ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ

E-mail Print
ရန်ကုန်မြို့တွင်း အိမ်တချို့တွင် ကြွက်အန္တရာယ်မှ ကာကွယ်နိုင်ရန် အလှမွေး မြွေ မွေးမြူမှု များပြားလာကြောင်း သိရသည်။

“နေရာတိုင်းမှာ ကြွက်တွေ သောင်းကျန်းတာ အစားအသောက်တွေကို ခုံပေါ်မှာ အုပ်ဆောင်းအုပ်ပြီး ထားလို့တောင်မရဘူး။ တိုက်ပြီးဖွင့်တာ။ ပုလိပ်ရောဂါ ဖြစ်မှာတောင် စိုးရိမ်ရတယ်။ ကြွက်ထောင်ချောက်လည်း မနိုင်တော့ဘူး။ အသေခံပြီးတော့ ကိုလာ နေတာ။ အခု သူများတွေက အလှမြွေလေးတွေ မွေးရင် ကြွက်မလာဘူးဆိုလို့ ၀ယ်မွေးထားတယ်”ဟု သာကေတမြို့ တွင်နေ ထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။

နှစ်စဉ် မိုးရာသီတွင် ကြွက်များအိမ်ပေါ်သို့ တက်လာလေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ မများကြောင်း၊ ကြွက်များမှာ အနည်းငယ် ပိုကြီးကြောင်း ၎င်းက ဆိုသည်။

snakesပြီးခဲ့သည့်လ အတွင်းက နေပြည်တော်- ရန်ကုန် လမ်းမသစ်ကြီးပေါ်တွင် ထောင်နှင့်ချီသော ကြွက်အုပ်များ နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်းမှုဖြစ်ခဲ့သည်။

ယုဇန ပလာဇာ အနီးတွင် ဖွင့်လှစ်ထားသော အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်ရှင် တဦးက“အရင်တုန်းက တိရစ္ဆာန်ပေါင်းစုံ ရောင်းရပေမယ့် အခုတလော အလှမွေးမြွေလေးတွေပိုရောင်း လာရတယ်။ ရောင်းတန်းဖြစ် တဲ့အပြင် အလှမွေးဆိုတော့ အဆိပ်မရှိတဲ့ မြွေ သူတော်လေးတွေ သဘောမျိုး၊ အရောင်က အဖြူ၊ အ၀ါရောင်လေးတွေ ရှိတယ်”ဟု ပြောသည်။

အလှမွေးမြွေများကို အိမ်များတွင်မွေးမြူထားခြင်းဖြင့် ကြွက်များလာရောက်ခြင်းကို ဟန့်တားနိုင်ကြောင်း၊ ယခင်အသုံးပြုနေ သော ကြွက်ပြေးဆေးခဲများ၊ ကြွက်ထောင်ချောက်များထက် ပို ထိရောက်မှုရှိကြောင်းလည်း သူက ဆိုသည်။

“ဈေးနှုန်းက အနည်းဆုံး ကျပ် ၁၅၀၀ ကနေ ၃၀၀၀ ကျော်အထိ ရှိတယ်။ အစာကတော့ နွားနို့ တနေ့ တဘူးလောက် တိုက်ပေးဖို့ပဲ လိုတယ်။ တနေ့ကို အနည်းဆုံး ၃ ကောင်ကနေ ၅ ကောင်အထိ ရောင်းရတယ်”ဟု သံဈေးအနီး တိရစ္ဆာန် အရောင်းဆိုင်မှ အရောင်းဝန်ထမ်း တဦးက ပြောသည်။

အလှမြွေများ မွေးမြူမှု များလာခြင်းကြောင့် မြွေထည့်သည့် သီးသန့် လှောင်အိမ်များပါ အရောင်းသွက်လာကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကြွက်အန္တရာယ် ကင်းရှင်းရန် သဘာဝနည်းအရ ခွေး၊ ကြောင်၊ မြွေများ မွေးမြူခြင်း၊ ကြွက်ပြေး ဆေးများချ၍ နှိမ်နင်းခြင်းများ စသည့် နည်းများဖြင့် ကြိုးစားနှိမ်နင်းနေကြောင်း သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနတွေက ပုလိပ်ရောဂါတွေမဖြစ်ပွားအောင် သတိပေးတာတွေ လုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် ဒီ
သတိ ပေးတဲ့နည်းလမ်းတွေက စာမျက်နှာတွေ ပေါ်မှာပဲရှိပြီး လက်တွေ့ အပြင်မှာ အာဏာပိုင်တွေက စနစ်တကျညွှန်ကြားပြီး စိစစ်တာ မရှိဘူး။ ဒီတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာပြီး ဂရုတစိုက်နေဖို့ပဲ ရှိတယ်”ဟု အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုကဲ့သို့ အိမ်မွေးတိရစ္ဆာန်များ မွေးမြူ၍ ကြွက်အန္တရာယ်မှ ကာကွယ်ခြင်းသည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိသော် လည်း မွေးမြူထားသည့် မြွေများ ပြန်အန္တရာယ်မပြုနိုင်ရန် သတိထားသင့်ကြောင်း၊ အကောင်ကြီးမားသည်အထိ အိမ်တွင် မမွေးမြူသင့်ကြောင်း ၎င်းကပြောသည်။

ဇူလိုင် ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် မိမိတို့ အိမ်၊ ရုံး၊ ဈေးနှင့်ပတ်ဝန်းကျင်တွင် ကြွက်များဝင်ရောက် ခိုအောင်း ပေါက်ပွားမှုမှ ကာကွယ်ရန်၊ မိမိတို့အိမ် အနီးတွင် ကြွက်များ ရုတ်တရက်သေဆုံးပါက ပလိပ်ရောဂါကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သတိရှိရန်၊ ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာန သို့ အကြောင်းကြားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်