လွတ်မြောက်လာသော သတင်းသမားများ အလုပ်အာမခံချက်မရှိ

E-mail Print
စစ်အစိုးရ အာဏာပိုင်များက ခေါ်ယူစစ်ဆေးခံခဲ့ရသော ပြည်တွင်း ဂျာနယ် သတင်းထောက်များနှင့် ပြစ်ဒဏ်ချမှတ်ခံထားရ သူများကို ၎င်းတို့၏ ဂျာနယ်တိုက်များက ပြန်လည် အလုပ်ပေးရန် ခက်ခဲသွားကြောင်း သိရသည်။

လွန်ခဲ့သော အောက်တိုဘာလမှ ဖမ်းဆီးစစ်ဆေးမေးမြန်းခံခဲ့ရသော Living Color မီဒီယာမှ Foreign Affairဂျာနယ် အယ်ဒီတာ ကိုသန့်ဇင်စိုးအား အာဏာပိုင်များမှ အပြစ်မရှိသောကြောင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း အလုပ်ပြန်ခန့်ရန်အတွက် စဉ်းစားနေ ဆဲဖြစ်သည်ဟု Living Color မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။

“ဆရာ နေ၀င်းမောင်ကော ကိုကျော်မင်းဆွေကပါ သူ့ကို ပြန်အလုပ်မခန့်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးပါပြီ၊ သူတို့ကို စာပေစိစစ် ရေးက ဖိအားပေးတယ်လို့ ပြောတာပဲ၊ ဒါပေမယ့် မနေ့က အဲဒီသတင်းက ခေတ်ပြိုင်မှာ တက်သွားတော့ ဒီမနက် အစည်းအဝေးမှာ သတင်းထောက်တွေရော၊ အယ်ဒီတာ တွေရော၊ အကုန်လုံးခေါ်ပြီး ကိုကျော်မင်းဆွေက ဆူတယ်၊ ပြည်ပ မီဒီယာတွေက မေးလာရင် အလုပ်ပြန်ခန့်မယ်လို့ပဲ ဖြေရမယ်လို့ ပြောထားတယ်”ဟု ၎င်း က ဆိုသည်။

နာဂစ်ဒုက္ခသည်များအား ကူညီမှုဖြင့်အရေးယူ ထောင်ဒဏ်အပြစ်ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည် လွတ်မြောက် လာသော အယ်ဒီတာ ကိုကျော်ကျော်သန့်နှင့် Ecovisionဂျာနယ်မှ မအိမ့်ခိုင်ဦးတို့ကိုလည်း ၄င်းတို့၏ ဂျာနယ်တိုက်များမှ တာ ၀န်ရှိသူများက အလုပ်လက်မခံကြောင်း သိရှိရသည်။

မအိမ့်ခိုင်ဦးက“ရုံးကတော့ ပြန်လက်မခံတော့ဘူး၊ အခုတော့ စာတွေဖတ်နေတယ် Freelance (အလွတ်သတင်းထောက်)ပဲ လုပ်ရ မှာပဲ”ဟု ပြောသည်။

အာဏာပိုင်များက ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ ထောင်ဒဏ် ချမှတ်ခံရသော သတင်းသမားများနှင့် ပတ်သက်၍ စာပေစိစစ်ရေးမှ ဖိအားပေးသောကြောင့် အလုပ်ထုတ်ပစ်လိုက်ရခြင်းဖြစ်သည်ဟု သတင်းသမားများက ပြောဆို ကြသည်။

“သူတို့အလုပ်ရှင်နဲ့ သူတို့ သတင်းထောက် ဖြစ်ကြတဲ့ ကိစ္စတွေပါ၊ ကျနော်တို့ စာပေစိစစ်ရေးဌာန အနေနဲ့ တာဝန်မရှိပါဘူး”ဟု စာပေစိစစ်ရေးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ပြောသည်။

ယနေ့ခေတ် သတင်းဂျာနယ်များ ထုတ်ဝေနေကြသော လုပ်ငန်းရှင်များမှာ စစ်အစိုးရနှင့် အဆင်ပြေစေရေးကိုသာရှေးရှု၍ သတင်း  ထောက်များအပေါ် ယခုကဲ့သို့ သဘောထားကြသည်ဟု ၀ါရင့်သတင်းစာ ဆရာကြီးတဦးက ဆိုသည်။

ပြည်တွင်း၌ ထုတ်ဝေလျက်ရှိသော သတင်းဂျာနယ်များမှ ထုတ်ဝေသူလုပ်ငန်းရှင်များသည် အာဏာပိုင်များက အကြောင်း တခုခု ကြောင့် ခေါ်ယူမေးမြန်း စစ်ဆေးခြင်းခံရပါက ပြဿနာများအား တိုက်အနေနှင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း အလုပ် ၀င်စဉ်ကာလ အတွင်းကပင် ပြောဆို၍ အလုပ်ခန့်အပ်လေ့ရှိကြောင်း သိရသည်။

“ကျမတို့ သတင်းလိုက်သွားတော့မယ် ဆိုကတည်းက ဆရာက အားလုံးကိုပြောလိုက်တယ်၊ ပြဿနာ မဖြစ်စေနဲ့ ဖြစ်ရင်လည်း ကိုယ့်ဟာကိုယ်ရှင်းရမယ်၊ အဲဒီလိုကတော့ ပုံမှန်မှာနေကြပဲ”ဟု သတင်းဂျာနယ် နှစ်စောင်နှင့်ဖျော်ဖြေရေး ဂျာနယ် တစောင် ထုတ်ဝေနေသော ဂျာနယ်တိုက်မှ သတင်းထောက်တဦးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အလွတ် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး ၅ နိုင်ငံ စာရင်း ထဲတွင် ပါဝင်နေကြောင်း သတင်းသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားလိုက်သည်။

“စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံတခုဖြစ်သည်”ဟု အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး အဖွဲ့(CPJ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

စာနယ်ဇင်းသမား ၉ ဦး အကျဉ်းကျနေသည့် မြန်မာပြည်က ကမ္ဘာ့နာမည်ပျက်စာရင်းတွင် အဆင့် ၅ ရှိနေကြောင်း CPJ ၏ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာက ဆိုသည်။

သတင်းထောက်များကို ဖမ်းဆီး ထောင်ချသည့် နိုင်ငံများအနက် တရုတ်၊ အီရန်၊ ကျူးဘား၊ အီရီထရီးယားနှင့် မြန်မာနိုင်ငံတို့ သည် အဆိုးဆုံး ၅ နိုင်ငံ အဖြစ် သတ်မှတ်ခံထားရသည်။ 

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းရှိ သတင်းထောက်၊ သတင်း အယ်ဒီ တာ၊ ဓာတ်ပုံသတင်းထောက်နှင့် သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၁၃၆ ဦးတို့သည် ထောင်ဒဏ်အပစ်ပေးခံထား ရကြောင်း CPJ အဖွဲ့က ဆိုသည်။ 

ဤ သတင်းအား ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်