ဗဂျီအောင်စိုး အနုပညာလက်ရာများ ပြသ

E-mail Print
မော်ဒန် ပန်းချီဆရာ ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် ၎င်း၏ ပန်းချီများ ခင်းကျင်း ပြသခြင်းနှင့် အထိမ်းအမှတ် စာအုပ် ထုတ်ဝေခြင်း အခမ်းအနားကို ပန်းဆိုးတန်း လောကနတ် အနုပညာခန်းမတွင် ကျင်းပခဲ့သည်။

ဇူလိုင် ၅ ရက်နှင့် ၆ ရက်နေ့ ၂ ရက်တွင် ဗဂျီအာင်စိုး၏ ပန်းချီကား အစစ်များနှင့် ဗနိုင်းစဖြင့် ထုတ်ထားသော ၎င်း၏ ရှားပါး ပန်းချီလက်ရာ စုစုပေါင်း ၃၇ ကားကို ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

ဗဂျီအောင်စိုး ကဲ့သို့သော မြန်မာပြည်တွင် မော်ဒန်ပန်းချီ အစပြုခဲ့သူ တဦး၏ လက်ရာများကို ယခုကဲ့သို့ ၂ ရက်သာ ခင်းကျင်း ပြသခဲ့သည့် အတွက် အားမရကြောင်း၊ မသိလိုက်သူများစွာ ရှိနိုင်ကြောင်း အဆိုပါပွဲသို့ သွားရောက်ခဲ့သူ ပန်းချီဆရာ တဦးက ပြောသည်။

{slimbox images/multimedia/Bagyiaungsoe/01.jpg,images/multimedia/Bagyiaungsoe/01-sm.jpg, ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းတွင် ခင်းကျင်း ပြသထားသော ၎င်း၏ အနုပညာ လက်ရာတခု (ဓာတ်ပုံ - ကိုခိုင်);images/multimedia/Bagyiaungsoe/02.jpg,images/multimedia/Bagyiaungsoe/02-sm.jpg, ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းတွင် ခင်းကျင်း ပြသထားသော ၎င်း၏ အနုပညာ လက်ရာတခု (ဓာတ်ပုံ - ကိုခိုင်); images/multimedia/Bagyiaungsoe/03.jpg,images/multimedia/Bagyiaungsoe/03-sm.jpg, ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းတွင် ခင်းကျင်း ပြသထားသော ၎င်း၏ အနုပညာ လက်ရာတခု (ဓာတ်ပုံ - ကိုခိုင်); images/multimedia/Bagyiaungsoe/04.jpg,images/multimedia/Bagyiaungsoe/04-sm.jpg, ဗဂျီအောင်စိုး၏ အနုပညာ လက်ရာများပြသထားသည့် လောကနတ် အနုပညာခန်းမ အဝင် (ဓာတ်ပုံ - ကိုခိုင်); images/multimedia/Bagyiaungsoe/05.jpg,images/multimedia/Bagyiaungsoe/05-sm.jpg, ဗဂျီအောင်စိုး၏ ရှားပါး အနုပညာ လက်ရာတချို့ကို ဤသို့ တစုတစည်းတည်း တွေ့ရသည် (ဓာတ်ပုံ - ကိုခိုင်); images/multimedia/Bagyiaungsoe/06.jpg,images/multimedia/Bagyiaungsoe/06-sm.jpg, ဗဂျီအောင်စိုး၏ ရှားပါး အနုပညာ လက်ရာတချို့ကို ဤသို့ တစုတစည်းတည်း တွေ့ရသည် (ဓာတ်ပုံ - ကိုခိုင်); images/multimedia/Bagyiaungsoe/07.jpg,images/multimedia/Bagyiaungsoe/07-sm.jpg, လောကနတ် အနုပညာပြခန်းတွင် ဗဂျီအောင်စိုး၏ အနုပညာလက်ရာများကို ၂ ရက် ခင်းကျင်း ပြသခဲ့သည် (ဓာတ်ပုံ - ကိုခိုင်);images/multimedia/Bagyiaungsoe/08.jpg,images/multimedia/Bagyiaungsoe/08-sm.jpg, ဗဂျီအောင်စိုး၏ အနုပညာ လက်ရာများကို ဤသို့ ကြည့်ရှု အားပေးနေကြသည် (ဓာတ်ပုံ - ကိုခိုင်);images/multimedia/Bagyiaungsoe/09.jpg,images/multimedia/Bagyiaungsoe/09-sm.jpg, ဗဂျီအောင်စိုး၏ ရှားပါး အနုပညာ လက်ရာတခု (ဓာတ်ပုံ - ကိုခိုင်);images/multimedia/Bagyiaungsoe/10.jpg,images/multimedia/Bagyiaungsoe/10-sm.jpg, ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းတွင် ခင်းကျင်း ပြသထားသော ၎င်း၏ အနုပညာ လက်ရာတခု (ဓာတ်ပုံ - ကိုခိုင်);images/multimedia/Bagyiaungsoe/11.jpg,images/multimedia/Bagyiaungsoe/11-sm.jpg, ဗဂျီအောင်စိုး ငယ်စဉ်က (ဓာတ်ပုံ - ကိုခိုင်);images/multimedia/Bagyiaungsoe/12.jpg,images/multimedia/Bagyiaungsoe/12-sm.jpg, ဗဂျီအောင်စိုး၏ အနုပညာ လက်ရာများကို ဤသို့ ကြည့်ရှု အားပေးနေကြသည် (ဓာတ်ပုံ - ကိုခိုင်)}
“ဗနိုင်းတွေနဲ့ ပြတာထက် ပန်းချီကားအစစ်တွေကို တာဝန်ယူ စုဆောင်းပြီး ပြနိုင်ရင်ပိုကောင်းမယ်။ ဥပမာ သူ့ ဆီဆေး ကားတွေဆို တော်တော်များများ မကြည့်ဖူးဘူး။ ဒီလိုပွဲမျိုးမှာ ကြည့်ရရင်ကောင်းမှာ” ဟု သူက ဆိုသည်။

