နေပြည်တော်အမြန် လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်၊ ဂျပန်တဦးသေဆုံး

E-mail Print
ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးတွင် ဇန်န၀ါရီလ ၂၂ ရက်နေ့ည ၁၁ နာရီခန့်က ယာဉ်တိမ်းမှောက်မှုတခု  ဖြစ်ပွားခဲ့ပြီး ဂျပန်လူမျိုး တဦးနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးတို့ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

Yangon_Nay-Pyi-Dawတိမ်းမှောက်သွားခဲ့သည့် ယာဉ်ပေါ်တွင်  ဂျပန် ၂ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး၊ စုစုပေါင်း ၅ ဦး စီးနင်းလိုက်ပါလာပြီး ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် လမ်းတွင် ဖြစ်ပွားခဲ့သည်ဟု ဂျပန်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားသည်။

“သေတဲ့သူက မစ္စတာ ဆာဂီဂါဝါတဲ့။ အသက် ၅၀ လောက်ရှိတဲ့ သွားဆရာဝန် တယောက်ပါ။ သူက ပွဲချင်းပြီးပဲ ဆုံးသွားတယ်။ သူနဲ့ အတူစီးလာတဲ့အထဲက မြန်မာ အရာရှိတယောက်လည်း ဆုံးသွားတယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှ အရာရှိတဦးက ပြောသည်။ 

သေဆုံးသူ ဂျပန် ဆရာဝန်က ကားကိုမောင်းချင်သည် ဆိုသောကြောင့် ပေးမောင်းရာမှ ယခုကဲ့သို့ တိမ်းမှောက်မှု ဖြစ်သွားခဲ့ရကြောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အရာရှိတဦးလည်း သေဆုံးသွားကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါ ဂျပန် ဆရာဝန်သည် မြန်မာ့ မီးရထား ၀န်ကြီးဌာနမှ အရာရှိများနှင့် ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ တနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှု ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စာရင်းတွင် ဖော်ပြထားသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းမတိုင်မီ ကပင် စမ်းသပ်မောင်းနှင်သည့် အနေဖြင့် ကိုယ်ပိုင်ယာဉ်များနှင့် ယာဉ်တချို့ကို ဖြတ်သန်း မောင်းနှင်ခွင့် ပြုခဲ့သည်။

“ကွန်ကရစ်လမ်းနဲ့ ကတ္တရာလမ်းက မတူဘူး။ မောင်းတဲ့ နေရာမှာ သတိထားရမယ့်အချက်တွေ အများကြီးရှိတယ်။     မောင်းနေတဲ့ မိုင်နှုန်းနဲ့ အကွေ့တွေမှာ ကတ္တရာလမ်းလို သွားမောင်းရင် အကုန်မှောက်ကုန်နိုင်တယ်။ ကတ္တရာ လမ်းက ဘယ်လောက် မိုင်နှုန်းမြင့်မြင့် ကတ္တရာက ကားဘီးကို စုတ်ထား ဆွဲထားတဲ့ သဘောရှိတယ်။ ကွန်ကရစ် လမ်းကတော့ ဆန့်ကျင်ဘက်ပဲ မိုင်နှုန်းမြင့်တဲ့အချိန်မှာ ဘီးကို မဆွဲထားဘဲ ချော်ထွက်သွားစေတယ်” ဟု မီးရထားဝန်ကြီးဌာန ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။

၂၀၁၀ မေလ ၁၉ ရက်နေ့ ကလည်း  နေပြည်တော် အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်း၏ မြေး သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ရပ်ပေါင်း ၁၃၀ ရှိခဲ့သည်ဟု သိရပြီး သေဆုံးသူ ၅၇ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၂၀၄ ဦးအထိရှိခဲ့သည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ရန်ကုန်-နေပြည်တော် လမ်းပိုင်းနှင့် နေပြည်တော်- မန္တလေး လမ်းပိုင်း ဟူ၍ လမ်းပိုင်း နှစ်ပိုင်းပါဝင်ကာ စုစုပေါင်း ၃၆၅ မိုင် ၆ ဖာလုံ ရှည်လျားသည်။

ရန်ကုန် - နေပြည်တော်လမ်းမကြီးအကြောင်း ဒီမှာ ကြည့်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်