ဖြုန်းအားကောင်းသည့် အဆိုတော်နေရဲမာန်ကို စိတ်ဝင်စားနေကြ

E-mail Print
ခိုးကူးဈေးကွက်ကြောင့် နာမည်ကြီး အနုပညာရှင်များပင် တကိုယ်တော် တေးစီးရီးထုတ်ရန် ခက်ခဲသော အခြေအနေ ရင်ဆိုင်နေရသော်လည်း စီးရီးများကို မပြတ်ထုတ်လုပ်ကာ ကြော်ငြာ အားအလွန် ကောင်းမွန်လှသော နေရဲမာန် အမည်ရှိ တေးသံရှင်တဦးပေါ်ထွက်လာသောကြောင့် လူအများ စိတ်ဝင်စားနေကြကြောင်း ကြားသိရသည်။

နေရဲမာန်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ၀င်ရောက်လာသူဖြစ်ပြီး သူ၏ အနုပညာ သက်တမ်း ၁ နှစ်တွင် တေးစီးရီး စုစုပေါင်း ၄ ခွေထွက်ရှိခဲ့ပြီး ဖြစ်သည်။ ယင်းကဲ့သို့ အချိန်တို အတွင်း မည်သည့် တေးသံရှင် တဦးတယောက်မှ တေးစီးရီးများ ဆက်တိုက် ထုတ်လုပ်နိုင်ခဲ့ခြင်းမျိုး ဂီတလောကတွင် မတွေ့ရှိသေးပေ။

၎င်းထွက်ရှိပြီးသော တေးစီးရီး ဗီစီဒီများတွင် နာမည်ကျော် သရုပ်ဆောင် မော်ဒယ်များဖြင့် ရိုက်ကူးထားပြီး “ပူမနေပါနဲ့” ဟူသည့် စီးရီး ထွက်ရှိသည့် သြဂုတ်လ ၃၀ ရက်နေ့တွင် သရုပ်ဆောင်မော်ဒယ်များက လက်မှတ် ထိုးပေးခဲ့သည်။ ထို့ပြင် လာရောက်ဝယ်ယူအားပေးသူ ပရိသတ်များထဲမှ ပထမဆုံးလာဝယ်သူ ၁၀၀၀ ကို ဖုန်း ဟန်းဆက် ၁၀ လုံး၊ ဒီဗီဒီစက် ၁၀ လုံး မဲဖောက်ပေးခဲ့ပြီး တခြားသူများအား နံရံကပ် ပိုစတာ၊ သီချင်းစာအုပ်၊ တီရှပ် များကို လက်ဆောင်အဖြစ်ပေးသဖြင့် လူအများ ၀ယ်ယူအားပေးကြကြောင်း၊ ၎င်းနေ့တွင် အချပ်ရေ ၂၀၀၀ ကျော် ၃၀၀၀ နီးပါးခန့် ရောင်းချခဲ့ရကြောင်း အဆို တော် နေရဲမာန်က ဧရာဝတီသို့ ပြောသည်။

{slimbox images/multimedia/NayYeMan/01.jpg,images/multimedia/NayYeMan/01-sm.jpg, လူပြောများနေသည့် နေရဲမာန်၏ ကြော်ငြာများ;images/multimedia/NayYeMan/02.jpg,images/multimedia/NayYeMan/02-sm.jpg, လူပြောများနေသည့် နေရဲမာန်၏ ကြော်ငြာများ; images/multimedia/NayYeMan/03.jpg,images/multimedia/NayYeMan/03-sm.jpg, လူပြောများနေသည့် နေရဲမာန်၏ ကြော်ငြာများ; images/multimedia/NayYeMan/04.jpg,images/multimedia/NayYeMan/04-sm.jpg, လူပြောများနေသည့် နေရဲမာန်၏ ကြော်ငြာများ}

ယခင်တေးစီးရီးများ ထွက်ရှိခဲ့စဉ်ကလည်း ယခုကဲ့သို့ လက်ဆောင်များပေး၍ ဖြန့်ချိခဲ့ကြောင်း သိရသည်။

တခြားသော အဆိုတော်များ၏ တေးစီးရီးများထွက်ရှိလျှင် အလွန်ဆုံး နံရံကပ်ပိုစတာ၊ သီချင်းစာအုပ် စသည်ဖြင့်သာ လက်ဆောင်အဖြစ် ပေးနိုင်ကြသော အနေအထား၌ ယခုကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကို လက်ဆောင်ပေးနိုင်သည် ကိုလည်း လူအများက  စိတ်ဝင်စားနေကြသည်။

