မြန်မာပြည် ပြုပြင်ပြောင်းလဲရေး တရုတ်ပြောဆို

E-mail Print
တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ၀မ်ကျားပေါင်က မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုကို မျှော်လင့်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း တရုတ် အင်တာနက် စာမျက်နှာ www.news.qq.com တွင် ယမန်နေ့က ထုတ်ဖော် ရေးသားလိုက်သည်။

၎င်းအင်တာနက် စာမျက်နှာသည် တရုတ်နိုင်ငံတွင် ၀င်ရောက်ကြည့်ရှုသူ အများဆုံး စာမျက်နှာ ဖြစ်သည်။

ယင်းသို့ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်ရေးတို့ကို ထိခိုက်ခြင်း မရှိစေရန်အတွက် မှန်မှန် လုပ်ဆောင်ရန် လိုသည်ဟု မစ္စတာ ၀မ်ကျားပေါင်က ပြောကြားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာဝမ်ကျားပေါင်က တရုတ်မြန်မာ ၂နိုင်ငံ သံတမန် ဆက်ဆံရေးသည် ရာစုနှစ် ၆ ခုခန့် ရှည်ကြာ ခဲ့ပြီ ဖြစ်ပြီး ယင်းဆက်ဆံရေးကို ရေရှည် ထိန်းသိမ်းသွားရန် လိုကြောင်း ပြောသည်ဟုလည်း ပါရှိသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီးပွားရေးနှင့် အခြားသော ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများ နှင့်ပတ်သက် ပြီး မြန်မာပြည်ကို ပေးအပ်ခဲ့သော အကူအညီအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ တရုတ်မြန်မာ ၂နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မြဲအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း နှင့်  တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း ပြောသည်ဟု ယင်းသတင်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စု Temple တက္ကသိုလ် အာရှ လေ့လာရေး ဌာနမှ ပါမောက္ခ ဂျက်ဖ်ကင်စတန်ကမူ “ဒီခရီးစဉ်ကို ကျနော့်အနေနဲ့ သိပ်မျှော်လင့်မထားပါဘူး၊ အပြောင်းအလဲ တစုံတရာ ဆောင်ရွက်ဖို့ စစ်အစိုးရကို တရုတ်က ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

မြန်မာ့အရေး လေ့လာသူတချို့က မြန်မာပြည်အပေါ် ထားရှိသည့် တရုတ်၏ မူဝါဒကို သံသယရှိကြပြီး တရုတ်သည် ၎င်း၏ ကိုယ်ပိုင် စီးပွားရေး နှင့် မြန်မာ့ စစ်အင်အားကိုသာ စိတ်ဝင်စားကြောင်း သုံးသပ်ကြသည်။

သို့ရာတွင် တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက “ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က ပြောတာဟာ ကောင်းတဲ့ လက္ခဏာပါ၊ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ စကားလုံးတွေက တရုတ်နဲ့ မြန်မာရဲ့ ယခင် မူဝါဒကို ထင်ဟပ်နေပါတယ်” ဟုပြောသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း၊ စွမ်းအင် ၀န်ကြီးဌာန အဆင့်မြင့် အရာရှိများ နှင့် စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်များလည်း ပါဝင် ကြောင်း အဆိုပါ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
 
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဇွန်လ ၁၅ရက်နေ့က တရုတ်ပြည် ဘေဂျင်းမြို့တော်သို့ ရောက်ရှိခဲ့ပြီး Xi’an, Hangzhou, Nanning နှင့် အခြားသော နေရာများသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်သည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရောက်ရှိ နေစဉ်အတွင်း ယင်းအင်တာနက် စာမျက်နှာက မြန်မာ့ ရေးရာ ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် Bertil Lintner ၏ မြန်မာနှင့် မြောက်ကိုးရီးယား ဆက်ဆံရေးဆိုင်ရာ ဆောင်းပါးကို ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လေ့လာသူများ၏ အဆိုအရ  မြန်မာစစ်ခေါင်းဆောင်များ မျှော်လင့်အိပ်မက်နေသော  နျူကလီးယား အစီအစဉ် အား မြောက်ကိုးရီးယားက ကူညီမည်ကို တရုတ်အစိုးရ အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း မြောက်ကိုးရီးယား အာဏာရှင်  ကင်မ်ဂျုံအီးလ်၏ သားဖြစ်သူ ကင်မ်ဂျုံအန်းသည် ပြီးခဲ့သော သတင်းပတ်က ဘေဂျင်းသို့ တိတ်တဆိတ် လာရောက် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ပါမောက္ခ ဂျက်ဖ်ကင်စတန်က “တရုတ်အစိုးရရဲ့ ထောက်ခံမှူကို ရထားတဲ့ နိုင်ငံတကာရဲ့ အစွန့်ပစ်ခံ အာဏာရှင် နိုင်ငံက မစ္စတာ ကင်မ်ဂျုံအန်း လာပြီးတော့  ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဘေဂျင်းကို လာသွားတာဟာ စိတ်ဝင် စားဖို့ ကောင်းပါတယ်” ဟုပြော သည်။

ပြီးခဲ့သည့် ဧပြီလက ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့ သည်။ ထို့အပြင် ၂၀၀၈ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့သကဲ့သို့ မြောက်ကိုးရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းသို့ သွားရောက်ရာတွင် မြန်မာပြည်၌ ရပ်နားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်