ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကြီး မစ္စတာ ဒေါက်ဂလပ်စ် ဂစ်ဘ်ဆင် ယမန်နေ့က ရန်ကုန်မြို့တွင် လာရောက်တွေ့ဆုံကြောင်း NLD မှ ပြောသည်။ “တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုသည် အားတက်စရာဖြစ်ကြောင်း၊ တောင်အာဖရိကမှ နည်းယူစရာများ ရရှိမည်ဟု မျှော်လင့်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။ ထို့အတူ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးလည်း လာရောက်တွေ့ဆုံကြောင်း သိရသည်။