ကြံ့ဖွံ့ဆန့်ကျင်ရေး သဘောင်္ဆေးဖြင့်ရေး

E-mail Print
ပဲခူးတိုင်း သာယာဝတီမြို့နှင့် သုံးဆယ်မြို့များတွင် ရွေးကောက်ပွဲနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ဆန့်ကျင်သည့် စာများကို သင်္ဘောဆေးဖြင့် အစိုးရဌာနဆိုင်ရာ ရုံးများနှင့် လူစည်ကားရာအရပ်ရှိ ဆိုင်းဘုတ်များ၌ ရေးသားခဲ့ကြောင်း သတင်းရရှိသည်။

USDP-Oct-14“ကြံ့ဖွံ့ဆိုင်းဘုတ်တွေမှာ ရွေးကောက်ပွဲအလိုမရှိ ဆိုတာရယ်၊ ကြံ့ဖွံ့ကို တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာတွေ ရယ်ကို ရေးထားတာ။ အလယ်ဘုတ်ကုန်း၊ ခယက ရုံးရှေ့က ဆိုင်းဘုတ်၊ ဘဏ်ရှေ့မှာရယ် ၈ နေရာလောက် တွေ့တယ်။ ကားတစီးရဲ့ ဘေးနားမှာလည်း ရေးထားတယ်။ အခုတော့ ရဲတွေက အဲဒီနားတွေမှာ စောင့်နေပြီး ရေးထားတာတွေကိုလည်း  ဖျက်လိုက်ပြီ။ ဆေးနီနဲ့ ရေးတဲ့နေရာတွေတော့ အရာတွေ ကျန်နေခဲ့တယ်”ဟု သာယာဝတီ မြို့ခံတဦးက ဧရာဝတီသို့ ပြော သည်။

အဆိုပါ စာတန်းများအား ဓာတ်ပုံရိုက်ယူသူများ၊ ကြည့်ရှုသူများကို အာဏာပိုင်များက တားမြစ်မှုရှိခဲ့ကြောင်းလည်း သိရသည်။

ကြံ့ဖွံ့ပါတီဝင်များ စည်းရုံးရေးဆင်းရာတွင် အဓမ္မမဲဆွယ်ခြင်း၊ အစိုးရပိုင် အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများကို အသုံးပြု နေသောကြောင့် မကျေနပ်၍ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါမြို့ခံက သုံးသပ်သည်။

၎င်းက “ကြံ့ဖွံ့တွေက အင်အားအာဏာသုံးပြီး ခြိမ်းခြောက်တာတွေ၊ အဓမ္မ ပါတီဝင်ခိုင်းတာ စည်းရုံးတာတွေ လုပ်နေတော့ ဘယ်သူမှ မကျေနပ်ကြဘူးလေ။ ဘယ်သူမှလည်း သူတို့ကို စိတ်မ၀င်စားဘူး။ မဲလည်း မထည့်ချင်ကြဘူး” ဟု ပြောသည်။

သုံးဆယ်မြို့တွင်လည်း အလားတူ ကြံ့ဖွံ့ကိုရှုတ်ချသည့် စာများကို ဌာနဆိုင်ရာရုံးများ၏ ဆိုင်းဘုတ်များ၊ လူစည်ကားရာအရပ်ရှိ ဆိုင်းဘုတ်များပေါ်တွင် ရေးသားထားကြောင်း သိရသည်။

သာယာဝတီနှင့် သုံးဆယ်မြို့ရှိ ၀န်ထမ်းများကို မဲဆွယ်စည်းရုံးရာတွင် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန်နှင့် မဲမပေးပါက ၀န်ထမ်းများရှေ့ရေးအတွက် ပြဿနာရှိနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများလည်း ပြုလုပ်နေသည်ဟု သာယာဝတီ ပန်းကန်စက်ရုံနှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက“သူတို့ကို မဲမထည့်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတွေပေးပြီး ပါတီဝင် လက်မှတ်ထိုးခိုင်းတယ်ဗျာ။ တချို့လည်း ကြောက်တော့ လက်မှတ်ထိုးပေးကြတယ်။ တကယ်တော့ အခုထိ ဘယ်သူ့ကို မဲထည့်ရမှန်း မသိကြသေးဘူး။ ရွေးကောက်ပွဲလည်း စိတ်မ၀င်စားကြဘူး”ဟု ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အတည်ပြုရေး မဲဆန္ဒခံယူပွဲကာလကလည်း သာယာဝတီ ပန်းကန်စက်မှ ၀န်ထမ်းများကို ကြံ့ဖွံ့ အသင်းဝင်များ၏ မျက်မှောက်တွင်ပင် ထောက်ခံကြောင်း အမှန်ခြစ်ခိုင်းခဲ့သောကြောင့် ယခု ရွေးကောက်ပွဲတွင်လည်း ထိုကဲ့သို့ပင် အဓမ္မပြုလုပ်မည်ကို ၀န်ထမ်းများက စိုးရိမ်နေကြကြောင်းလည်း ပန်းကန်စက်ရုံနှင့် နီးစပ်သူက ဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု တရားဝင် ထုတ်ပြန်ကြေငြာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်