ပြပွဲနှင့် စာအုပ်ကိစ္စများကို ပန်းချီရေးသည့် ဦးဆန်နီငြိမ်း၊ ဗဂျီအောင်စိုး၏ သားအငယ်ဆုံး ဦးမောင်မောင်စိုးနှင့် ဗဂျီအောင်စိုး၏ တပည့် ဖြစ်သူ ဗဂျီ လင်းဝဏ္ဏတို့ စီစဉ်ကြကြောင်း သိရသည်။

ဗဂျီအောင်စိုး ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် ထုတ်ဝေသည့် စာအုပ်ထဲတွင် ဗဂျီအောင်စိုး ကိုယ်တိုင်ရေးခဲ့သည့် ပန်းချီ ဆောင်းပါးများ၊ ၎င်းကိုယ်တိုင် ရေးဆွဲခဲ့သော ပန်းချီလက်ရာပုံများ၊ ပြင်သစ်သူ ရင်ဂါ က ဗဂျီအောင်စိုးအကြောင်း စာတမ်းတင်ပြီး မဟာဝိဇ္ဇာဘွဲ့ယူခဲ့သည့် အကြောင်း၊ ပန်းချီ ခင်မောင်ရင်၏“ဗဂျီအောင်စိုး” အမည်ရှိ ဆောင်းပါး၊ မောင်ရန်ဝေးရေးသည့် ဗဂျီအောင်စိုး၏ လက္ခဏာ (sign) များအကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရသည်။ ၎င်းစာအုပ်၏ အဖုံးဒီဇိုင်းနှင့် အတွင်းပုံ များအတွက် ဒီဇိုင်းကို ဗဂျီလင်းဝဏ္ဏက တာဝန်ယူထားကြောင်းလည်း သိရသည်။

“ဆရာကြီးက အိပ်ရာက ထတာနဲ့ ပန်းချီဆွဲတာ နေ၀င်တဲ့ အထိပဲ။ ပြန်ရောင်းဖို့ ဆိုတာတို့ ဘာတို့မရှိဘူး။ ဆရာကြီးက ဆေးရုံတက်ရမယ့် နေ့အထိ ပန်းချီကားဆွဲနေတုန်းပဲ” ဟု ဗဂျီ လင်းဝဏ္ဏက ဆိုသည်။

