သင်္ကြန်ကား အငှားဈေးကွက် ပျက်

E-mail Print
ယခုနှစ် ရန်ကုန်သင်္ကြန် စည်းကမ်း တင်းကျပ်မှု များပြားလှ သောကြောင့် ရေပက်ခံ ထွက်မည့်သူ နည်းပါးပြီး သင်္ကြန်ကား ငှားရမ်းမှု ယခင် နှစ်ကထက် ပိုမို လျော့နည်းကာ ကားငှားခ ဈေးနှုန်းများ ကျဆင်း သွားကြောင်း သတင်းရရှိသည်။

စစ်အစိုးရက ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်မှုများ၊ ရေပက်မည့်သူ၊ ရေပက်ခံထွက်မည့်သူများကို စည်းကမ်း တင်းကျပ်မှု ပိုမို ပြုလုပ်လာ သောကြောင့် ရန်ကုန် သင်္ကြန် ပျော်ပါးလိုသူ လျော့နည်းသွားကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်မတိုင်မီ ၁၀ ရက်ခန့်အလိုကပင် ရန်ကုန်မြို့တွင်း ရေပက်ခံထွက်ရန် သင်္ကြန် ကားငှားရမ်းမှုများ
များပြားလေ့ရှိပြီး ဈေးနှုန်းများ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ် ရန်ကုန် သင်္ကြန်တွင် အစိုးရ၏ ပိတ်ပင်မှုကြောင့် ရေပက်ခံ ထွက်မည့်သူများ စိတ်ပျက်ကာ သင်္ကြန်ကားငှားရမ်းမှု လျော့နည်းနေကြာင်း ရန်ကုန်အခြေစိုက် သင်္ကြန်ကား ငှားရမ်းသည့် ဈေးကွက်က ဆိုသည်။

ယမန်နှစ် သင်္ကြန်ကာလအတွင်း တရက်လျှင် ကျပ် ၁ သိန်း ၂ သောင်းကျော် ဈေးပေးရသော ဂျစ်ကား ငှားရမ်းခဈေးနှုန်း များမှာ
ယခုနှစ် သင်္ကြန်တွင် ကျပ် ၈ သောင်း ကျော်သို့ ကျသွားကြောင်း၊ ဟိုင်းလပ်စ်၊ စက်မှုဇုန်လိုက်ထရပ် ကား ငှားရမ်းခနှုန်းထား များသည် ယမန်နှစ်က ကျပ် ၁ သိန်းခွဲနီးပါး ဈေးရှိခဲ့ ရာမှ ယခုနှစ်တွင် ကျပ် ၁ သိန်း ကျော်ရုံခန့်အထိ ကျသွားကြောင်း၊ တခြားသော သင်္ကြန်ကား ငှားရမ်းခဈေးနှုန်းများလည်း အသီးသီးကျဆင်းခဲ့ကြောင်း ရန်ကုန် သင်္ကြန်ကား ငှားရမ်းသော ၀န်ဆောင်မှု ကုမ္ပဏီတခုက ပြောသည်။

“ကားငှားခဈေးတွေ မနှစ်ကထက် စာရင်တော်တော်ကိုကျတယ်။ ဈေးကျပေမယ့် ကားငှားမယ့်သူ တော်တော်နည်းတယ်။ မနှစ်ကသင်္ကြန်မတိုင်မီ ၅ ရက်လောက်ဆိုရင် အော်ဒါတွေပြည့်နေလို့ ငှားစရာကားကို မရှိတော့ဘူး။ဒီနှစ်တော့ ကား ၁၀ စီးရှိတာ ၂ စီးပဲ အော်ဒါရသေးတယ်” ဟု သင်္ကြန်ကားငှားရမ်းသည့် ၀န်ဆောင်မှု ပေးနေသော ရန်ကုန်ကား ပွဲစားတဦးက ပြောသည်။

ရန်ကုန်မြို့၏ နာမည်ကျော် အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပိတ်ပင် လိုက်သောကြောင့် မဏ္ဍပ်ထိုင် ရေကစားမည့် လူငယ်ဦးရေ လျော့ကျသွားသည်ဟုလည်း သိရသည်။

