ခေါင်းဆောင်များ နာမကျန်း၍ NLD စည်းရုံးရေး ခရီးစဉ်များ ရပ်ဆိုင်း

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဦးတင်ဦးနှင့် ဦးဝင်းတင် တို့၏ ရွေးကောက်ပွဲ မဲပေးခွင့်ဆိုင်ရာ အသိပညာပေးမှု အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်များကို ခေတ္တ ရွှေ့ဆိုင်းထားရမည် ဖြစ်ကြောင်း သိရ သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များနှင့် စစ်အစိုးရအကြား မပြေမလည် ဖြစ်နေခြင်း အပေါ် စိုးရိမ်ကြောင်း ယခုလ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့အပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်ဦးဆောင်သော NLD အဖွဲ့ဝင်များက တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံကာ တိုင်းရင်းသားအရေးကိစ္စများ ဆွေးနွေးရေးအတွက် ခရီးစဉ်များ သွားရောက်ရန် ယခုလ ၆ ရက်တွင် NLDက ဆုံးဖြတ်ချက်ချခဲ့သည်။

သို့သော် ဦးဝင်းတင်သည် အဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုရှိလာသဖြင့် ယခုလ ၁၂ ရက်တွင် အာရှတော်ဝင် ဆေးရုံ တင်ခဲ့ရကာ ဦးတင်ဦးသည်လည်း မကြာမီ မျက်စိ ခွဲစိတ်ကုသရန် ပြည်ပထွက်ခွာရမည်ဖြစ်သဖြင့် ယင်းခရီးစဉ်များ ရွှေ့ဆိုင်း ထားရခြင်း ဖြစ်ကြောင်း သိရသည်။

“အခု မထင်မှတ်ဘဲ နှစ်ဦးစလုံးက ကျန်းမာရေးမကောင်းကြတော့ ဘယ်လိုဆက်လုပ်ဆောင်ကြမလဲဆိုတာကို ကျနော်တို့ ရန်ကုန်ပြန်ရောက်မှ ညှိနှိုင်း ဆုံးဖြတ်ကြရဦးမှာဖြစ်ပါတယ်"ဟု နယ်ပါတီဝင်များနှင့် တွေ့ဆုံရေး ခရီးထွက်နေသည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုံးကြိုင်က ပြောသည်။

ဦးတင်ဦးနှင့်အတူရှိနေသည့် NLD လူငယ်တဦးကလည်း “ဘဘဦးတင်ဦးက အခု သိပ်နေမကောင်းဘူး ၊ အကြားအာရုံလည်း နည်းနေသေးတယ် ၊ မနေ့က ဘဘဦးဝင်းတင်နဲ့ ကျနော်တို့ တွေ့ဖြစ်တော့ ဒီခရီးစဉ်အတွက် နှစ်ယောက်စလုံးက ကျန်းမာရေး မကောင်းသေးတော့ ဒီကိစ္စအပေါ် ဘယ်လိုလုပ်ရမလဲ မသိဘူးလို့ ပြောပါတယ် ၊ ဘဘတို့ ဆန္ဒကလည်း တိုင်းရင်းသားတွေဆီ သွားတဲ့အခါမှာ လူကြီးတွေကိုယ်တိုင် ဆင်းတာက ပိုပြီး လေးနက်မှုရှိမယ်လို့ ပြောနေကြပါတယ်"ဟု ပြောသည်။

ဦးတင်ဦးသည် ညာဘက် မျက်စိ ခွဲစိတ်ကုသရန်အတွက် စင်ကာပူဆေးရုံသို့ လာမည့် ၂၈ ရက်တွင် တက်ရောက်ရန် ပန်းလှိုင်ဆေးရုံက စီစဉ်ပေးထားကြောင်း သိရသည်။

“မျက်စိဆရာဝန်ကြီးက ၂၈ ရက်နေ့ကို သွားဖို့ စီစဉ်ထားတယ် ၊ ဘဘရဲ့ ညာဘက်မျက်လုံးက သွေးခဲမှု သွေးယိုမှုလေးတွေ ရှိနေတယ် ၊ အဲဒါတွေ ထပ်မဖြစ်အောင် ခွဲစိတ်ရမှာလို့ ပြောပါတယ်"ဟု NLD လူငယ်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့က ပါတီ ထပ်မံမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်တွင် နအဖ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

“ပြည်သူလူထုအနေနဲ့ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကျနော်တို့ လုပ်နေပါတယ် ၊ အခုလည်း မန္တလေးတိုင်း ၂၄ မြို့နယ် ၊ ရှမ်း (မြောက်) က ၆ မြို့နယ် ၊ အခု စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၄ မြို့နယ်က လူထုနဲ့ ထိတွေ့နေတယ် ၊ ဒါက ဒုတိယမြောက် ခရီးစဉ်တွေပါ ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် သွားကြဖို့ စီစဉ် ထားတဲ့ ခရီးစဉ်တွေမှာ ဒီကိစ္စတွေလည်း ပါပါတယ်"ဟု ဦးအုံးကြိုင်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်