“သူ့ရဲ့စီးရီးတွေထွက်ရင် သူများနဲ့မတူဘဲ လက်ဆောင်တွေ ပေးနေ တော့ လူတွေကလိုချင်တာနဲ့ ၀ယ်ကြ တော့တာပေါ့။ ပြီးရင်ပြီးသွားရော။ အနုပညာအနှစ်သာရ ဘာမှမရှိဘူး” ဟု ရန်ကုန်မြို့ခံ လူငယ်တဦးက သုံးသပ်သည်။

သူ၏ “ပူမနေပါနဲ့” တေးစီးရီးတွင် ကိုင်ဇာ၊ ဂျေ မောင်မောင်၊ နိုင်မြန်မာ၊ နောင်နောင် (ဆန်းဖလားဝါး)၊ စောခူဆဲ၊ ရွှေဂျော်ဂျော်၊ ဗျုဟာ၊ ယုန်လေး စသည့် နာမည်ကြီး တေးရေးများ ပါဝင်ရေးသားကြပြီး အဆိုတော် မေဆွိ၊ ချောစုခင် နှင့် ဟစ်ဟော့အဆိုတော် ယုန်လေး တို့ ပါဝင်သီဆိုပေး ထားကြသည်။

၎င်း၏ ဗီစီဒီတွင်လည်း အကယ်ဒမီ ထွန်းထွန်းဝင်း၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ လွင်မိုး၊ ရီဝေယံ၊ နေမျိုးအောင်၊ ပြေတီဦး၊ သူထူးစံ၊ စို်င်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုး၊ ကျော်ကျော်ဗိုလ်၊ မြင့်မြတ်၊ ဇေယျ၊ မင်းသူ၊ အကယ်ဒမီ ဒေစီကျော်ဝင်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ မိုးပြည့်ပြည့်မောင်၊ သက်မွန်မြင့်၊ မေကဗျာ၊ ချောရတနာ၊ အေးမြတ်သူ၊ ခရစ္စတီးနား၊ မေသက်ခိုင်၊ မိုးယုစံ စသည်တို့ အပြင် အရန်သရုပ်ဆောင်ပေါင်း မြောက်မြားစွာ ပါဝင်ကြသည်။

အဆိုပါ တေးသံရှင် နေရဲမာန်သည် ၎င်း၏ တေးစီးရီးကို ရန်ကုန်မြို့၏ အထင်ကရ မြို့လယ် နေရာများတွင် နာမည်ကြီးမော်ဒယ် မင်းသမီးငယ်များနှင့် တွဲဖက်ရိုက်ကူးကာ ကြော်ငြာဆိုင်းဘုတ်ကြီးများ အဖြစ် အကုန်အကျ များစွာခံ၍ ကြော်ငြာထားသည်ကိုလည်း တွေ့ရသည်။

ကြော်ငြာဆိုင်းဘုတ်များတွင် မော်ဒယ်များနှင့် တွဲဖက်၍ ၎င်း၏ သရုပ်ဆောင်ထားပုံကိုလည်း ကြည့်ကာ လူအများက စိတ်ဝင်စား နေကြသည်။

ပြည်တွင်းထုတ် နာမည်ကြီး ဂျာနယ်တခုတွင် ဒီဗီဒီများကိုထုတ်လုပ်ပြီး ကြော်ငြာဆိုင်းဘုတ်အများဆုံး ထောင်နိုင်သော အဆိုတော် အဖြစ် ၎င်းကိုသတ်မှတ်ထားသည်။

“ရန်ကုန်မှာ ဘယ်အဆိုတော်မှ အခုလို ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို ရက်ရှည်လများမထောင်နိုင်ကြဘူး။ နေရဲမာန် တင်ထားတဲ့ ဆိုင်းဘုတ်လောက်ဆိုရင် အခွန်ဆောင်ရတာနဲ့ ဘုတ်တခုကို တနှစ် သိန်း ၅၀ အထက်မှာရှိတယ်။ နောက် သူက တကယ့်နေရာကောင်းတွေကို စည်ပင်နဲ့ညှိ သိမ်းထားပြီး အရှုံးခံ ထောင်ထားတာ” ဟုရန်ကုန်မြို့မှ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းလုပ်ကိုင်သူ တဦးက ဧရာဝတီကိုပြောသည်။

