သောကြာစကားဝိုင်း (သြဂုတ် ၁၄၊ ၂၀၀၉)


ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲအဖြစ် အပြီးသတ်အမိန့် ချပြီးတဲ့နောက်ပိုင်း ထပ်တိုးလာတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေက ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ၊ ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေမှာ တတိယနိုင်ငံ ထွက်သွားလို့ လျော့သွားတဲ့ လူသားရင်းမြစ် ပြဿနာကို ဘယ်လို ဖြေရှင်းကြလဲ ဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပါဝင်တဲ့ တပ်မတော် ခေတ်သုံးခေတ်ရုပ်ရှင် ကြယ်စင်မော်ကွန်း အစရှိတာတွေကို ဆွေးနွေးထားပါတယ်။

အောင်ဇော်၊ ကျော်စွာမိုး၊ ရဲနည်၊ ကိုစိုး၊ အေးချမ်းမြေ့နဲ့ သဲသဲတို့ ပါဝင်ဆွေးနွေး ထားကြပါတယ်။

ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်းပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေးတင်ဆက်ထားတာ ဖြစ်ပါတယ်။

{wd file=images/stories/podcasts/08.14.09.mp3 name='အသံဖိုင်ရယူရန်'}

ဤအစီအစဉ်ကို နားဆင်ရန် Adobe Flash Player ပရိုဂရမ် လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်