KIO ထိန်းချုပ် နယ်မြေဘက်မှ ၀င်သည့် တရုတ်ကုန်များ ပိတ်ပင်

E-mail Print
ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသမှ တဆင့် တရုတ်ကုန်ပစ္စည်းများ ကချင်ပြည်နယ် အတွင်းသို့ တင်ပို့ ခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်ခြင်းသည် စီးပွားရေးအရ ပိတ်ဆို့ခြင်း ဖြစ်နိုင်သည်ဟု KIOဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။

ယင်းကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကို ယမန်နေ့က စတင်ခြင်း ဖြစ်သည်။

စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံတဝန်း ရှိ KIO ဆက်ဆံရေးရုံးများကို ပိတ်ရန် ဖိအားပေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် သတင်းစာများတွင် စတင်ပြီး စစ်အစိုးရက KIOကို သောင်းကျန်းသူအဖြစ် ခေါ် ဝေါ် သုံးစွဲခဲ့သည်။ KIO နှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် ၁၆ နှစ်တာ ကာလအတွင်း ထိုအသုံးအနှုန်းကို ပြန် လည်သုံးစွဲခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက KIOကို သောင်းကျန်းသူအနေဖြင့် သတ်မှတ်ခြင်းကို အံ့အား သင့်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော် KIOသည် ငြိမ်းချမ်းရေး ယူထားသည့် ၁၆ နှစ်တာ ကာလတွင် တိုင်းပြည်နှင့် အမျိုးသားအကျိုးစီးပွားကိုသာ လုပ်ကိုင်ခဲ့ပြီး မည်သည့် အဖျက် လုပ် ရပ်ကို မှ မလုပ်ကိုင်ခဲ့ကြောင်း ဂျိမ်းစ်လွမ်းဒေါင် က ပြောဆိုသည်။

တိုင်းပြည်တွင် လက်နက်ကိုင် အဖွဲ့အစည်း များစွာရှိနေခြင်းသည် ငြိမ်းချမ်းမှု မရှိ၍ လည်းကောင်း၊ မတရားမှုများသည့် အတွက် လည်းကောင်း လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေခြင်း ဖြစ်ကြောင်း KIOအနေဖြင့် လူထုအကျိုးစီးပွားနှင့် ငြိမ်းချမ်းရေး ရရှိချိန်တွင် လက်နက်စွန့်လွှတ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

နယ်ခြားစောင့် တပ်ဖွဲ့(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းရန် KIO အဖွဲ့က လက်မခံခဲ့သည့် နောက်တွင် KIO နှင့် စစ်အစိုးရ ဆက်ဆံ ရေး တဖြည်းဖြည်း ပျက်ပြားလာကြောင်း၊ မကြာသေးမီ ရက်ပိုင်းက မြန်မာနိုင်ငံတဝန်းရှိ KIO ဆက်ဆံရေးရုံးများကို ပိတ်ပစ်ရန် စစ် အစိုးရက ဖိအားပေးခဲ့ကြောင်းလည်း ဂျိမ်းစ် လွမ်းဒေါင်က ဆိုသည်။

KIO သည် နိုင်ငံတ၀န်း ဆက်ဆံရေး ရုံးပေါင်း ၃၀ ခန့်ရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အများဆုံး ဖွင့်လှစ် ထားသည်။

မြစ်ကြီးနား ဒေသခံ တဦးကလည်း မြစ်ကြီးနားနှင့် ဗန်းမော် လမ်းဆုံရှိ လဂျားယန် စစ်ဆေးရေး ဂိတ်တွင် တရုတ်ပြည်ဘက်မှ တင် သွင်းလာသည့် ကုန်ပစ္စည်းများကို အာဏာပိုင်များက ရှာဖွေသိမ်းဆည်းနေသည်ဟု ပြောသည်။

လိုင်ဇာ ကုန်သွယ်ရေးစခန်းသည် တရုတ်- မြန်မာနယ်စပ် လမ်းကြောင်းပေါ်တွင် မူဆယ် ကုန်သွယ်ရေးစခန်းပြီးလျှင် ဒုတိယအကြီး ဆုံးကုန်သွယ်ရေး စခန်းဖြစ်သည်။

တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“ဒါကတော့ သူတို့ရဲ့ ဒုတိယနည်းပဲလေ၊ စီးပွားရေး ပိတ် ဆို့ မှုဆိုတာ ဒေသအတွင်းရှိ ပြည်သူတွေ စားဝတ်နေရေး ကျပ်အောင် လုပ်တာ”ဟု ဆိုသည်။


ထိုသို့ ပြုလုပ်ခြင်းသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ အပေါ်မှီခိုနေရသည့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အကျပ်အတည်း ဖြစ်စေရန် လုပ်ဆောင်စေခြင်း ဖြစ်သည်ဟုလည်း ဦးအောင်ကျော်ဇော က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အထူးဒေသ ၄ အဖွဲ့ အခြေစိုက်သည့် မိုင်းလားမြို့သို့ ၀င်ရောက်သည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းကို ပိတ်ပစ်လိုက်ကြောင်း၊ ကျိုင်းတုံမြို့နယ် နှင့် မိုင်းလားမြို့ကို ဆက်သွယ်ထားသည့် ၀မ်တာပင်း တံတားကို အစိုးရက ပိတ်လိုက်ပြီး ကုန်စည်ဝင်ထွက်မှုကို ထိန်းချုပ်လိုက် သည်ဟု ဦးအောင်ကျော်ဇောက ဆက်လက်ရှင်းပြသည်။

ထို့အပြင် အတည်မပြုနိုင်သော သတင်းများအရ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသရှိ ၀ ပြည်သွေးစည်းညီညွတ်ရေး(UWSA) ထိန်းချုပ်ထားရာ နယ်မြေနှင့် တန့်ယန်းဒေသကို ဆက်သွယ်ထားသည့် တာကော် အက် တံတားကိုလည်း စစ်အစိုးရက ပိတ်ထား သည့် အတွက် ကားအသွားအလာမရှိကြောင်း သိရသည်။

ယမန်နေ့က ရန်ကုန်အဲယားဝေး လေကြောင်းလိုင်းအား စစ်အစိုးရက ပျံသန်းခွင့်ပိတ်ပင် လိုက်သည့်ကိစ္စသည်လည်း ယင်း လေ ကြောင်းလိုင်းသည် ၀ပြည်သွေးစည်းညီညွတ်ရေး(UWSA) အဖွဲ့နှင့် ပတ်သက်၍ ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်း တွင် ပြောဆိုနေသည်။

စစ်အစိုးရသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့ စည်းရန် ဖိအားပေးသည့် အနေဖြင့် DKBA အဖွဲ့မှ လုပ်ကိုင်နေသည့် စီးပွားရေး ဂိတ်များကို ပိတ်ပင်ထိန်းချုပ်ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်