သောကြာစကားဝိုင်း (သြဂုတ် ၂၈၊ ၂၀၀၉)


၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တရုတ် - မြန်မာ နယ်စပ်က အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရ ကြားက ပဋိပက္ခ ဘယ်လောက်ထိ ကြီးထွားလာဦးမလဲ၊ ကာတွန်းဟန်လေးက နိုင်ငံရေးကာတွန်းတွေကိုပဲ ဘာလို့ စိုက်လိုက် မတ်တတ် ဆွဲနေရတာလဲ ဆိုတာနဲ့ မှေးမှိန်ပျောက်ကွယ်လုနီးပါး အခြေအနေဖြစ်နေတဲ့ မြန်မာ့ရုပ်သေး .. စတဲ့အကြောင်းအရာ တွေကို ဆွေးနွေးထားပါတယ်။

အောင်ဇော်၊ ကျော်စွာမိုး၊ အေးချမ်းမြေ့နဲ့ သဲသဲတို့အပြင် ဧရာဝတီရဲ့ ပင်တိုင်ကာတွန်းဆရာ ဟန်လေး၊ ဧည့်သည်အဖြစ် သျှမ်းသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်တို့ ပါဝင်ဆွေးနွေး ထားကြပါတယ်။

ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်းပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေးတင်ဆက်ထားတာ ဖြစ်ပါတယ်။

{wd file=images/stories/podcasts/08.28.09.mp3 name='အသံဖိုင်ရယူရန်'}

ဤအစီအစဉ်ကို နားဆင်ရန် Adobe Flash Player ပရိုဂရမ် လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်