သန်လျင် မဲစာရင်း အပိုထည့် ထုတ်ပြန်

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော မဲပေးနိုင်သည့် လူဦးရေ စာရင်းသည်  အမှန်တကယ် မဲပေးနိုင်သော လူဦးရေ စာရင်းနှင့် ကိုက်ညီမှု မရှိကြောင်း ဒေသခံ ပါတီ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

“မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေ စာရင်းက မူလရှိတဲ့ လူဦးရေ စာရင်းထက် ပိုနေတယ်၊ လူဦးရေ ၅၀၀ လောက် ရှိတဲ့နေရာမှာ ၇၀၀ ဖြစ် နေတယ်၊ ၂၀၀ လောက်ပိုနေတယ်၊ အဲဒီ ၂၀၀ က လူမရှိဘူး၊ လူမရှိဘဲနဲ့ လျှောက်ထည့်ထားတာဖြစ်တယ်”ဟု သန်လျင်မြို့နယ်တွင် ၀င်ရောက် အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

သန်လျင်မြို့နယ် အလယ်မြို့သစ် ရပ်ကွက်တွင် အမှန်တကယ် မဲပေးနိုင်ခွင့်ရှိသူ လူဦးရေ ၅၉၆ ဦးရှိကြောင်း၊ ထုတ်ပြန်ထားသည့် စာရင်းမှာ ၇၇၆ ဦး ဖြစ်ကြာင်းလည်း ၎င်းက ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်