အရှင်ဥက္ကံသကို အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြောင်း

E-mail Print
ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသော မွန်ဆရာတော် အရှင်ဥက္ကံသ (ခေါ်) ဦးပဉ္ဇင်း ဇော်လတ် ကို အင်းစိန် အကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ယမန်နေ့က ပြောင်းရွှေ့ လိုက်ကြောင်း သတင်းရရှိသည်။

Zaw-Latt“ရန်ကုန်ထောင်ကနေ ပုသိမ်ထောင်ကို ပြောင်းလိုက်တော့ ကျမတို့အနေနဲ့ ဦးပဉ္ဇင်းကို သွားတွေ့ဖို့ အရမ်းခက်သွားပြီ။ ပုသိမ်မှာတည်းစရာ အသိလည်း မရှိဘူး။ ကျမတို့ ဘီးလူးကျွန်းကနေ မော်လမြိုင်၊ အဲဒီကမှတဆင့် ရန်ကုန်၊ ပြီးမှ ပုသိမ်သွားရမယ်ဆိုတော့ ခရီးစရိတ်ကလည်း ကြီးမယ်၊ ဝေးလည်း အရမ်းဝေးတော့ အခက်အခဲ ရှိတာကတော့ မပြောပါနဲ့ တော့”ဟု အရှင်ဥက္ကံသ၏ ညီမဖြစ်သူ မိသီတာဝင်းက ဧရာဝတီသို့ ပြောသည်။

အရှင်ဥက္ကံသတွင် စိတ္တဇဝေဒနာ ခံစားနေရသူ ဖခင်နှင့် အသက် ၂၀ အရွယ် ညီမတဦးသာ မိသားစုဝင်အဖြစ် ရှိကြောင်း၊ ၎င်းတို့မှာ ကျေးလက်နေ တောင်သူလယ်သမားများသာ ဖြစ်ကြောင်း သိရသည်။

အရှင်ဥက္ကံသသည် ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ထောင်မှ ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပုသိမ်အကျဉ်းထောင် သို့ ရောက်ရှိသွားကြောင်း လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာ ကိုနိုင်အာကာကလည်း ပြောသည်။

ယမန်နှစ် နှစ်သစ်ကူးညက မွန်ပြည်နယ် မော်လမြိုင်နှင့် ရေးမြို့နယ် လမ်းတလျှောက်တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးအဖြစ် ကတ္တရာလမ်းမပေါ်တွင် မှုတ်ဆေးပက်ဖြန်းသော လှုပ်ရှားမှုတခု ဖြစ်ပွားခဲ့သည်။

ယင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ အရှင်ဥက္ကံသကို ယခုနှစ် ဇန်နဝါရီလတွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ တွင် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုနိုင်ကဆော့မွန်က “နအဖ အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်း သားတွေကို မိသားစုနဲ့ ပိုဝေးတဲ့ နေရာတွေကို ပို့ပစ်တာဟာ လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ ဒီလိုလုပ်တာဟာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ တွေ့နိုင်ဖို့ ပိုမို ခဲယဉ်းသွားအောင် လုပ်တဲ့သဘောပေါ့။ အကျဉ်းသားတယောက် အတွက် ထောင်ဝင်စာမရှိရင် ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ ပြောစရာမလိုပါဘူး”ဟု ပြောသည်။

အရှင်ဥက္ကံသ၏ မိတ်ဆွေ မွန်သံဃာတပါးက“အရှင်ဥက္ကံသမှာ အဖမ်းမခံရခင်ကတည်းက အစာအိမ်ရောဂါ ခံစားနေရ တယ်။ အဖမ်းခံရပြီး စစ်ကြောရေးက နှိပ်စက်လို့ ခါးနာနေတယ်။ ခဏခဏလည်း ဖျားတယ်လို့လည်း သိရတယ်။ ကျောက်ကပ် ရောဂါလည်း ဖြစ်နေတယ်လို့ ဦးပဉ္ဇင်းတို့ ကြားသိရတယ်”ဟု မိန့်သည်။

အရှင်ဥက္ကံသသည် မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာသားဖြစ်ကြောင်း၊ သက်တော် ၃၀ အရွယ် ရှိပြီး မုဒုံမြို့ နယ်၊ နိုင်လုံကျေးရွာရှိ အောင်ဇေယျ ပရိယတ္တိ စာသင်တိုက်မှ စာချဆရာတော်လည်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း (AAPP) ၏ နောက်ဆုံး ထုတ်ပြန် ချက်များအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိနေဆဲ ဖြစ်ကြောင်း၊ ထိုအထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါး ပါဝင်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်