နေရဲမာန်၏ ကြော်ငြာဆိုင်းဘုတ်များမှာ ရန်ကုန်တမြို့လုံး၌ အနည်းဆုံး ခန့်မှန်းခြေ ၁၅ ခုခန့် ရှိနိုင်သည်ဟု ဆိုသည်။

“သူ့ပုံတွေက ရန်ကုန်တမြို့လုံးကို နှံ့နေတာပဲ။ မော်ဒယ်တွေလည်း မထပ်ဘူး။ ငွေတော်တော်သုံးနိုင်ပုံပဲ” ဟု ရန် ကုန်မြို့နေ လူငယ်တဦးက ပြောပြသည်။

နေရဲမာန်နှင့် အတူတွဲဖက်သီဆိုရမည့် အဆိုတော်များမှအစ သရုပ်ဆောင်မည့် မော်ဒယ်များအဆုံး ၎င်းနှင့်အတူ လုပ်ဆောင်စရာ ကိစ္စရှိလျှင် ရှုတင်၊ အသံသွင်း စသည့် အလုပ်များကို ဖျက်ကာ သွာရောက် လုပ်ဆောင်ပေးရကြောင်း ရုပ်ရှင်နှင့် ဂီတ အသိုင်းအ၀န်းမှ ကြားသိရသည်။

၎င်းနှင့် ပတ်သက်၍ တေးရေးဆရာ တဦးက “သူက တပ်မတော် အရာရှိဟောင်းဆိုတော့ ထင်ရာ လုပ်နေတဲ့ သဘောမျိုးလေ။ ကျနော်တို့နဲ့ ရေးပုံ၊ ဆိုပုံ၊ ရပ်တည်ပုံချင်း မတူတဲ့အပြင် ၀ါသနာရှင် အဆင့်လောက်နဲ့ ငွေရှိလို့ လုပ်နေတဲ့ ပုံမျိုးဆိုတော့ ပြောဖို့တော်တော်ခက်ပါတယ်” ဟု ဝေဖန်သည်။

နေရဲမာန်သည် ၁၉၈၁ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ဗိုလ်သင်တန်း အပတ်စဉ် ၆၄ သို့ တက်ရောက်ကာ စစ်အင်ဂျင်နီယာ အရာရှိ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ယခုလက်   ရှိတွင် ၀န်ထမ်းအဖြစ်မှထွက်ကာ တေးစီးရီးများ သီဆို ထုတ်လုပ် နေခြင်းဖြစ်သည်။

၎င်းထွက်ရှိပြီးသော တေးစီးရီးများမှာ သူဌေးသားမက်၊ အဆင်ပြေရဲ့လား၊ နေရဲမာန် သင်္ကြန် ၂၀၀၉၊ မပူပါနဲ့ ဟူ၍ ဖြစ်သည်။

“ကျနော် RIT ကျောင်းသားဘ၀ကတည်းက လွှမ်းမိုးတို့ဝိုင်းမှာ လိဒ်ဂစ်တာသမားအဖြစ် လိုက်တီးတယ်။ တခြားဝိုင်း တွေက ခေါ်ရင်လည်း လိုက်တီးတယ်ပေါ့။ အလုပ်ထဲရောက်သွားတော့လည်း စတိတ်ရှိုးတွေမှာ လိုက်ဆိုရင်း နောက်ဆုံး အလုပ်ကနေထွက်ပြီးတော့ ဆိုတာပါ” ဟု နေရဲမာန်က ဆိုသည်။

၎င်းကဲ့သို့ပင် ရန်ကုန်မြို့လယ်ခေါင်များ၌ မော်ဒယ်သရုပ်ဆောင်များဖြင့် တွဲဖက်ရိုက်ထားသော ကြော်ငြာဆိုင်းဘုတ် ကြီးများကို အပြိုင်အဆိုင် ထောင်ကာ တေးစီးရီး အပြိုင် ထုတ်လုပ်နေသော အဆိုတော် ဖိုးသား ဆိုသည်မှာလည်း စစ်အင် ဂျင်နီယာတပ်မှ ဗိုလ်မှူးကြီး တဦး၏ သားဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်