်မာဘက်က အစား အသောက်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြန်လည် ပေးပို့နေကြသည်။

တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းရပ်ကွက်များက ယခု ကန်နမ်သင်္ဘောသည် တရားမ၀င်ပစ္စည်းများ မှောင်ခို ကုန်ကူးသည့်ကိစ္စတွင် တစိတ်တပိုင်း ပါဝင်ပတ်သက်နေပြီး လက်နက်များ သယ်ဆောင်လာသည်၊ ရန်ကုန်မြို့သို့ဦးတည် နေသည်ဟု ယုံကြည်နေပါသည်။

အမေရိကန်ရေတပ် စစ်သင်္ဘောတစင်းက ကန်နမ်သင်္ဘော၏နောက်မှ နောင်ယောင်ခံလိုက်လျက်ရှိပြီး ထိပ်တိုက်တွေ့ စရာ အကြောင်းရှိနေသည့် ယခုကိစ္စကို ၀ါရှင်တန်ရှိ အမေရိကန် အစိုးရက မည်သို့ကိုင်တွယ်ဆောင်ရွက် မည်ကိုလည်း မြန်မာ ဗိုလ်ချုပ်များက အထူးသတိကြီးစွာ စောင့်ကြည့်နေကြပါသည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ အမေရိကန်ပြည်ထောင်စုက ကန်နမ်သင်္ဘောကို တက်ရောက်ရှာဖွေခွင့်ရှိပြီး ကုန်သင်္ဘော ကို ရှာဖွေခွင့်လည်း တောင်းခံထားသည်။ သို့သော်လည်း အင်အားသုံး၍ တက်ရောက်ရှာဖွေရန်ကိုမူ ခွင့်ပြုမထားပါ။

သင်္ဘောပေါ် တက်ရောက်ရှာဖွေရန် မြောက်ကိုရီးယားနိုင်ငံက ခွင့်ပြုဖွယ် မရှိ၍ ပင်လယ်ပြင်ထဲတွင် ထိပ်တိုက်တွေ့ဆုံရမှု များ ဖြစ်လာနိုင်သေးသည်။ ၀ါရှင်တန်က မည်သို့မည်ပုံ တုံ့ပြန်လာနိုင်သည်ကို မြန်မာ စစ်ဗိုလ်ချုပ်များ သိလို နေကြပါ သည်။

ဒေါ်အောင်ဆန်းစုကြည် ကို ခုံရုံတင်တရားစွဲဆိုနေသည့်ကိစ္စ၊ ကရင်ဒုက္ခသည်များနှင့် အတိုက်အခံအဖွဲ့များကို ထိုးစစ်ဆင် နေသည့် ကိစ္စများ ဆက်လက်လုပ်ဆောင်ပြီး စစ်အစိုးရက ၎င်းတို့၏ "ဒီမိုကရေစီ လမ်းပြမြေပုံ" အတိုင်း တဖက်သတ် ခရီးနှင်ပါက အကျိုးဆက်များ မည်မျှ တွေ့ကြုံလာရဖွယ်ရှိသည်ကို ယခု သဘောင်္အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့် နှိုင်းချိန်နိုင်ပါသည်။

မည်သို့ဖြစ်စေ၊ မြန်မာစစ်အစိုးရက ကုလသမဂ္ဂရှိ ၎င်း၏မဟာမိတ်နိုင်ငံ ၂ ခုဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံများမှ အားကိုး ရနိုင်သေးသည်ဟု တွက်ဆထားနိုင်ပါသည်။ ၎င်းနိုင်ငံများက အကယ်၍ လုံခြုံရေးကောင်စီက မြန်မာစစ်အစိုးရအပေါ် အရေးယူဖွယ်ကိစ္စများ ရှိလာပါက ဗီတိုသုံး၍ တားဆီးကာကွယ်ပေးနိုင်ပါသေးသည်။

မကြာသေးမီက စစ်အစိုးရ၏ ဒုတိယအမြင့်ဆုံး ဗိုလ်ချုပ်ကြီး မောင်အေး တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းကို ကြည့်ပါက၊ ဘေဂျင်းအစိုးရက ဆက်လက်ထောက်ခံပေးရန် အာမခံချက်ရယူနိုင်ရန် သွားရောက်ကြိုးပမ်းခဲ့ပုံ ရပါသည်။