“ဒီနှစ် အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းမှာ မဏ္ဍပ်ဆောက်ခွင့်မပေးဘူးလို့ တယက (တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှု ကောင်စီ) က အမိန့်ထုတ်လိုက်တော့ လူငယ်တွေ စိတ်ပျက်ကုန်ကြပြီး မဏ္ဍပ် မထိုင်ချင်ကြတော့ဘူး” ဟု သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ရေး ကန်ထရိုက်တဦးက ဆိုသည်။

သင်္ကြန်ရေကစား မဏ္ဍပ်ဆောက်လုပ်ခြင်းဖြင့် စီးပွားရှာသူအများစုလည်း စစ်အစိုးရ၏ တင်းကျပ်မှုများကြောင့် ယခုနှစ်တွင်
အဆင်မပြေကြကြောင်း ကြားသိရသည်။

“မဏ္ဍပ်ကြီးတခုအတွက် ကျပ်သိန်း ၃၀ တယက ကို စပေါ်တင်ရမယ်။ စည်းကမ်းချက်စုစု ပေါင်း ၃၉ ချက်လည်း လိုက်နာရမယ်။ မလိုက်နာရင် စပေါ်သိန်း ၃၀ ပြန်မပေးဘူးဆိုတော့ တော်တော်များများက မဏ္ဍပ်မဆောက်ကြတော့ဘူး” ဟု ရေကစား မဏ္ဍပ် တည်ဆောက်သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

ထို့ပြင် ယခုနှစ်သင်္ကြန် တီးဝိုင်းပစ္စည်း ငှားရမ်းရေး လုပ်ငန်းများလည်း အလုပ်မဖြစ်ဟု သာကေတ မြို့နယ်အတွင်းရှိ နာမည်ကြီး တီးဝိုင်းပစ္စည်း ငှားရမ်းရေး လုပ်ငန်းရှင် တဦးက ဆိုသည်။

ယခင်နှစ်များက သင်္ကြန်မကျမီ တလအလိုခန့်ကတည်းက တီးဝိုင်းပစ္စည်းများကို ကြိုတင် ငှားရမ်းမှုများ ရှိသည့်အပြင် တနေ့တည်း အတွက် ၃ နေရာခန့်ကို ပစ္စည်းငှားရမ်းပေးရသည်များ ရှိကြောင်း၊ ယခုနှစ်တွင် ပစ္စည်းများ ပိုနေသော်လည်း ငှားရမ်းသူ မရှိကြောင်း သူက ဆက်ပြောသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် တည်ဆောက်ခွင့်ကို ဧပြီလ ၃ ရက်နေ့မှသာ စတင်လျှောက်ထားခွင့်ပြုပြီး ရန်ကုန်တမြို့လုံးတွင် အကြီးစားမဏ္ဍပ် ၄၀ ခန့်သာ ဆောက်လုပ်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

ယမန်နှစ် သင်္ကြန်ကာလက ရန်ကုန်မြို့တော်တွင် အကြီးစားသင်္ကြန် ရေကစားမဏ္ဍပ် ၁၀၀ ခန့် ရှိခဲ့ပြီး ရန်ကုန်တိုင်း တတိုင်းလုံးတွင် သင်္ကြန်မဏ္ဍပ်စုစုပေါင်း ၂၃၀ တည်ဆောက်ခွင့်ပြုခဲ့သည်ဟု စည်ပင် သတင်းရပ်ကွက်မှ သိရသည်။

ယခုနှစ်တွင် စစ်အစိုးရက နေပြည်တော်သင်္ကြန် စည်ကားစေရန် အတင်းအကျပ် လုပ်ဆောင်မှုများ ရှိနေပြီး နေပြည်တော်၌ မဏ္ဍပ် ကြီးများဆောက်လုပ်ရန် ဟိုတယ်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ညွှန်ကြားကာ ရန်ကုန်ရှိ တီးဝိုင်းများ၊ ဒီဂျေများ၊ အဆိုတော်များ၊ ရုပ်ရှင်မင်းသား မင်းသမီးများ၊ မော်ဒယ်များအား နေပြည်တော်တွင် သွားရောက်ဖျော်ဖြေရန် ဈေးကြီးပေး ငှားရမ်း ထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်