ဗဂျီလင်းဝဏ္ဏသည် ၁၉၈၇ ခုနှစ်မှစ၍ ဗဂျီအောင်စိုးကွယ်လွန်သည့် ၁၉၉၀ ပြည့်နှစ် အထိ အတူနေထိုင်ခဲ့သည့် တပည့် ဖြစ်သည်။

ဗဂျီအောင်စိုးကို ၁၉၂၄ ခုနှစ်တွင် မွေးဖွားသည်။ ၁၉၄၇ ခုနှစ်တွင် တာရာမဂ္ဂဇင်း၌ ပန်းချီစတင် ရေးဆွဲခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာနတွင် ပန်းချီကထိကအဖြစ် ခေတ္တတာဝန် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာ မဟာဌာနနှင့် စက်မှုတက္ကသိုလ်တွင် ၁၉၇၈ ခုနှစ်အထိ ကထိကအဖြစ် Graphic Art နှင့် History of Art ဘာသာရပ်များကို သင်ကြား ပို့ချခဲ့ သည်။

ဗဂျီအောင်စိုးသည် ဆေးဆိုး ပန်းရိုက် နည်းပညာကို မြန်မာပြည်တွင်အစောဆုံး လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ရာဘင်ဒြာနတ်တဂိုး၏ စန္တိနိကေတန်ကျောင်းတွင် ပန်းချီပညာ သွားရောက်ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်သစ်ပန်းချီကို လမ်းဖောက်ခဲ့ သူများထဲက တဦးလည်းဖြစ်သည်။

“မော်ဒန်ကို အရှေ့ကနေ အနောက်က ပြန်ခိုးတာဆိုတဲ့ သီဝရီကို ပန်းချီအောင်စိုးက မြန်မာမှာ ပထမဆုံး ချပြတဲ့သူပဲ” ဟု ပြပွဲလာ ပန်းချီဆရာတဦးက ဆိုသည်။

ဗဂျီအောင်စိုးသည် ၁၉၅၁ ခုနှစ်တွင် အိန္ဒိယပြည် ၀ိသာရ ဘာရတီ တက္ကသိုလ်၌ အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီပညာ သွားရောက် သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဖွင့်လှစ်ခဲ့သည့် ဆေးဆိုးပန်းရိုက်သင်တန်းကျောင်းတွင် ဒီဇိုင်း နည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့သည်။ စာမဲ့ကဗျာ စာအုပ်နှင့် ရိုးရာမှသည် ခေတ်သစ်သို့ စာအုပ်နှစ်အုပ် ရေးသား ပြုစုခဲ့သည်။ ရှုမ၀မဂ္ဂဇင်းနှင့် မဂ္ဂဇင်းပေါင်း များစွာတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ရုပ်ရှင်နယ်ထဲတွင်လည်း မင်းသားအဖြစ်နှင့် တကား ရိုက်ခဲ့ပြီး စရိုက်မျိုးစုံဖြင့် သရုပ်ဆောင် ရိုက်ကူးခဲ့သည်။

“ဒီလိုပွဲမျိုးလုပ်တဲ့အတွက်တော့ ကောင်းတာပေါ့၊ နောက်လူတွေ ဗဂျီအောင်စိုးကို သိလာနိုင်တယ်။ နောက်ပြီး ရိုးရာကော၊ မော်ဒန်ပန်းချီကော နိုင်နင်းတဲ့ လူတယောက်ဆိုတာ သမိုင်းအနေနဲ့ရော လေးစားရကောင်းမှန်း စိတ်ဝင်စားရ ကောင်းမှန်း သိနိုင်တာပေါ့။ စာအုပ်ထုတ်ဖြစ်တာလည်း ကောင်းတာပဲ။ နောက်တခုက ကဗျာ သရုပ်ဖော်နဲ့ ပတ်သက်လို့ သူလုပ်ခဲ့တာတွေကို အမှတ်ရစေတယ်၊ အရင်တုန်းက မြဝတီ၊ ငွေတာရီ၊ ချယ်ရီ စတဲ့ မဂ္ဂဇင်းတွေကိုလည်း အမှတ်ရစေတာပေါ့” ဟု ပြပွဲလာသူ ပန်းချီ ဆရာတဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်