မြောက်ကိုရီးယားနှင့် မြန်မာ ဆက်ဆံရေး နီးစပ်လာမှု စိုးရိမ်ဖွယ်

မကြာသေးမီကမှ ထွက်ပေါ်လာသော မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နီးကပ်စွာ ဆက်ဆံမှု အချက်အလက်များသည် မြန်မာနိုင်ငံ၏ သံတမန်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ အကြီးအကျယ် ဆုံးရှုံးနေမှုကို သက်သေခံနေပါသည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မတရား ခုံရုံးတင် တရားစွဲဆိုချိန်မှစ၍ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအစိုးရ များအကြား မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။ အစဉ်အလာအရ ရပ်တည်ထောက်ခံပေးနေကြသည့် မဟာမိတ်နိုင်ငံများ ထံမှ ပင် ထောက်ခံမှုရပါတော့မည်လောဟု စိုးရိမ်ဖွယ် အခြေအနေ ဖြစ်လာခဲ့သည်။

လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားရသည့် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေသောကိစ္စနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန် ကြေညာချက်များပြု၍ ဝေဖန်ခဲ့ပြီး နောက်ပိုင်း၊ အာဆီယံ အဖွဲ့နှင့် ဆက်ဆံရေးယိုယွင်းလာရသည်။ ဤထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံ၏ "ဂုဏ်သိက္ခာ နှင့် ယုံကြည်မှု" ကျဆင်းစရာ အကြောင်းဖြစ်လာပြီ၊ "ပြဿနာဖြစ်ဖွယ်" ရှိလာပြီဟု ဆိုခဲ့သည်။

ထိုမျှမက မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုထားသည့် နိုင်ငံတခုဖြစ်သည့်အပြင်၊ မြန်မာစစ်အစိုးရနှင့် နီးကပ်စွာ ဆက်ဆံနေသည့် စင်္ကာပူနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်ကလည်း လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အင် အားစုများအားလုံး ပါဝင်နိုင်ရန် လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးသင့်ကြောင်း ပြောင်ပင် ဖွင့်ဟဆိုလာခဲ့ သည်။

စင်္ကာပူ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်လည်းဖြစ်သူ မစ္စတာ ဂို က ပြောကြားခဲ့ရာတွင် စင်္ကာပူနိုင်ငံ မှ ရင်းနှီးမြှုပ်နှံသူများက ရွေးကောက်ပွဲပြီးမှသာ အခြေအနေကိုကြည့်၍ ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း၊ နိုင်ငံအတွင်း သို့ ၎င်းတို့၏ ငွေများ မထည့်သွင်းမီ စောင့်ကြည့်နေကြကြောင်း ဆိုခဲ့သည်။

ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံက ဖိအားပေးမှုကြောင့် မြောက်ကိုရီးယားနှင့် နီးကပ်စွာ ဆက်ဆံလာနေသည် ဟု ပြောရန်စောသေးသော်လည်း၊ မကြာသေးမီက တွေ့ရှိချက်များအရ စိုးရိမ်မှုများ တိုးပွားလာစေသည်ကတော့ မလွဲဖြစ် သည်။ အထီးကျန်နေသော နိုင်ငံနှစ်ခုကြောင့် ဒေသအတွင်း အန္တရာယ် ၂ ဆ တိုးလာဖွယ်လည်း ရှိနေသည်။

ကမ်နန်(၁) ဟု အမည်ရသည့် ကုန်တင်သင်္ဘော မြန်မာနိုင်ငံသို့ ဦးတည်သွားဖွယ်ရှိနေသည်ဆိုသည့် ပဟေဠိဆန်လှသော ခရီးစဉ်၊ အမေရိကန် ရေတပ်စစ်သင်္ဘောက နောက်ယောင်ခံလိုက်နေသည့် အခြေအနေ၊ ပေါက်ကြားထွက်ပေါ်လာသော မြန်မာစစ်အစိုးရ၏ မြေအောက်ဥမင်များနှင့် ပုန်းဂူများအကြောင်း ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကြောင့် မြောက်ကိုရီးယား အင်ဂျင်နီယာများ အကူအညီဖြင့် ဆောက်လုပ်နေကြသည့် ဤ မြေအောက်ဥမင်များသည်  မြန်မာစစ်အစိုးရ၏ အနုမြူ ဓာတ်ပေါင်းဖို စီမံကိန်းနှင့်လည်း ဆက်စပ်နေသလောဟု ဒေသဆိုင်ရာ နိုင်ငံများမှ သံသယကြီးထွားလာနေရသည်။

