သရက်ထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မနီလာသိန်းသည် အစာငတ်ခံ ဆန္ဒပြနေကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၆ ရက်နေ့က မနီလာသိန်း၏ ယောက်မဖြစ်သူ မသန္တာယု ထောင်ဝင်စာ သွားတွေ့စဉ် ထောင်မှူးက မနီလာသိန်း အစာငတ်ခံ ဆန္ဒပြနေကြောင်း အသိပေးလိုက်ခြင်းဖြစ်ပြီး ထောင်ဝင်စာ တွေ့ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။