တရုတ်နိုင်ငံ၏ ဒု သမ္မတ ဇီ ဂျင်ပင်း (Xi Jinping) က ဗိုလ်ချုပ်မောင်အေးထံသို့ ထပ်မံသတိပေးပြောကြားခဲ့ရာတွင် မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရမည့် ပထမဦးဆုံးအုပ်စုဝင် နိုင်ငံများတွင် ပါဝင် သည် ဟု ဆိုပါသည်။ နှစ်နိုင်ငံအနေနှင့် လက်ရှိ စီမံကိန်းများကို အကောင်အထည်ဖော်ရင်း နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရေး ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံက လာမည့် စက်တင်ဘာလတွင် ကီလိုမီတာ ၁,၁၀၀ အရှည်ရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မြန်မာနိုင်ငံကို ဖြတ်၍ စတင်ဖောက်လုပ်တော့မည် ဖြစ်သည်။

ရုရှားနိုင်ငံကလည်း ၎င်း၏ရပ်တည်ချက်ကို လွန်ခဲ့သည့် တနင်္ဂနွေနေ့က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံအနေနှင့် မြန်မာစစ်အစိုးရအပေါ် သြဇာသက်ရောက်နိုင်စေရန် နိုင်ငံရေးနှင့် စီးပွားရေး ဖိအားပေးမှုများကို ဆန့်ကျင်သည်ဟု ဆိုခဲ့သည်။ ရုရှားသတင်း ၀က်ဘ်ဆိုက်တခုဖြစ်သည့် www. itar-tass.com  အဆို အရ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတကာပြဿနာသဖွယ်ဖြစ်အောင် မြှင့်တင်နေခြင်းအား ဆန့်ကျင်သည်ဟု ဆို သည်။ အကြောင်းမှာ မြန်မာပြဿနာက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိ ဟု ဆိုကာ သူက ပယ်ချခဲ့ပါသည်။

"ကုလ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကို ဆွေးနွေးသင့်သည်ဟု မိမိတို့က အကြောင်းမမြင်မိပါ" ဟု ၎င်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂသည် အမှန်တကယ်တွင် အဆိပ်မရှိဟု သိထားကြသည့် အလျှောက်၊ မြန်မာစစ်ဗိုလ်ချုပ်များကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မြန်မာ နိုင်ငံသို့ နောက်တခေါက်လာလည်ပါရန် ဖိတ်ကြားပါတော့သည်။

ဘန်ကီမွန်းက လွန်ခဲ့သည့်နှစ် အပျက်အစီး အသေအပျောက်များလှသော နာဂစ်မုန်တိုင်းကြီး ဖြစ်ပွားပြီး နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်လာခဲ့သေးသည်။ တံခါးပိတ်ထားသည့် မြန်မာစစ်အစိုးရကို မုန်တိုင်းကယ်ဆယ်ရေးအတွက် နိုင်ငံ ခြားသား အကူအညီပေးရေးလုပ်သားများ ပို၍ ၀င်ရောက်ခွင့်ပြုရန် တောင်းဆိုမေတ္တာရပ်ခံဖို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခုတကြိမ် ခရီးစဉ်တွင်တော့ မည်သည့်ရလဒ်ထွက်ပေါ်လာပါမည်နည်းဟုလည်း လေ့လာသူများက စောကြောနေကြ သည်။

နိုင်ငံရေး ဝေဖန်သုံးသပ်သူများကမူ နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများနှင့် သံတမန်ရေးဖိအားများကို လျစ်လျူရှု၍ အင်းစိန် ထောင်အတွင်းရှိ ခုံရုံးက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံခြားသား တဦးအား အိမ် တွင်း လက်ခံထားမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ပြစ်ဒဏ်ချလိမ့်မည်ဟု သုံးသပ် ထင်ကြေးပေး နေကြပါ သည်။

နေပြည်တော်ရှိ အာဏာချက်မ နှင့် နီးသည့် သတင်းဌာနများ၏ အဆိုအရလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ရန် စစ်အစိုးရခေါင်းဆောင်များက အင်းစိန်ထောင်သို့ အမိန့်ညွှန်ကြားချက် ပေးထားပြီး ဖြစ်ကြောင်း ဧရာဝတီ မဂ္ဂဇင်းက ကြားသိရပါသည်။

ရဲနည် ရေးသားသည့် Kang Nam Could Hold a Message, not just Arms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်