မြန်မာနိုင်ငံအပေါ် ဖိအားပေးနေမှုများ ရုရှား ကန့်ကွက်

E-mail Print
မြန်မာနိုင်ငံ အပေါ် နိုင်ငံရေးနှင့် စီးပွားရေး ဖိအားပေးနေမှုများကို ကန့်ကွက်ကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဌာနက ယမန်နေ့က ထုတ်ဖော်ပြောကြား လိုက်သည်။

ရုရှားနိုင်ငံ သတင်းနှင့် ပြန်ကြားရေးက ယင်းထုတ်ပြန်ချက်ကို ရုရှားနိုင်ငံ အင်တာနက် စာမျက်နှာ တခုဖြစ်သော www.itar-tass.com/eng/ ပေါ်တွင် ရေးသားထားသည်။

နိုင်ငံခြားရေးဌာနက“မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို နိုင်ငံတကာ ပြဿနာဖြစ်အောင် အတိုက်အခံတွေက ကြိုးပမ်း အားထုတ် နေပါတယ်၊ မြန်မာ့ အရေးဟာ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို မထိခိုက်ပါဘူး၊ ကျနော်တို့ အမြင်အရ စီးပွားရေးနဲ့ နိုင်ငံရေး ဖိအားပေးခြင်းအားဖြင့် လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်မှာ မဟုတ်ပါဘူး၊ စစ်အစိုးရကသာ ပိုအထီးကျန် ပြီးတော့ နိုင်ငံသားတွေရဲ့ စီးပွားရေးက ပိုဆိုးလာမှာပါ” ဟု ပြောကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

ရုရှား အနေဖြင့် မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက် နေမှုကို စောင့်ကြည့် လျက်ရှိကြောင်း၊ လမ်းပြ မြေပုံတွင် ချမှတ် ထားသည့် အတိုင်း ၂၀၁၀ ရွေး ကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းဌာနက ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင်ထိန်းသိမ်းရေး အတွက် နိုင်ငံတကာမှ ၀ိုင်းဝန်း ဖိအားပေးကြရန် အာဆီယံ၊ ဥရောပသမဂ္ဂ နှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား တို့က တောင်းဆိုခဲ့သည်။

အဆိုပါ နိုင်ငံခြားရေးဌာနက “မြန်မာအကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ အကြောင်းပြချက် တစုံတရာကို မတွေ့မိဘူး၊ တချိန်တည်းမှာ မြန်မာပြည်ကို ပိုပွင့်လင်းဖို့ နိုင်ငံတကာနဲ့ အတူ ကုလသမဂ္ဂ အထူးသံ ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်၊ မြန်မာနဲ့ ကမ္ဘာ့ နိုင်ငံ တွေကြားမှာ အပြန်အလှန် နားလည်မှုကို တည်ဆောက်တဲ့ နေရာမှာ တွေ့ဆုံဆွေးနွေးရေးက အလုပ် ဖြစ်ပါ လိမ့်မယ်” ဟု  ပြောဆိုသည်။

ရုရှား အနေဖြင့် ဒေါ်အောင်ဆန်း စုကြည် အပေါ်စွဲဆိုထားသော အမှုသည် တရားမျှတမှုရှိရန် မျှော်လင့်ကြောင်း ၊ မိမိနိုင်ငံ ဥပဒေနှင့် လူ့အခွင့်အရေး စံနှုန်းများဖြင့် ဆောင်ရွက်သော်လည်း နိုင်ငံတကာ၏ အမြင်ကိုလည်း အလေးထားရန် လိုသည် ဟု ထင်ကြောင်း ယင်း ဌာန၏ ပြောကြားချက်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ရှရုားနိုင်ငံတွင် ယခုလက်ရှိ မြန်မာ့ နည်းပညာရှင်နှင့် စစ်တပ်မှ အရာရှိ ၅၀၀၀ခန့် ပညာသင်ကြားလျက် ရှိသည်။

၂၀၀၇ ခုနှစ်က လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက် ချမှတ်ရာတွင် ရှရှားနှင့် တရုတ်နိုင်ငံ တို့သည် ဗီတိုအာဏာ သုံးပယ်ချခဲ့သည်။

ယင်း၂၀၀၇ ခုနှစ်ကပင် ရုရှနိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီ Rosatom ၏ အကူအညီဖြင့် ၁၀ မီဂါဝပ်အင်အားရှိ အဏုမြူ ဓာတ်ပေါင်းဖို တလုံး တည်ဆောက်ရန် အစီအစဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုလိုက်ခြင်းကြောင့် မြန်မာ့ အရေး လေ့လာ အကဲဖြတ်နေ သူများအကြားတွင် ထိတ်လန့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်ပေါင်း (၆၀)ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁ လ အကြာ တွင် ၂နိုင်ငံ အပြန်အလှန် သံတမန် အဆက်အသွယ် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

၁၉၅၅ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက ရှရှားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ သကဲ့သို့ ရှရုားခေါင်းဆောင် ခရူးရှက်ကလည်း မြန်မာပြည်သို့ လာရောက်လည်ပတ်ခဲ့သည်။

ရန်ကုန် စက်မှုတက္ကသိုလ်၊ အင်းလျား လိတ် ဟိုတယ်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စ၀်စံထွန်း ဆေးရုံတို့ကို ရုရှားက တည်ဆောက် ပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်