ဂန်ဘာရီ မြန်မာပြည် သွားမည်

E-mail Print
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် လာမည့် ဇွန် ၂၅ ရက်တွင် မြန်မာပြည်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီသည် လာမည့် ကြာသပတေးနေ့မှ စနေနေ့အထိ သွားရောက်မည်ဖြစ်ပြီး ဇူလိုင် လဆန်း တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ အကြိုခရီးစဉ် ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးကို ကိုးကား၍ AP သတင်းက ဖော်ပြထားသည်။

မစ္စတာ ဂန်ဘာရီသည် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တချို့၊ စစ်အစိုးရ ထောက်ခံသည့် အဖွဲ့များနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး နှင့် တွေ့ဆုံခဲ့ခြင်းမရှိပေ။

ထိုခရီးစဉ်နှင့် ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်မှာ တိုးတက် ပြောင်းလဲမှု တစုံတရာ မရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန် ထမ်းဆောင်စဉ်မှစပြီး မြန်မာနိုင်ငံ ခရီးစဉ်ပေါင်း ၇ ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်းတွင် မြန်မာပြည်သို့ လာရောက်ရန် ပြီးခဲ့သည့် အပတ်အတွင်းတွင် ဖိတ်ကြားထားသည်။  

မစ္စတာ ဘန်ကီမွန်း၏ အာရှ ခရီးစဉ် အစီအစဉ်အရ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ၂ ရက်နေ့အထိ ဂျပန်နိုင်ငံ ခရီးစဉ်အပြီး၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်အပတ်အတွင်းအထိ အာရှခရီးစဉ်တွင် မြန်မာပြည်သွားရန် ဆုံးဖြတ်ချက်မချဖြစ်သေးကြောင်း မစ္စတာ ဘန်ကီမွန်း ၏ ပြောခွင့်ရ အမျိုးသမီး မီရှဲလ် မွန်းတပ်(စ်) ကပြောသည်။

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ပထမအဆုံးအကြိမ်သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ခဲ့သည်။

တချိန်တည်းတွင် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာပြည်သွားရောက်၍ စစ်အစိုးရကို ဖိအားပေးပြောဆိုရန် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

ကုလသမဂ္ဂကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တို့ကို တောင်းဆိုထား သည်။ ယင်းတောင်းဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း လည်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်