သောကြာစကားဝိုင်း (ဇွန် ၂၆၊ ၂၀၀၉)


အမေရိကန် ရေတပ်က နောက်ယောင်ခံလိုက်နေတဲ့ မြောက်ကိုရီးယား Kang Nam 1 သင်္ဘောပေါ်မှာ စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာသလား၊ နအဖ အနေနဲ့ စစ်တပ်အင်အားကို တိုးချဲ့နေတာဟာ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်ဖို့ထက် နိုင်ငံတကာဖိအားကို အံတုချင်လို့လား။

KNU ရဲ့ တပ်မဟာ ၇ တပ်စခန်း ကျသွားပြီးတဲ့နောက် DKBA နဲ့ မြန်မာ အစိုးရတပ်တွေက တပ်မဟာ ၆ ကို ဆက်လက် ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေခြင်းဟာ နယ်စပ်စီးပွားရေးကို တိုးမြှင့် အကောင်အထည်ဖော်ဖို့အတွက်လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

အောင်ဇော်၊ ကျော်စွာမိုး အေးချမ်းမြေ့တို့အပြင် ဧရာဝတီသတင်းထောက် စောရန်နိုင်တို့ ပါဝင်ဆွေးနွေး ထားကြပါတယ်။
 
ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်းပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေးတင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင် ရယူရန် Download (4.76 Mb)
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်