ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျ၊ ၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲထော်သလေး ကျေးရွာတွင် ယနေ့ နံနက်၌ ဆောက်လုပ်ဆဲ ဂိုထောင်တခု၏ နံရံ ပြိုကျသဖြင့် မြန်မာအလုပ်သမား ၇ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားသည်။ ဒဏ်ရာရရှိသူ အလုပ်သမားများကို မဲဆောက်ဆေးရုံတွင် တင်ထားကြောင်း၊ ဒဏ်ရာ မပြင်းသူများကို မယ်တော် ဆေးခန်းတွင် ကုသပေးနေကြောင်း သိရသည်။ ပြိုကျသည့် အဆောက်အဦးနေရာတွင် မြန်မာအလုပ်သမား ၇၀ ခန့် အလုပ်လုပ်နေခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်