စစ်အစိုးရကို ဖိအားပေးရန် အမေရိကန် အမျိုးသမီး အမတ်များတိုက်တွန်း

E-mail Print
စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်အစိုးရ အပေါ် ဆက်လက် ဖိအားပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့က ပြောသည်။   

အဆိုပါ ဖိအားပေးမှုနှင့် ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် အမတ် ဒိုင်ယန် ဖင်းစတိန်းနှင့် ကေ ဘာလီ ဟပ်ချိဆန် တို့အပါအ၀င် အမျိုးသမီး အမတ် ၁၁ ဦးက မြန်မာစစ်အစိုးရ အပေါ် ၂၀၁၀ ရွေးကောက်ပွဲကို ပယ်ဖျက်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ရပ်တန့်ရန်၊ ဒေါ် အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် စသည်များကို ဖိအားပေးရန်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းထံ စာရေးပြီး ယခုအပတ် အင်္ဂါနေ့က တိုက်တွန်းခဲ့ကြသည်။    

မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် မီရှဲလ် မွန်းတပ်စ်က“နေအိမ် အကျယ်ချုပ် အကျခံနေရသည့် အတိုက် အခံ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုစာရေးသား တိုက်တွန်းခဲ့သော အမေရိကန် အထက် လွှတ်တော် အမတ်များနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း စိုးရိမ်နေပါသည်”ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပြောဆိုသည်။

၎င်းကဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် မစ္စတာ ဘန်ကီမွန်းက ဆက်လက် ဖိအား ပေးသွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

လွန်ခဲ့သည့် မတ်လ ၁၃ ရက်နေ့၌ နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး အတွက် လက်မှတ်ထိုး လှုပ်ရှားမှု တခုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နှင့် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ပူးပေါင်း၍ စတင်ပြုလုပ်ခဲ့ကြသည်။

ထို လှုပ်ရှားမှုကို မြန်မာ့ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ၂၄ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။  

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှု လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ် ပြုလုပ် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာက ပိုမိုသိရှိလာကာ နအဖ ကို ပိုမို ဖိအားပေးရန်နှင့် ရရှိလာ သည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေးအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ထံပို့မည်ဖြစ်ကြောင်း လည်း လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်သူများက ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၂၁၀၀ခန့်ရှိကြောင်း AAPP စာရင်းအရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်