အမေရိကန်နှင့် ဆလိုဗေးနီးယား ဘယ်သူ ခြေစွမ်းပိုထက်မလဲ

ကမ္ဘာ့ အကြီးဆုံးနှင့် လူဦးရေ အများဆုံး စာရင်းဝင် အမေရိကန် နိုင်ငံ၏ ဘောလုံး အသင်းနှင့် သေးငယ်ပြီး လူဦးရေ အနည်းဆုံး တိုင်းပြည် ဖြစ်သည့် ဆလိုဗေးနီးယား အသင်းတို့ လာမည့် သောကြာနေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အကယ်၍ ဘောလုံး ဆိုသည်မှာ မထင်မှတ်ထား သည်များ ဖြစ်လာနိုင် သည်ဟု ဆိုသည့် စကားအတိုင်း ဆလိုဗေးနီးယား အသင်းက အမေရိကန် အသင်းကို အနိုင်ရရှိခဲ့လျှင် ရှုံးထွက် အဆင့်သို့ တက်ရောက် နိုင်မည့် အသင်း ၁၆ သင်းတွင် ပါဝင်ရန် အလားအလာ ကောင်းနေသည်။

ဆလိုဗေးနီးယား အသင်းသည် အင်္ဂလန်၊ အမေရိကန်၊ အယ်လ်ဂျီးရီးယား အသင်းများနှင့် တအုပ်စုတည်း ကျရောက်နေသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အယ်လ်ဂျီးရီးယား အသင်းနှင့် ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့ကာ အဖိုးတန် အမှတ် ၃ မှတ်ရရှိပြီး ဘောလုံးဘိုးအေ အင်္ဂလန်အသင်း၏ အထက်တွင် နေရာယူထားသည်။

ဆလိုဗေးနီးယား အသင်းသည် ယခင် ဘောလုံး အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်သည့် ယူဂိုဆလားဗီးယားနိုင်ငံမှ ၁၉၉၁ ခုနှစ်တွင် ခွဲထွက်ခဲ့သည့် နိုင်ငံဖြစ်သည်။

လာမည့် သောကြာနေ့တွင် အမေရိကန် အသင်းကို ဆလိုဗေးနီးယား အသင်းက အနိုင်ယူနိုင်ခဲ့လျှင် အုတ်အော် သောင်းတင်း ဖြစ်မည့် သတင်း တပုဒ်ဖြစ်သည်ဟု ယမန်နေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်အသင်း နည်းပြ ဘော့ဘ် ဘရက်ဒလေက“ဆလိုဗေးနီးယားအသင်းက စုစုစည်းစည်းနဲ့ ခံစစ်ကိုလုံအောင် ကစားတတ် တဲ့ အသင်းပါ၊ ရရင်ရသလိုလည်း တန်ပြန်တိုက်စစ် ဆင်တတ်တဲ့အသင်းဖြစ်တယ်”ဟု မှတ်ချက်ချ ပြောဆိုခဲ့သည်။

အင်္ဂလန်အသင်းကဲ့သို့ နာမည်ကြီး ဘောလုံးသမားများနှင့် စုဖွဲ့ထားသည့် အသင်းကို ၁ ဂိုးရှုံး နိမ့်နေရာမှ ၁ဂိုးပြန်သွင်းပြီး သရေ ကစားနိုင်ခဲ့သည့် အမေရိကန်အသင်းသားများကို ယုံကြည်မှု အပြည့်ရှိကြောင်း နည်းပြ ဘော့ဘ် ဘရက်ဒလေ ကပြောသည်။

အမေရိကန်အသင်း နောက်ခံလူ ချာရွန်ဒိုလို ကလည်း အမေရိကန်ပြည်သူများအနေဖြင့် အမေရိကန် ဘောလုံးအသင်း အောင်မြင် ရန် ဆန္ဒပြုနေခြင်းသည် အားတက်စရာဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း အရှုံးကို မလိုလားကြောင်း ပြောဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်