သောကြာစကားဝိုင်း (မေ ၁၊ ၂၀၀၉)


နာဂစ်မုန်တိုင်း မြန်မာပြည်ကို ဝင်ရောက်တိုက်ခတ် သွားခဲ့တာ တနှစ်ကြာခဲ့ပေမယ့် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီနေတဲ့ အဖွဲ့အစည်းတွေ ဘယ်လိုအခက်အခဲ ပြဿနာတွေ ရင်ဆိုင်နေရသလဲ။

NLD က ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ထူးထူးခြားခြား ဘာအကြောင်းအရာတွေ ပါသလဲ၊ အသက် ၆၀ ပြည့်သွားပြီ ဖြစ်တဲ့၊ ထင်ရှားတဲ့ ရှမ်းအမျိုးသား တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ အမွေအနှစ် သီချင်းတွေနဲ့ ပတ်သက်လို့ … စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

ပခုတပတ်မှာ အောင်ဇော်၊ ကျော်စွာမိုး၊ အေးချမ်းမြေ့ တို့အပြင် ဆရာစိုင်းခမ်းလိတ်နဲ့ ၁၉၇၀ ဝန်းကျင်က ရင်းနှီးခဲ့တဲ့ တေးရေးဆရာ ဆခဟ လည်း ပါဝင်ဆွေးနွေး ထားပါတယ်။

ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်း ပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်း အရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေး တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင် ရယူရန် Download (6.52 Mb)

 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်