တချို့လေ့လာသုံးသပ်သူများက ဆိုကြရာတွင် မြန်မာနိုင်ငံက သမားရိုးကျမဟုတ်သည့် လက်နက်များပိုင်ဆိုင်ရန် ကြိုးပမ်း နေသည်ဟူသည့် သတင်းများက မပြေးသော် ကန်ရာရှိဟု ဆိုကြသည်။

"မြောက်ကိုရီးယားနိုင်ငံက ဆီးရီးယားကို နျူကလီးယားလက်နက် ရောင်းချပေးတာ၊ မြန်မာနိုင်ငံကို စကဒ် ဒုံးကျည် ရောင်းချပေးတာ၊ သမားရိုးကျ လက်နက်တွေ ထုတ်ရောင်းချနေတာကို ကြည့်ရင်၊ ဖျက်အားပြင်းလက်နက် (WMD) အတွက်လည်း ဆက်ဆံရေးရှိနိုင်တယ်လို့ သံသယရှိစရာ အကြောင်းရှိပါတယ်" ဟု မြန်မာ့အရေး ကျွမ်းကျင်သူနှင့် ယခင် သမ္မတဘုရှ်၏ အကြံပေးအရာရှိဖြစ်သူ မိုက်ကယ် ဂရင်း (Michael Green) က ဝေါလ်စထရိ သတင်းစာသို့ မကြာသေးမီ က ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်အတန်ကြာ မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် မပြေမလည် ရှိနေသောနိုင်ငံများနှင့် တိုး၍ဆက်ဆံနေပြီး၊ အထူးသဖြင့် လက်နက်စက်ရုံ ၁၈၀ ကျော်ရှိနေကာ အကယ်၍ စစ်ပွဲများ ဖြစ်လာပါက အစိုးရ ရုံးဌာနများ၊ စစ်တပ် အမိန့် ပေးဌာနများထားရှိရန် မြေအောက် ဥမင် ၈,၂၀၀ ကျော် တည်ဆောက်ထားသည့် မြောက်ကိုရီးယားနှင့် သိသိသာသာ ဆက်ဆံရေးပြုနေခဲ့သည်။

လေ့လာနေသူများက ပြောရာတွင် စီးပွားရေးဒဏ်ခတ်အရေးယူမှု ခံထားရသောကြောင့် မြန်မာက အမေရိကန်အစိုးရကို ရန်လိုသည့် သဘောထားရှိနေပြီး၊ အမေရိကန်က ကျူးကျော်မည်လောဟု စိုးရိမ်ကြောက်ရွံ့မှုများ ရှိနေသည်ဟု ဆိုကြ သည်။ သို့အတွက်ကြောင့်လည်း မြောက်ကိုရီးယားအကူဖြင့် အလျှင်အမြန် ပြင်ဆင်နေခြင်းဖြစ်သည်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံအတွင်း မြှုပ်နှံထားသည့် မြောက်ကိုရီးယား သူလျှိုများက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမ္မာန်တွင်
ဗုံးထောင်လုပ်ကြံ၍ တောင်ကိုရီးယားဝန်ကြီး ၄ ဦးအပါအ၀င် လူ ၁၈ ဦးသေဆုံးစေသည့် ဖြစ်ရပ်ရှိခဲ့ဖူးသည်။ မြန်မာနိုင်ငံ ကို တည်ထောင်ခဲ့သူ ဖခင်ကြီးများ၏ ဂူဗိမ္မာန်တွင်မှ ယခုကဲ့သို့ ပက်စက်သော အကြံအစည်ကို စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။

ဤဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံက မြောက်ကိုရီးယားနှင့် ဆက်ဆံနေမှု ကိစ္စအားလုံးကို ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း စစ် တပ် ဖွံ့ဖြိုးခေတ်မီရေးအတွက် လက်နက်နှင့် နည်းပညာများ ရယူလိုနေသည့် မြန်မာစစ်တပ်က မြောက်ကိုရီးယားနိုင်ငံထံမှ တရားဝင် တောင်းပန်မှု တစုံတရာ မရှိပါဘဲလျှက် ပြန်၍သံတမန်ဆက်သွယ်မှုများ ပြုခဲ့သည်။

နေပြည်တော်နှင့် အနီးတ၀ိုက်ဒေသများရှိ ဥမင်နှင့် လိုဏ်ခေါင်းများ စီမံချက်သည် ပြည်သူများ၏ ဘေးရန်မှသော် လည်း ကောင်း၊ ပြင်ပကမ္ဘာ၏ ရန်ကိုသော်လည်းကောင်း ကာကွယ်ရန် တည်ဆောက်ထားခြင်း ဟုတ် မဟုတ် အတိအကျ မဆို နိုင်သေးသော်လည်း၊ သေချာသည်မှာ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးများက မြေကျင်းတူး၍ သူတို့ကိုယ်သူတို့ ပို၍ အထီးကျန် အောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

ခံကတုတ် တူး၍ လုံခြုံရေးလုပ်လိုသည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ စဉ်းစားချက်မှာ ၁၉၆၂ ခုနှစ် ဒီမိုကရေစီ အစိုးရထံမှ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စတင်ခဲ့သည်ဟုဆိုလျှင် ရနိုင်သည်။ မြန်မာနိုင်ငံက အစဉ်သဖြင့် သူတို့ကိုယ်သူတို့ အချုပ် အခြာ အာဏာပိုင်နိုင်ငံတခုအဖြစ် ခုခံပြောဆိုနေခဲ့ပြီး မြန်မာနိုင်ငံမှ သဘာဝ သယံဇာတများ ရယူလိုနေကြသည့် မိတ်ဆွေ ပီသသည့် အိမ်နီးချင်း နိုင်ငံများ ၀ိုင်းနေသည်။ သို့သော်လည်း အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများ လုပ်နေသည်ဟု ယူဆထားကြသည်။ အမှန်မှာမူ စစ်အစိုးရက ဤဒိုင်းကာနောက်မှနေ၍ သူတို့ စိတ်ကြိုက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်လိုနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက လည်း "ပြည်တွင်းရေး" ဟူ၍ မျက်စိမှိတ်ထားကြမည်ဟု သူတို့က ယူဆထားကြသည်။

ယခုအချိန်တွင်တော့ ကမ္ဘာက မယုံကြည်ရဆုံး၊ အနုမြူစစ်ပွဲတခု ဆင်နွှဲရန်လည်း ဟန်တပြင် ပြင် လုပ်နေသည့် မြောက် ကိုရီးယားနှင့် မြန်မာက ပိုမိုနီးကပ်စွာ ဆက်ဆံပြနေပြီ ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးကိစ္စသည် ကမ္ဘာ့နိုင်ငံများအကြား သတိထားဖွယ်ဟု ပြောလျှင် စောသည်ဟု မဆိုနိုင်ပါ။ တိမ်တောင်သဖွယ် မင်းရေးကျယ်သည့် ကမ္ဘာနှင့် ဒေသဆိုင်ရာ ဆက်ဆံရေးတွင် တင်းမာမှုသစ်များ တိုးလာမည့်အခြေအနေကိုလည်း မြင်တွေ့နေရပါတော့သည်။

ရဲနည် ရေးသားသည့် Closer Burma-N Korea Ties a Serious Cause for Concern ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်