လင်းနို့ချေး လုပ်ငန်းအတွက် လာဘ်ပေးရ

E-mail Print
မွန်ပြည်နယ်အတွင်းမှ လင်းနို့ဂူများတည်ရှိရာ မြို့နယ်၊ ကျေးရွာများ၏ အာဏာပိုင် ရာထူး နေရာများ ရရှိရေးအတွက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကို ငွေကျပ် သိန်းရာချီ၍ ပေးနေကြကြောင်း သိရသည်။

“လင်းနို့ချေးတွေကို ဥက္ကဋ္ဌတွေက ကန်ထရိုက်စနစ်နဲ့ ရောင်းရင် ကျပ် သိန်း ဆယ်ချီပြီးတော့ ရတယ်၊ ဥက္ကဋ္ဌ ဖြစ်ရင် လုပ်ပိုင်ခွင့်တွေ အကုန်ရတယ်၊ ဒီတော့ အဲဒီလိုနေရာမျိုးကို ပိုလိုချင်ကြတယ်”ဟု ကျိုက်မရောမြို့နယ် ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

မွန်ပြည်နယ် ၏ မြို့နယ် အားလုံးနီးပါး၌ လင်းနို့ဂူများ ရှိကြောင်း၊ အများဆုံးရှိသော မြို့နယ်များမှာ ကျိုက်မရောမြို့နယ်၊ မော် လမြိုင် ခရိုင်အတွင်းမှ မြို့နယ်များဖြစ်ကြောင်း၊ တပြည်နယ်လုံးအတိုင်းအတာဖြင့် လင်းနို့ ဂူပေါင်း သောင်း ဂဏန်း အထိရှိ
ကြောင်း ၎င်းက ဆက်ပြောသည်။

“လင်းနို့ဂူတွေက ဘယ်သူပိုင်တယ်ဆိုတာ မရှိဘူးလေ၊ ဒီတော့ ရပ်ရွာ ဥက္ကဋ္ဌတွေကပဲ အပိုင်စီးတယ်၊ အဓိက ၀ယ်သူတွေကတော့ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေက ၀ယ်ယူကြတယ်”ဟု ကျိုက်မရော ဒေသခံက ဆိုသည်။

မွန်ပြည်နယ်တွင် လင်းနို့ချေးပေါများစွာထွက်ရှိပြီး ပီနံအိတ်တအိတ်လျှင် ကျပ်သောင်းချီ၍ ပေးဝယ်ရကြောင်း၊ အဓိက အသုံးပြုသော နေရာမှာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဥယာဉ်ခြံ လုပ်ငန်းများ၌ အသုံးပြုပြီး ကုန်သည်တချို့သည် နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ လင်းနို့ချေးသည် သြဂင်းနစ် သဘာဝ ဓာတ်မြေသြဇာထက်များစွာ အကျိုး အာနိ သင် ပိုများကြောင်းနှင့် တိုင်းရင်းဆေးဖော်စပ်ရာ၌ အသုံးပြုကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ထရုံဂူ၊ ဓမ္မသတ်ဂူနှင့် ကရင်ပြည်နယ်အတွင်းမှ ဆန္ဒန်ဂူ တို့သည် ကြီးမားပြီးထင်ရှားသော ဂူများဖြစ်ကြောင်း၊ ကရင်ပြည်အတွင်းရှိ ဘားအံမြို့နယ်တွင်လည်း လင်းနို့ဂူ အများအပြားရှိကြောင်း ကျိုက်မရောဒေသခံက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်ဥက္ကဋ္ဌ၊ ကျေးရွာ ဥက္ကဋ္ဌနေရာများကို ယခင်လူဟောင်းများက ငွေပေး၍ ပြန်လည်ရယူရန်ကြိုးပမ်း နေမှုကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ ကျေးရွာတချို့၏ ဥက္ကဋ္ဌ တာဝန်ယူရန် သတင်းထွက်နေသူများမှာ ဒေသခံ
ပြည်သူများ၏ ကန့်ကွက်ခြင်းကို ခံနေရ၍ ပြည်များက သဘောတူလက်ခံနိုင်မည့် ရပ်မိရပ်ဘ များကို ရွေးချယ်ရန် ပြင်ဆင်နေ ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ပြောသည်။

“ဥက္ကဋ္ဌ တနေရာကို ကျပ်သိန်း ၂၀၊ ၃၀ ကနေ ၁၀၀ ထိ ပေးထားကြတယ်ကြားတယ်၊ ဒီလိုဆယ်ချီ၊ ရာချီပေးလည်း ပြန်ရှာတာ က လွယ်တာကော၊ ဒါပေမယ့် တချို့တော့ ပိုက်ဆံပေးထားပေမယ့် ဒေသခံတွေက သဘောမတူတော့ သူတို့ငွေ ဆုံးသွားနိုင် တယ်”ဟု ဦးနိုင်ငွေသိန်း က ရှင်းပြသည်။

မွန်ပြည်နယ် အတွင်း၌ ရပ်ကွက်နှင့် ကျေးရွာ ဥက္ကဋ္ဌ တာဝန်များသည် ၀င်ငွေကောင်း၍ ယင်းနေရာရယူလိုသူ များပြားကြောင်း၊ အကြောင်း အမျိုးမျိုးပြကာ ငွေကောက်ယူကြကြောင်း၊ ဥပမာ အားဖြင့် ဧည့်သည်ရောက်၍ ဧည့်စာရင်း တခါတိုင်လျှင်ပင် ကျပ် ထောင်ဂဏန်း ပေးရကြောင်း၊ ပွဲလမ်းသဘင် တခုပြုလုပ်မည် ဆိုပါကလည်း အနည်းဆုံး ကျပ် ၅ ထောင်နှင့်အထက် ပေးရ
ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်