အစိုးရသစ် လက်ထက် စစ်မှု မထမ်းမနေရ ပြဋ္ဌာန်းဖွယ်ရှိ

E-mail Print
စစ်အစိုးရ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့် ဥပေဒတရပ် ထွက်ပေါ်လာဖွယ် ရှိကြောင်း ရန်ကုန် ဥပဒေ အသိုင်းအဝန်းမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံ ကာကွယ်ရေးအတွက် စစ်မှုထမ်းရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားရာ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်လာလျှင် နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့်အခြေအနေရှိကြောင်း ရန်ကုန် ဗဟိုတရားရုံးချုပ် ရှေ့နေ တဦးက ပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၈၆ မှာ နိုင်ငံသား တိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည် လို့ တရားဝင် ဖော်ပြထားတယ်။ ဒီဥပဒေအရ အရွယ်ရောက်တဲ့သူတိုင်း စစ်မှုထမ်းရမယ့် နောက်ဆက်တွဲ ဥပဒေ သေချာပေါက် ထပ်ထွက်လာဦးမယ်”ဟု အဆိုပါရှေ့နေက ရှင်းပြသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီကြီးတခုမှ နိုင်ငံရေးသမားတဦးကမူ စစ်မှု မထမ်းမနေရ ဥပဒေကို လွှတ်တော်တွင် မဲခွဲဆုံး ဖြတ်ပြီးမှ အတည်ပြုရမည်ဖြစ်သောကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲပေးလျှင် အတည်ပြု နိုင်မည် မဟုတ်ဟု သုံးသပ်သည်။

တခြား နိုင်ငံရေးပါတီတခု၏ အထွေထွေ အတွင်းရေးမှူးကလည်း“ဘယ်လို ဥပဒေမျိုးပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေ အများစုက အတည်ပြုမှ၊ ထောက်ခံမှ ရမှာပါ။ အရမ်း တင်းကျပ်လွန်းတဲ့ စစ်မှုထမ်း ဥပဒေမျိုးဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေ ကန့်ကွက်ကြဖို့ နိုင်ငံရေးပါတီတရပ်အနေနဲ့ လှုံ့ဆော်သွားမယ်”ဟု ပြောသည်။

သို့ရာတွင် စစ်မှုထမ်း ဆိုင်ရာဥပဒေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဥပဒေအဖြစ် ပြဋ္ဌာန်းလျှင် ကန့်ကွက်ရန် မ လွယ်ကူကြောင်း သိရှိရသည်။

“တပ်မတော်ရဲ့အရေးကိစ္စမှန်သမျှမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်တယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါနေတော့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ဥပဒေအဖြစ်သာ ပြဋ္ဌာန်းရင် ဖျက်ဖို့ခက်လိမ့်မယ်”ဟု ၀ါရင့် သတင်းစာ ဆရာကြီးတဦးက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိသည်ဆိုသော အချက်နှင့်ပတ်သက်ပြီး လူငယ်အများစုက
နှစ်သက်မှု မရှိကြကြောင်း သိရသည်။

နိုင်ငံတခု၏ ကာကွယ်ရေးအတွက် စစ်တပ်ရှိရန် မဖြစ်မနေလိုအပ်သော်လည်း လက်ရှိ စစ်အစိုးရ၏ စစ်တပ်သည် ပြည်သူကို အကျိုးမပြုသော စစ်တပ်ဖြစ်သည့်အတွက် စစ်မှုမထမ်းလိုဟု ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ ကျောင်းသားတဦးက
ပြောသည်။

“လူတွေက စစ်သားဆိုရင် အသည်းထဲကနေ မုန်းကြတာ။ စစ်မှု မထမ်းမနေရ ဆိုရင်တောင် စစ်ထဲဝင်ဖို့ တော်တော် စဉ်းစားရမှာ”ဟု ၄င်းက ဆိုသည်။

စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု အမှန်တကယ်လိုချင်သော စစ်မှန်သည့် ဒီမိုကရေစီကို ပေးအပ်မည့် ရွေးကောက်ပွဲ မဟုတ်ဘဲ အရပ်ဝတ် စစ်ဗိုလ်များ အုပ်ချုပ်မည့် ယန္တရားသစ်ကို အကောင်အထည်ဖော်မည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် အစိုးရသစ် ပြဋ္ဌာန်းမည့် ဥပဒေများသည် ပြည်သူ့ဆန္ဒနှင့် ကွဲလွဲမည်မှာ သေချာကြောင်း ရန်ကုန်ရှိ နိုင်ငံရေး လေ့လာသူ တဦးက သုံးသပ်သည်။

“ဒီမိုကရေစီ မဆန်တဲ့ စနစ်က ပေါက်ဖွားတဲ့ ဥပဒေတွေက အာဏာရှင် ဥပဒေတွေပဲ ဖြစ်မှာပဲ။ လက်ရှိ အခြေအနေနဲ့
သိပ်ပြီး ကွာခြားမှာ မဟုတ်ဘူးလို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ခံတဦးကမူ“စစ်တပ်အတွက် ပေါ်တာဆွဲ၊ ကလေးတွေကို စစ်သားအဖြစ် အဓမ္မ တရားမ၀င် စုဆောင်းနေရာကနေ ဥပဒေနဲ့အညီ တရားဝင် စစ်သား စုဆောင်းလာမယ့်ပုံစံလို့ဆိုရင် မမှားနိုင်ဘူး”ဟု ဝေဖန်သည်။

စစ်အစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ တသိန်း လေးသောင်းကျော် သေဆုံးခဲ့ရသည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးစတွင် ဆန္ဒခံယူပွဲများ ကျင်းပ၍ အတင်းအကျပ် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးနေသော အာရှနိုင်ငံများမှာ စင်္ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့ ဖြစ်ပြီး  ထိုင်းနှင့် တရုတ် နိုင်ငံတို့က လူရွေးစနစ်ဖြင့် ကျင့်သုံးကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်