ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

E-mail Print
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရာဘ (ခေါ်) မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၂ သောင်းခန့် ကို ပြီးခဲ့သည့် စနေနေ့က တရားခံနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း နေပြည်တော် မူးယစ်ဗဟိုဌာန မှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါ လေဆိပ်တွင် အဲယား မန္တလေး လေကြောင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထွက်ခွာမည့်သူတဦးကို စစ်ဆေးရေး ဂိတ်တွင် ရှာဖွေ စစ်ဆေးရာမှ ၎င်းနှင့်အတူ ယင်းဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (မူးယစ်ဗဟို) မှ အမည်မဖော်လိုသူ ရဲမှူးကြီးတဦးက ဧရာဝတီသို့ ပြောပြသည်။

“စစ်တွေ အထွက်ကို ကျနော်တို့ သတင်းစာမှာ ဖော်ပြထားတဲ့ အတိုင်းမိတယ်၊ မိပြီးတော့ ကျနော်တို့ ကွင်းဆက် လိုက်နေပါတယ်၊ သူဘယ်က လာလဲ ဘယ်ကိုသွားမလဲ စုံးစမ်း စစ်ဆေးနေတယ်”ဟု ၎င်း ရဲမှူးကြီးက ဆိုသည်။

ဖမ်းမိထားသော တရားခံမှာ ကျော်စိုးဝင်း ဆိုသူဖြစ်သည်။ ၎င်းသည် မန္တလေးတိုင်း မိုးကုတ်မြို့အမှတ်(၇၇)လူးထ ရပ်ကွက်တွင် နေထိုင်သူဖြစ်၍ ကွင်းဆက်တရားခံများကိုလည် ဖမ်းဆီးရမိရန်အတွက် ဆက်လက်စုံစမ်းနေ ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မှ တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအနီးတွင် မိုင်းဆတ် ဘက် မှ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးပေါ်တွင် စိတ်ကြွဆေးပြား၂ သိန်းခန့်ကိုလည်း ပြီးခဲ့သည့် စနေနေ့ တွင်ပင် အာဏာပိုင်များက ဖမ်းဆီးမိခဲ့ကြောင်း ၎င်း သတင်းစာတွင် ရေးသားထားသည်။

လွန်ခဲ့သည့် နှစ် နိုဝင်ဘာလအတွင်း၌ တာချီလိတ်မြို့ရှိ ကြယ်ကိုးပွင့် ဟိုတယ်မှ စိတ်ကြွဆေးပြား ၅၀၀၀၀ ခန့် ကို အာဏာပိုင်များက ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများလည်း ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။ 

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကဆို သည်။ 

တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိ ဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလို ရှိနေသူ ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်